ေနအိမ္တြင္ မူးယစ္ရမ္းကားေနသူကို ရဲတပ္ဖြဲ႕ဝင္မ်ားက ထိန္းသိမ္းစဥ္ ဓားျဖင့္ ျပန္လည္ခုခံ၍ ေသနတ္ျဖင့္ ပစ္ခတ္ဖမ္းဆီး



ရန္ကုန္ မတ္ ၁၃

တာေမြၿမိဳ႕နယ္ မလႊကုန္းေဌးၾကြယ္(က)ရပ္ကြက္ သမိန္ဗရမ္း လမ္းေန ဦး-----သည္ ၄င္း၏သား ျဖစ္သူ ဇင္ကိုကိုလြင္မွာ ေနအိမ္ေပၚတြင္ မူးယစ္ရမ္းကားဆူပူေသာင္းက်န္းေနေၾကာင္း တာေမြၿမိဳ႕မရဲစခန္းသို႔ ထိန္းသိမ္းေပးရန္ မတ္ ၁၂ ရက္ ည ၉ နာရီ ၁ဝ မိနစ္က အေၾကာင္းၾကား ခ်က္အရ တာေမြၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္မ်ားက သြားေရာက္ ထိန္းသိမ္းေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

တပ္ဖြဲ႕ဝင္မ်ားက ေနအိမ္တံခါး ဖြင့္စဥ္ ဇင္ကိုကိုလြင္က ဓားကိုင္ရန္ျပဳ သျဖင့္ လွည့္ကင္းမီးတန္းယာဥ္သို႔ တပ္ဖြဲ႕ဝင္မ်ားက ထပ္မံဆက္သြယ္ အေၾကာင္းၾကားခဲ့ရာ ည ၉ နာရီ မိနစ္ ၂ဝ တြင္ လွည့္ကင္းမီးတန္းယာဥ္ တာဝန္က် ရဲအုပ္ေဇာ္ေဇာ္ထြန္းႏွင့္ အဖြဲ႕ ထပ္မံေရာက္ရွိလာၿပီး သက္ေသ မ်ားႏွင့္အတူ ေနအိမ္တံခါးအားဖြင့္၍ အခန္းအတြင္းသို႔ ဝင္ေရာက္စဥ္ ဇင္ကိုကိုလြင္မွာ ရဲတပ္ဖြဲ႕ဝင္မ်ားအား သနပ္ခါးတုံး၊ ေက်ာက္ပ်ဥ္မ်ားျဖင့္ ပစ္ေပါက္ခဲ့ၿပီး အ႐ိုးအသြား ၁၁ လက္မခန္႔ရွိ ဓားဦးခြၽန္ျဖင့္ထိုးသျဖင့္ ရဲအုပ္ေဇာ္ေဇာ္ထြန္းက ေျခာက္လုံးျပဴး ေသနတ္ျဖင့္ ေျခာက္လွန္႔ပစ္ခတ္ခဲ့ေၾကာင္း၊ ထိုသို႔ပစ္ခတ္ခဲ့ေသာ္လည္း ဓားျဖင့္ထပ္မံထိုးသျဖင့္ ေသနတ္ျဖင့္ ထပ္မံပစ္ခတ္ခဲ့ရာ ဇင္ကိုကိုလြင္၏ ယာဘက္လက္ေမာင္းမွ က်ည္ေဖာက္ ဝင္ၿပီး ယာဘက္ ညႇပ္႐ိုးထိမွန္ခဲ့သျဖင့္ ဇင္ကိုကိုလြင္အား ရန္ကုန္ျပည္သူ႔ ေဆး႐ုံႀကီးတြင္ အတြင္းလူနာ (မစိုးရိမ္ရ)အျဖစ္ တင္ပို႔ကုသလ်က္ ရွိေၾကာင္းႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားကို အသက္အႏၲရာယ္ျဖစ္ေစေလာက္ေအာင္ ဓားျဖင့္ထိုးသူ ဇင္ကိုကိုလြင္အား တာေမြၿမိဳ႕မရဲစခန္းက အမႈဖြင့္ အေရးယူေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

The Mirror Daily
https://www.facebook.com/TheMirrorDaily

............................................




ရန်ကုန် မတ် ၁၃

တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် သမိန်ဗရမ်း လမ်းနေ ဦး-----သည် ၄င်း၏သား ဖြစ်သူ ဇင်ကိုကိုလွင်မှာ နေအိမ်ပေါ်တွင် မူးယစ်ရမ်းကားဆူပူသောင်းကျန်းနေကြောင်း တာမွေမြို့မရဲစခန်းသို့ ထိန်းသိမ်းပေးရန် မတ် ၁၂ ရက် ည ၉ နာရီ ၁ဝ မိနစ်က အကြောင်းကြား ချက်အရ တာမွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တပ်ဖွဲ့ဝင်များက နေအိမ်တံခါး ဖွင့်စဉ် ဇင်ကိုကိုလွင်က ဓားကိုင်ရန်ပြု သဖြင့် လှည့်ကင်းမီးတန်းယာဉ်သို့ တပ်ဖွဲ့ဝင်များက ထပ်မံဆက်သွယ် အကြောင်းကြားခဲ့ရာ ည ၉ နာရီ မိနစ် ၂ဝ တွင် လှည့်ကင်းမီးတန်းယာဉ် တာဝန်ကျ ရဲအုပ်ဇော်ဇော်ထွန်းနှင့် အဖွဲ့ ထပ်မံရောက်ရှိလာပြီး သက်သေ များနှင့်အတူ နေအိမ်တံခါးအားဖွင့်၍ အခန်းအတွင်းသို့ ဝင်ရောက်စဉ် ဇင်ကိုကိုလွင်မှာ ရဲတပ်ဖွဲ့ဝင်များအား သနပ်ခါးတုံး၊ ကျောက်ပျဉ်များဖြင့် ပစ်ပေါက်ခဲ့ပြီး အရိုးအသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန်ဖြင့်ထိုးသဖြင့် ရဲအုပ်ဇော်ဇော်ထွန်းက ခြောက်လုံးပြူး သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်ခဲ့သော်လည်း ဓားဖြင့်ထပ်မံထိုးသဖြင့် သေနတ်ဖြင့် ထပ်မံပစ်ခတ်ခဲ့ရာ ဇင်ကိုကိုလွင်၏ ယာဘက်လက်မောင်းမှ ကျည်ဖောက် ဝင်ပြီး ယာဘက် ညှပ်ရိုးထိမှန်ခဲ့သဖြင့် ဇင်ကိုကိုလွင်အား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် တင်ပို့ကုသလျက် ရှိကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များကို အသက်အန္တရာယ်ဖြစ်စေလောက်အောင် ဓားဖြင့်ထိုးသူ ဇင်ကိုကိုလွင်အား တာမွေမြို့မရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)