သမုိင္းဝင္ ရခိုင္ပါတီႀကီးတစ္ခုကို ကန္ထုတ္ျခင္း

အေတြးအျမင္  ေဆာင္းပါး
စည္သူေအာင္ျမင့္

အခုဆိုရင္ ရခုိင္အမ်ိဳးသားပါတီ ANP ေခါင္းေဆာင္ေတြဟာ ပါတီရဲ႕ အဆင့္အျမင့္ဆံုး ဗဟိုအလုပ္အမွဳေဆာင္ အဖြဲ႔ထဲမွာ ပါဝင္ေနတဲ့ ALD ရခုိင္အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ေခါင္းေဆာင္ ၇ ေယာက္ထဲက ၆ ေယာက္ကို ထုတ္ပယ္လိုက္ပါၿပီ။ အဓိပၸါယ္ကေတာ့ ANP ဗဟိုအလုပ္အမွဳေဆာင္ လက္က်န္ ၃၃ ေယာက္ထဲမွာ ALD ေခါင္းေဆာင္ ဦးေအးသာေအာင္ တစ္ေယာက္ပဲ က်န္ေတာ့တယ္ ဆိုတဲ့ သေဘာပါ။ ဒါကလည္း သတင္းစာရွင္းလင္းပြဲမွာ ပါခဲ့တယ္ဆိုရင္ သူေတာင္ အထုတ္ခံရႏုိင္ပါ တယ္။ ေျပာရရင္ ႏွစ္ပါတီ ေပါင္းစည္းထားတယ္ဆိုတဲ့ ANP ဗဟိုအလုပ္အမွဳေဆာင္ အဖြဲ႔မွာ အားလံုး လိုလိုဟာ ေဒါက္တာေအးေမာင္ ေခါင္းေဆာင္တဲ့ RNDP အဖြဲ႔က လူေတြခ်ည္းပါပဲ။ ဒါကို ေပါင္းစည္း ထားတဲ့ ပါတီ၊ မကြဲပါဘူးလို႔ နာမည္မတတ္ရင္ေတာင္ ပါတီေခါင္းေဆာင္မွဳ အားလံုးကို RNDP က သိမ္းပိုက္လိုက္တယ္ဆိုၿပီး နာမည္တပ္လို႔ေတာ့ ရပါတယ္။ ဘာေၾကာင့္ ခုလို ျမန္ျမန္ဆန္ဆန္ ကြဲျပား ရတာပါလဲ။ ဘာေတြ ဆက္ျဖစ္လာႏုိင္မလဲဆိုတာ ဒီကေန႔ ေဆြးေႏြး တင္ျပသြားပါ့မယ္။

တကယ္ေတာ့ ပါတီႏွစ္ခု ေပါင္းစည္းစဥ္တုန္းကေတာ့ ႏွစ္ဖက္ အရည္အတြက္တူ ေပါင္းစည္းခဲ့ တာကေန အစျပဳပါတယ္။ ဒါေပမယ့္ ႏွစ္ဖက္ အရည္အတြက္တူ ေခါင္းေဆာင္ေတြ ဦးေဆာင္တဲ့ ကာလကို ကာလတစ္ခုအထိ အခ်ိန္မယူပဲ ေပါင္းစည္းလိုက္တာေၾကာင့္ အသစ္ ဖြဲ႔စည္းလိုက္တဲ့ ANP ပါတီထဲမွာ ေဒါက္တာေအးေမာင္ ဦးေဆာင္တဲ့ RNDP အဖြဲ႔က လူေတြက အမ်ားစု ျဖစ္လာပါတယ္။ ဒါကလည္း သဘာဝ က်ပါတယ္။

ပါတီႏွစ္ခု သမုိင္းေၾကာင္းကို ျပန္ၾကည့္လိုက္တဲ့အခါ ဦးေအးသာေအာင္ ဦးေဆာင္တဲ့ ALD ပါတီဟာ ၁၉၉၀ ေရြးေကာက္ပြဲ ဝင္ခဲ့တဲ့ ပါတီျဖစ္ပါတယ္။ အဲဒီအခ်ိန္ကစ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႔ခ်ဳပ္နဲ႔ ခုိင္ၿမဲတဲ့ မဟာမိတ္ျဖစ္ခဲ့ၿပီး အင္န္အယ္လ္ဒီနဲ႔ ၉၀ ေရြးေကာက္ပြဲဝင္ တုိင္းရင္းသားပါတီေတြ ေပါင္းထားတဲ့ UNA ညီညြတ္ေသာ တုိင္းရင္းသားမ်ား မဟာမိတ္ တပ္ေပါင္းစု မွာလည္း ဦးေအးသာေအာင္ဟာ ေခါင္းေဆာင္တစ္ေယာက္ ျဖစ္ခဲ့ပါတယ္။ အားလံုးသိၾကျပီျဖစ္တဲ့အတုိင္း ၁၉၉၀ ကေန ၂၀၁၀ ခုႏွစ္အထိ ႏွစ္ေပါင္း ၂၀ ကာလဟာ ေဒၚေအာင္ ဆန္းစုၾကည္နဲ႔ အင္န္အယ္လ္ဒီကို စစ္အစိုးရက ရက္ရက္စက္စက္ ဖိႏွိပ္တဲ့ကာလ ျဖစ္ခဲ့ပါတယ္။ အလားတူ အင္န္အယ္လ္ဒီ နဲ႔ မဟာမိတ္ဖြဲ႕ထားတဲ့ အျခားတုိင္းရင္းသားေတြလည္း ရက္ရက္စက္စက္ ဖိႏွိပ္ခံခဲ့ရပါတယ္။ ရွမ္းတုိင္းရင္းသားမ်ား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ ဦးခြန္ထြန္းဦးဆုိရင္ ေထာင္ဒါဏ္ ႏွစ္ရာနဲ႔ခ်ီ ခ်မွတ္တာ ခံရပါတယ္။ အလားတူ ဦးေအးသာေအာင္နဲ႔ ရခုိင္အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္လည္း အႀကီးအက်ယ္ ဖိႏွိပ္တာ ခံၾကရတာပါပဲ။

၂၀၁၀ ေရာက္တဲ့အခါ ဖြဲ႕စည္းပံု အေျခခံဥပေဒ ၂၀၀၈ အရ စစ္အာဏာရွင္ေတြက ေရြးေကာက္ပြဲ လုပ္ေပးပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အင္န္အယ္္လ္ဒီ ေရြးေကာက္ပြဲ မဝင္ပါဘူး။ အလားတူ အျခားမဟာမိတ္ တုိင္းရင္းသားပါတီေတြကလည္း ေရြးေကာက္ပြဲ မဝင္ပါဘူး။ အဲဒီအထဲမွာ အင္န္အယ္လ္ဒီနဲ႔ လက္တြဲ ခုိင္ျမဲခဲ့တဲ့ ရခုိင္ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ကလည္း ေရြးေကာက္ပြဲ မဝင္ပဲ သပိတ္ ေမွာက္ခဲ့ပါတယ္။ ဒီလို အေျခအေနေအာက္မွာ ေဒါက္တာေအးေမာင္ ေခါင္းေဆာင္တဲ့ ရခုိင္တုိင္းရင္း သားမ်ား တုိးတက္ေရးပါတီ RNDP ဆိုတာ ေပၚေပါက္လာရတာပါ။ တရားဝင္ လွဳပ္ရွားခြင့္ရွိတဲ့ ပါတီ ျဖစ္တဲ့အတြက္ ႏုိင္ငံေရးလုပ္လိုတဲ့ ရခုိင္တုိင္းရင္းသားေတြ RNDP ထဲ ပူးေပါင္း ပါဝင္လာၾကပါတယ္။ ၂၀၁၀ ေရြးေကာက္ပြဲမွာ စစ္အာဏာရွင္စနစ္ကို မႀကိဳက္တဲ့ ရခုိင္တုိင္းရင္းသားေတြဟာ RNDP ကို မဲအမ်ားအျပား ေပးခဲ့ၾကပါတယ္။ ဒီလုိနဲ႔ RNDP ေတြ အမတ္ျဖစ္၊ တစ္ခ်ိဳ႕ ျပည္နယ္ အစိုးရ အဖြဲ႔ဝင္ျဖစ္ ေဒါက္တာ ေအးေမာင္ဆုိရင္ ဒုသမၼတအေလာင္း အလ်ာေတာင္ ျဖစ္လိုက္ပါေသးတယ္။

၂၀၁၀ ကေန ၂၀၁၅ ငါးႏွစ္တာကာလ ကိုၾကည့္ရင္ RNDP ဟာ တရား၀င္ ပါတီျဖစ္တာ ေၾကာင့္ ပါတီစည္း႐ံုးေရး လုပ္ငန္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ႏုိင္ခဲ့ပါတယ္။ ပါတီ၀င္သစ္ အမ်ား အျပား သိမ္းသြင္းႏုိင္ခဲ့ပါတယ္။ ဒါေပမယ့္ ဦးေအးသာေအာင္ ဦးေဆာင္တဲ့ ALD ပါတီကေတာ့ ေျမေအာက္ပါတီပဲ ဆက္ျဖစ္ေနေသးျပီး ပါတီစည္းရံုးေရး လုပ္ငန္းေတြလည္း ေကာင္းေကာင္းလုပ္လို႔ ရခဲ့တာ မဟုတ္ပါဘူး။ ဖိႏွိပ္မွဳေတြကို ဆက္တုိက္ ခံေနရဆဲ ျဖစ္ပါတယ္။ ဒီလိုနဲ႔ ၂၀၁၅ ေရြးေကာက္ပြဲ က်င္းပဖို႔ ျဖစ္လာတဲ့အခါ ရခုိင္တုိင္းရင္းသားထု တစ္ရပ္လံုးက ရခုိင္ႏွစ္ပါတီ ေပါင္းစည္းဖို႔ လိုလား တာေၾကာင့္၊ ေပါင္းစည္းဖို႔ ေတာင္းဆုိတာေၾကာင့္ ပါတီခ်င္း ေပါင္းစည္းဖို႔ဆုိတာ ျဖစ္လာရတာပါ။

တကယ္ေတာ့ ေျမေအာက္မွာ လွဳပ္ရွားခဲ့ရတဲ့ ပါတီနဲ႔ ေပၚေပၚတင္တင္ လွဳပ္ရွားစည္း႐ံုးႏုိင္တဲ့ ပါတီ၊ ပါတီႏွစ္ခု ေပါင္းစည္းရာမွာ ေခါင္းေဆာင္မွဳအသစ္ ျမန္ျမန္ဆန္ဆန္ ေရြးခ်ယ္တင္ေျမႇာက္တဲ့ စနစ္ လုပ္ခဲ့တာက ေပါင္းစည္းမွဳ အမွားႀကီးပါ။ ဗဟိုအလုပ္အမွဳေဆာင္ေတြ၊ ဗဟိုေကာ္မတီေတြ ျပန္လည္ ေရြးေကာက္တင္ေျမႇာက္ပြဲ လုပ္ၿပီဆိုတာနဲ႔ စည္းရံုးေရးရွိျပီးသား ပါတီကလူေတြ အမ်ားစု ေနရာရမယ္ ဆိုတာ ရိုးရွင္းပါတယ္။ အဲလို အေျခအေနကေန ခုလို မ်ားရာအင္အားနဲ႔ ပါတီေဟာင္း၊ သမုိင္း၀င္ ပါတီက လူေတြ၊ စြန္႔လႊတ္ အနစ္နာခံခဲ့တဲ့ လူေတြကို ပါတီ စည္းကမ္းခ်ိဳးေဖါက္တယ္ဆိုၿပီး လြယ္လြယ္ကူကူ ထုတ္ပယ္ပစ္လိုက္တဲ့ အဆင့္ထိ ျဖစ္ခဲ့တာပါ။ အုပ္စု ႏွစ္ခု ေပါင္းထားတဲ့ ပါတီၾကီး တစ္ခုကို အုပ္စုတစ္ခုက အပိုင္စီး သိမ္းပိုက္လိုက္တဲ့ လုပ္ရပ္လို႔ ဆိုရင္လည္း မမွားပါဘူး။

တကယ္ေတာ့ ပါတီႏွစ္ခု ေပါင္းစည္းစဥ္ ကတည္းက ႏွစ္ဖက္ပါတီ အရည္အတြက္တူ ေခါင္းေဆာင္ေတြနဲ႔ ဦးေဆာင္အဖြဲ႔တစ္ခု ဖြဲ႔ၿပီး သံုးေလးႏွစ္တန္သည္ ကာလတစ္ခု သြားႏုိင္ခဲ့ရင္ အခုလို ျပႆနာမ်ိဳး ျဖစ္ခ်င္မွ ျဖစ္မွာပါ။ ဘယ္လိုပဲျဖစ္ျဖစ္ ရခုိင္တုိင္းရင္းသားေတြ ေမွ်ာ္လင့္ထားခဲ့တဲ့ ႏွစ္ပါတီေပါင္းထားတဲ့ စည္းလံုးညီညြတ္တဲ့ ပါတီဟာ အုပ္စုတစ္ခုရဲ႕ လက္ထဲ ေရာက္သြားပါျပီ။ သမုိင္း ဝင္ ပါတီႀကီးတစ္ခုကို ပါတီႀကီးထဲကေန ကန္ထုတ္လုိက္ပါၿပီ။ ဒီလုပ္ရပ္ဟာ ရခုိင္တုိင္းရင္းသားေတြကို အက်ိဳးျဖစ္ထြန္းေစမွာ မဟုတ္သလို၊ ရခုိင္ျပည္နယ္ကိုလည္း ေကာင္းက်ိဳးျဖစ္ေစမွာ မဟုတ္ပါဘူး။ အလားတူ ျမန္မာ့ႏုိင္ငံေရး ေရွ႕ကိုသြားရာ လမ္းခရီးမွာလည္း ေကာင္းတဲ့ ဂယက္႐ိုက္ခတ္မွဳေတြ ျဖစ္ေပၚလာေစမွာ မဟုတ္ပါေၾကာင္း သံုးသပ္ တင္ျပလိုက္ရပါတယ္။

- See more at: http://mizzimaburmese.com/article/12403#sthash.uoZPkDRH.SWxHQFDg.dpuf
...................
သမိုင်းဝင် ရခိုင်ပါတီကြီးတစ်ခုကို ကန်ထုတ်ခြင်း ”
အတွေးအမြင်  ဆောင်းပါး
စည်သူအောင်မြင့်

အခုဆိုရင် ရခိုင်အမျိုးသားပါတီ ANP ခေါင်းဆောင်တွေဟာ ပါတီရဲ့ အဆင့်အမြင့်ဆုံး ဗဟိုအလုပ်အမှုဆောင် အဖွဲ့ထဲမှာ ပါဝင်နေတဲ့ ALD ရခိုင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ရ ယောက်ထဲက ၆ ယောက်ကို ထုတ်ပယ်လိုက်ပါပြီ။ အဓိပ္ပါယ်ကတော့ ANP ဗဟိုအလုပ်အမှုဆောင် လက်ကျန် ၃၃ ယောက်ထဲမှာ ALD ခေါင်းဆောင် ဦးအေးသာအောင် တစ်ယောက်ပဲ ကျန်တော့တယ် ဆိုတဲ့ သဘောပါ။ ဒါကလည်း သတင်းစာရှင်းလင်းပွဲမှာ ပါခဲ့တယ်ဆိုရင် သူတောင် အထုတ်ခံရနိုင်ပါ တယ်။ ပြောရရင် နှစ်ပါတီ ပေါင်းစည်းထားတယ်ဆိုတဲ့ ANP ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ အားလုံး လိုလိုဟာ ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ RNDP အဖွဲ့က လူတွေချည်းပါပဲ။ ဒါကို ပေါင်းစည်း ထားတဲ့ ပါတီ၊ မကွဲပါဘူးလို့ နာမည်မတတ်ရင်တောင် ပါတီခေါင်းဆောင်မှု အားလုံးကို RNDP က သိမ်းပိုက်လိုက်တယ်ဆိုပြီး နာမည်တပ်လို့တော့ ရပါတယ်။ ဘာကြောင့် ခုလို မြန်မြန်ဆန်ဆန် ကွဲပြား ရတာပါလဲ။ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

တကယ်တော့ ပါတီနှစ်ခု ပေါင်းစည်းစဉ်တုန်းကတော့ နှစ်ဖက် အရည်အတွက်တူ ပေါင်းစည်းခဲ့ တာကနေ အစပြုပါတယ်။ ဒါပေမယ့် နှစ်ဖက် အရည်အတွက်တူ ခေါင်းဆောင်တွေ ဦးဆောင်တဲ့ ကာလကို ကာလတစ်ခုအထိ အချိန်မယူပဲ ပေါင်းစည်းလိုက်တာကြောင့် အသစ် ဖွဲ့စည်းလိုက်တဲ့ ANP ပါတီထဲမှာ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ RNDP အဖွဲ့က လူတွေက အများစု ဖြစ်လာပါတယ်။ ဒါကလည်း သဘာဝ ကျပါတယ်။

ပါတီနှစ်ခု သမိုင်းကြောင်းကို ပြန်ကြည့်လိုက်တဲ့အခါ ဦးအေးသာအောင် ဦးဆောင်တဲ့ ALD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲ ဝင်ခဲ့တဲ့ ပါတီဖြစ်ပါတယ်။ အဲဒီအချိန်ကစ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ခိုင်မြဲတဲ့ မဟာမိတ်ဖြစ်ခဲ့ပြီး အင်န်အယ်လ်ဒီနဲ့ ၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီတွေ ပေါင်းထားတဲ့ UNA ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ် တပ်ပေါင်းစု မှာလည်း ဦးအေးသာအောင်ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ၁၉၉၀ ကနေ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၂၀ ကာလဟာ ဒေါ်အောင် ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို စစ်အစိုးရက ရက်ရက်စက်စက် ဖိနှိပ်တဲ့ကာလ ဖြစ်ခဲ့ပါတယ်။ အလားတူ အင်န်အယ်လ်ဒီ နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အခြားတိုင်းရင်းသားတွေလည်း ရက်ရက်စက်စက် ဖိနှိပ်ခံခဲ့ရပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးခွန်ထွန်းဦးဆိုရင် ထောင်ဒါဏ် နှစ်ရာနဲ့ချီ ချမှတ်တာ ခံရပါတယ်။ အလားတူ ဦးအေးသာအောင်နဲ့ ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လည်း အကြီးအကျယ် ဖိနှိပ်တာ ခံကြရတာပါပဲ။

၂၀၁၀ ရောက်တဲ့အခါ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ အရ စစ်အာဏာရှင်တွေက ရွေးကောက်ပွဲ လုပ်ပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ််လ်ဒီ ရွေးကောက်ပွဲ မဝင်ပါဘူး။ အလားတူ အခြားမဟာမိတ် တိုင်းရင်းသားပါတီတွေကလည်း ရွေးကောက်ပွဲ မဝင်ပါဘူး။ အဲဒီအထဲမှာ အင်န်အယ်လ်ဒီနဲ့ လက်တွဲ ခိုင်မြဲခဲ့တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ရွေးကောက်ပွဲ မဝင်ပဲ သပိတ် မှောက်ခဲ့ပါတယ်။ ဒီလို အခြေအနေအောက်မှာ ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ ရခိုင်တိုင်းရင်း သားများ တိုးတက်ရေးပါတီ RNDP ဆိုတာ ပေါ်ပေါက်လာရတာပါ။ တရားဝင် လှုပ်ရှားခွင့်ရှိတဲ့ ပါတီ ဖြစ်တဲ့အတွက် နိုင်ငံရေးလုပ်လိုတဲ့ ရခိုင်တိုင်းရင်းသားတွေ RNDP ထဲ ပူးပေါင်း ပါဝင်လာကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်စနစ်ကို မကြိုက်တဲ့ ရခိုင်တိုင်းရင်းသားတွေဟာ RNDP ကို မဲအများအပြား ပေးခဲ့ကြပါတယ်။ ဒီလိုနဲ့ RNDP တွေ အမတ်ဖြစ်၊ တစ်ချို့ ပြည်နယ် အစိုးရ အဖွဲ့ဝင်ဖြစ် ဒေါက်တာ အေးမောင်ဆိုရင် ဒုသမ္မတအလောင်း အလျာတောင် ဖြစ်လိုက်ပါသေးတယ်။

၂၀၁၀ ကနေ ၂၀၁၅ ငါးနှစ်တာကာလ ကိုကြည့်ရင် RNDP ဟာ တရားဝင် ပါတီဖြစ်တာ ကြောင့် ပါတီစည်းရုံးရေး လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်ခဲ့ပါတယ်။ ပါတီဝင်သစ် အများ အပြား သိမ်းသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးအေးသာအောင် ဦးဆောင်တဲ့ ALD ပါတီကတော့ မြေအောက်ပါတီပဲ ဆက်ဖြစ်နေသေးပြီး ပါတီစည်းရုံးရေး လုပ်ငန်းတွေလည်း ကောင်းကောင်းလုပ်လို့ ရခဲ့တာ မဟုတ်ပါဘူး။ ဖိနှိပ်မှုတွေကို ဆက်တိုက် ခံနေရဆဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပဖို့ ဖြစ်လာတဲ့အခါ ရခိုင်တိုင်းရင်းသားထု တစ်ရပ်လုံးက ရခိုင်နှစ်ပါတီ ပေါင်းစည်းဖို့ လိုလား တာကြောင့်၊ ပေါင်းစည်းဖို့ တောင်းဆိုတာကြောင့် ပါတီချင်း ပေါင်းစည်းဖို့ဆိုတာ ဖြစ်လာရတာပါ။

တကယ်တော့ မြေအောက်မှာ လှုပ်ရှားခဲ့ရတဲ့ ပါတီနဲ့ ပေါ်ပေါ်တင်တင် လှုပ်ရှားစည်းရုံးနိုင်တဲ့ ပါတီ၊ ပါတီနှစ်ခု ပေါင်းစည်းရာမှာ ခေါင်းဆောင်မှုအသစ် မြန်မြန်ဆန်ဆန် ရွေးချယ်တင်မြှောက်တဲ့ စနစ် လုပ်ခဲ့တာက ပေါင်းစည်းမှု အမှားကြီးပါ။ ဗဟိုအလုပ်အမှုဆောင်တွေ၊ ဗဟိုကော်မတီတွေ ပြန်လည် ရွေးကောက်တင်မြှောက်ပွဲ လုပ်ပြီဆိုတာနဲ့ စည်းရုံးရေးရှိပြီးသား ပါတီကလူတွေ အများစု နေရာရမယ် ဆိုတာ ရိုးရှင်းပါတယ်။ အဲလို အခြေအနေကနေ ခုလို များရာအင်အားနဲ့ ပါတီဟောင်း၊ သမိုင်းဝင် ပါတီက လူတွေ၊ စွန့်လွှတ် အနစ်နာခံခဲ့တဲ့ လူတွေကို ပါတီ စည်းကမ်းချိုးဖေါက်တယ်ဆိုပြီး လွယ်လွယ်ကူကူ ထုတ်ပယ်ပစ်လိုက်တဲ့ အဆင့်ထိ ဖြစ်ခဲ့တာပါ။ အုပ်စု နှစ်ခု ပေါင်းထားတဲ့ ပါတီကြီး တစ်ခုကို အုပ်စုတစ်ခုက အပိုင်စီး သိမ်းပိုက်လိုက်တဲ့ လုပ်ရပ်လို့ ဆိုရင်လည်း မမှားပါဘူး။

တကယ်တော့ ပါတီနှစ်ခု ပေါင်းစည်းစဉ် ကတည်းက နှစ်ဖက်ပါတီ အရည်အတွက်တူ ခေါင်းဆောင်တွေနဲ့ ဦးဆောင်အဖွဲ့တစ်ခု ဖွဲ့ပြီး သုံးလေးနှစ်တန်သည် ကာလတစ်ခု သွားနိုင်ခဲ့ရင် အခုလို ပြဿနာမျိုး ဖြစ်ချင်မှ ဖြစ်မှာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ရခိုင်တိုင်းရင်းသားတွေ မျှော်လင့်ထားခဲ့တဲ့ နှစ်ပါတီပေါင်းထားတဲ့ စည်းလုံးညီညွတ်တဲ့ ပါတီဟာ အုပ်စုတစ်ခုရဲ့ လက်ထဲ ရောက်သွားပါပြီ။ သမိုင်း ဝင် ပါတီကြီးတစ်ခုကို ပါတီကြီးထဲကနေ ကန်ထုတ်လိုက်ပါပြီ။ ဒီလုပ်ရပ်ဟာ ရခိုင်တိုင်းရင်းသားတွေကို အကျိုးဖြစ်ထွန်းစေမှာ မဟုတ်သလို၊ ရခိုင်ပြည်နယ်ကိုလည်း ကောင်းကျိုးဖြစ်စေမှာ မဟုတ်ပါဘူး။ အလားတူ မြန်မာ့နိုင်ငံရေး ရှေ့ကိုသွားရာ လမ်းခရီးမှာလည်း ကောင်းတဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်ပေါ်လာစေမှာ မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

- See more at: http://mizzimaburmese.com/article/12403#sthash.uoZPkDRH.SWxHQFDg.dpuf
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)