မူစယ္က မူးယစ္ေဆးတိုက္ဖ်က္ေရးေဂဟာတခုအား တပ္မ ၈၈ ဝင္ေရာက္ စီးနင္းဖမ္းဆီး



မတ္လ ၂၂ ရက္ ၂၀၁၆

သၽွမ္းျပည္ေျမာက္ပိုင္း မူစယ္ၿမိဳ႕နယ္ ေရႊလီျမစ္တဖက္ကမ္းရွိ ကိုယ္ထူကိုယ္ ထ လူငယ့္ အက်င့္စာရိတၱ ျပဳျပင္ေရး မူယစ္ေဆးဝါးတိုက္ဖ်က္ေရးေဂဟာ တခုအား တပ္မ ၈၈ ္မွ အင္အားကာ တာဝန္ရွိသူမ်ားအျပင္ စာရိတၱျပဳျပင္သူ လူ ၆၅ ဦးအားဖမ္းဆီးကာ မူစယ္ၿမိဳ႕ သို႔ ပို႔ေဆာင္ လိုက္ၿပီျဖစ္ ေၾကာင္းသိရ သည္။

မတ္လ ၂၀ ရက္နံနက္ ၅ နာရီက အစိုးရတပ္မ ၈၈ အင္အား ၆၀ ခန႔္သည္ မူးယစ္ ေဆးျဖတ္ ေပးသည့္ အက်င့္စာရိတၱျပဳျပင္ေရးေဂဟာမွ အုပ္ခ်ဳပ္ေရး မွူး စိုင္းခ်စ္ေငြႏွင့္ အတူ ေဆးျဖတ္လူငယ္ ၆၅ ဦး၊ ေဂဟာရွိ တာဝန္ရွိပုဂၢိဳလ္ ၇ ဦး စုစုေပါင္း ၇၂ ဦးကို ဖမ္းဆီးသြားခဲ့ျခင္းျဖစ္သည္။


ေဂဟာတည္ရွိရာ ဆင္တိုက္ရပ္ကြက္သား စိုင္းေကာန္က “ တပ္မေတာ္က ရြာသားေတြကို မူးယစ္ေဆးဝါးထုတ္လုပ္ေရာင္းဝယ္တယ္ ဆိုၿပီး အင္အား သုံးၿပီးေတာ့ဝင္စီးတယ္။ က်ေနာ္တို႔ ဒီေနရာ ဘိန္းမခ်က္ပါ ဘူး။ ေဆးစြဲလူ ငယ္ေတြကို ေဆးျဖတ္ေပးတာပါ။ လူငယ္ေတြဝင္ေငြရေအာင္လို႔ တ႐ုတ္ရုိးရာ အလွဴေတြ ၊ အသုဘေတြမွာ မီးရွို႔ဖုိ့သုံးတဲ့ ေငြစကၠဴေတြကို လုပ္ေရာင္း ပါတယ္။ ” ဟုေျပာ သည္။

၂၁ ရက္ေန႔တြင္ အဖမ္းခံရသူမ်ားအား မူစယ္အခ်ဳပ္ခန္းတြင္ခ်ဳပ္ေႏွာင္ ထားၿပီး၊ ၂၂ ရက္တြင္ တရား႐ုံးတင္ကာ စစ္ေဆးမွုတခုျပဳလုပ္ခဲ့သည္ဟု ရြာသားမ်ားကေျပာသည္။

ေဂဟာတာဝန္ရွိပုဂၢိဳလ္ ၇ ဦးတြင္ အမွတ္ ၃ အုပ္စုအုပ္ခ်ဳပ္ေရးမွူး စိုင္းဆမ္ပီး၊ ဆင္တိုက္ ေက်းရြာအုပ္ခ်ဳပ္ေရးမွူး စိုင္းအိုက္ေအာင္ႏွင့္ေဂဟာအုပ္ခ်ဳပ္ေရးမွူး စိုင္းခ်စ္ေငြတို႔အျပင္ ၁၉ ရြာအုပ္စုမွ ရပ္မိရပ္ဖမ်ားပါဝင္သည္ဟုသိရသည္။

၁၉ ရြာအုပ္စုသည္ မူစယ္ၿမိဳ႕၏ အေနာက္ေျမာက္အရပ္ ၁၀ မိုင္အကြာတြင္ တည္ ရွိပါသည္။


၎ႏွင့္ပတ္သက္၍ စိုင္းခ်စ္ေငြက “ ေဂဟာကလူေတြကိုအကုန္ လုံးျပန္ လႊတ္ေပး ပါလို႔ ေတာင္းဆိုခ်င္တယ္။ ဒီလူေတြဟာ အက်င့္စာရိတၱေကာင္း မြန္လာေအာင္ ေဂဟာကို ေရာက္လာ တဲ့သူေတြျဖစ္တဲ့အတြက္ အျပစ္မရွိ ဘူး။ က်ေနာ့္ကိုေတာ့ သူတို႔မဖမ္းဘူး။ ဒါေပမယ့္ ေဂဟာက လူေတြကို သူတို႔ ျပန္မလႊတ္ေပးရင္လည္း က်ေနာ္လည္း ျပန္မွာ မဟုတ္ဘူး” ဟုေျပာသည္။


အဆိုပါ လူငယ့္စာရိတၱျပဳျပင္ေရးေဂဟာကို လြန္ခဲ့သည့္ ၂၀၀၀ ျပည့္ႏွစ္ ကတည္းက စိုင္းခ်စ္ေငြ၊ စိုင္းဆန္ေငါ့၊ စိုင္းဆြယ့္ခမ္းဆမ္ေက်ာ္ ႏွင့္ စိုင္းဆန္ဆမ္တို႔က ၎ပိုင္ဆိုင္သည့္ေငြေၾကးျဖင့္ တည္ေထာင္လာခဲ့သည္။

ယခုကဲ့သို႔ ၁၆ ႏွစ္ၾကာ လူငယ္မ်ားအား စာရိတၱျပဳျပင္ေရးလုပ္ေဆာင္ လာနိုင္ ခဲ့သည္မွာ ရပ္မိရပ္ဖမ်ား ေဒသခံမ်ား၏ ကူညီေထာက္ပံ့မွု သက္သက္ သာျဖစ္ၿပီး အစိုးရအာဏာပိုင္ မ်ားဘက္မွ ကူညီေထာက္ပံ့မွုတစုံတရာမရရွိ သည့္အျပင္ ယခုကဲ့သို႔ လုပ္ေဆာင္မွုမွာ မသင့္ေလ်ာ္ေၾကာင္း ေဒသတြင္း အႀကီးအကဲမ်ား ေျပာဆိုေဝဖန္ခ်က္ျပဳၾကသည္။

သၽွမ္းသံေတာ္ဆင့္ /ဟြမ္ဟိန္း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
..........


မတ်လ ၂၂ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ရွှေလီမြစ်တဖက်ကမ်းရှိ ကိုယ်ထူကိုယ် ထ လူငယ့် အကျင့်စာရိတ္တ ပြုပြင်ရေး မူယစ်ဆေးဝါးတိုက်ဖျက်ရေးဂေဟာ တခုအား တပ်မ ၈၈ ်မှ အင်အားကာ တာဝန်ရှိသူများအပြင် စာရိတ္တပြုပြင်သူ လူ ၆၅ ဦးအားဖမ်းဆီးကာ မူစယ်မြို့ သို့ ပို့ဆောင် လိုက်ပြီဖြစ် ကြောင်းသိရ သည်။

မတ်လ ၂၀ ရက်နံနက် ၅ နာရီက အစိုးရတပ်မ ၈၈ အင်အား ၆၀ ခန့်သည် မူးယစ် ဆေးဖြတ် ပေးသည့် အကျင့်စာရိတ္တပြုပြင်ရေးဂေဟာမှ အုပ်ချုပ်ရေး မှူး စိုင်းချစ်ငွေနှင့် အတူ ဆေးဖြတ်လူငယ် ၆၅ ဦး၊ ဂေဟာရှိ တာဝန်ရှိပုဂ္ဂိုလ် ရ ဦး စုစုပေါင်း ရ၂ ဦးကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။


ဂေဟာတည်ရှိရာ ဆင်တိုက်ရပ်ကွက်သား စိုင်းကောန်က “ တပ်မတော်က ရွာသားတွေကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်တယ် ဆိုပြီး အင်အား သုံးပြီးတော့ဝင်စီးတယ်။ ကျနော်တို့ ဒီနေရာ ဘိန်းမချက်ပါ ဘူး။ ဆေးစွဲလူ ငယ်တွေကို ဆေးဖြတ်ပေးတာပါ။ လူငယ်တွေဝင်ငွေရအောင်လို့ တရုတ်ရိုးရာ အလှူတွေ ၊ အသုဘတွေမှာ မီးရှို့ဖို့သုံးတဲ့ ငွေစက္ကူတွေကို လုပ်ရောင်း ပါတယ်။ ” ဟုပြော သည်။

၂၁ ရက်နေ့တွင် အဖမ်းခံရသူများအား မူစယ်အချုပ်ခန်းတွင်ချုပ်နှောင် ထားပြီး၊ ၂၂ ရက်တွင် တရားရုံးတင်ကာ စစ်ဆေးမှုတခုပြုလုပ်ခဲ့သည်ဟု ရွာသားများကပြောသည်။

ဂေဟာတာဝန်ရှိပုဂ္ဂိုလ် ရ ဦးတွင် အမှတ် ၃ အုပ်စုအုပ်ချုပ်ရေးမှူး စိုင်းဆမ်ပီး၊ ဆင်တိုက် ကျေးရွာအုပ်ချုပ်ရေးမှူး စိုင်းအိုက်အောင်နှင့်ဂေဟာအုပ်ချုပ်ရေးမှူး စိုင်းချစ်ငွေတို့အပြင် ၁၉ ရွာအုပ်စုမှ ရပ်မိရပ်ဖများပါဝင်သည်ဟုသိရသည်။

၁၉ ရွာအုပ်စုသည် မူစယ်မြို့၏ အနောက်မြောက်အရပ် ၁၀ မိုင်အကွာတွင် တည် ရှိပါသည်။


၎င်းနှင့်ပတ်သက်၍ စိုင်းချစ်ငွေက “ ဂေဟာကလူတွေကိုအကုန် လုံးပြန် လွှတ်ပေး ပါလို့ တောင်းဆိုချင်တယ်။ ဒီလူတွေဟာ အကျင့်စာရိတ္တကောင်း မွန်လာအောင် ဂေဟာကို ရောက်လာ တဲ့သူတွေဖြစ်တဲ့အတွက် အပြစ်မရှိ ဘူး။ ကျနော့်ကိုတော့ သူတို့မဖမ်းဘူး။ ဒါပေမယ့် ဂေဟာက လူတွေကို သူတို့ ပြန်မလွှတ်ပေးရင်လည်း ကျနော်လည်း ပြန်မှာ မဟုတ်ဘူး” ဟုပြောသည်။


အဆိုပါ လူငယ့်စာရိတ္တပြုပြင်ရေးဂေဟာကို လွန်ခဲ့သည့် ၂၀၀၀ ပြည့်နှစ် ကတည်းက စိုင်းချစ်ငွေ၊ စိုင်းဆန်ငေါ့၊ စိုင်းဆွယ့်ခမ်းဆမ်ကျော် နှင့် စိုင်းဆန်ဆမ်တို့က ၎င်းပိုင်ဆိုင်သည့်ငွေကြေးဖြင့် တည်ထောင်လာခဲ့သည်။

ယခုကဲ့သို့ ၁၆ နှစ်ကြာ လူငယ်များအား စာရိတ္တပြုပြင်ရေးလုပ်ဆောင် လာနိုင် ခဲ့သည်မှာ ရပ်မိရပ်ဖများ ဒေသခံများ၏ ကူညီထောက်ပံ့မှု သက်သက် သာဖြစ်ပြီး အစိုးရအာဏာပိုင် များဘက်မှ ကူညီထောက်ပံ့မှုတစုံတရာမရရှိ သည့်အပြင် ယခုကဲ့သို့ လုပ်ဆောင်မှုမှာ မသင့်လျော်ကြောင်း ဒေသတွင်း အကြီးအကဲများ ပြောဆိုဝေဖန်ချက်ပြုကြသည်။

သျှမ်းသံတော်ဆင့် /ဟွမ်ဟိန်း
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)