ဘိန္းခင္းဖ်က္ဆီးေရး ပဋိပကၡ ၄၅ ဦး စစ္ေဆးခံရ

Pat Jasan ပတ္ဂ်ာဆန္အဖြဲ႔ တုိက္ခုိက္ခံရတာကို မေက်နပ္တဲ့အတြက္ ျမစ္ႀကီးနားၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၂၆ ရက္ေန႔က ဆႏၵျပၾကစဥ္။ Photo: Kyaw Myo Min/RFA
ကခ်င္ျပည္နယ္ ဝိုင္းေမာ္ၿမိဳ႕နယ္ ဆဒံုးနဲ႔ ကန္ပိုက္တီေဒသဘက္မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔က ဘိန္းခင္းဖ်က္ဆီးဖို႔ သြားေရာက္တဲ့ ပတ္ဂ်ာဆန္ ကခ်င္လူထုဘိန္းဖ်က္ဆီးေရးအဖြဲ႔နဲ႔ ေဒသခံအမည္မသိ လက္နက္ကိုင္အဖြဲ႔ေတြအၾကား တိုက္ခိုက္မႈျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္ၿပီး ပါ၀င္ပတ္သက္သူေတြထဲက ဒီကေန႔အထိ ၄၅ ေယာက္ကို စစ္ေဆးထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

ရဲတပ္ဖဲြ႔၀င္ေတြ၊ ပတ္ဂ်ာဆန္အဖြဲ႔၀င္ေတြ၊ ႒ာနဆိုင္ရာဝန္ထမ္းေတြ၊ ေဒသခံေတြနဲ႔ နယ္ျခားေစာင့္တပ္ဖဲြ႔၀င္ေတြ စုစုေပါင္း ၄၅ ေယာက္ကို စစ္ေဆးထားတာျဖစ္တယ္လို႔ ကခ်င္ျပည္နယ္ရဲတပ္ဖြဲ႔ရံုးက ဒုတိယရဲမွဴးႀကီး ျမင့္ထူး ကေျပာပါတယ္။

"ကခ်င္ျပည္နယ္အစိုးရ ဝန္ႀကီးခ်ဳပ္ရဲ႕ ညႊန္ၾကားခ်က္နဲ႔ ျဖစ္စဥ္အမွန္ေပၚေပါက္ဖို႔အတြက္ စံုစမ္းစစ္ေဆးေရး အဖြဲ႕ကို ကခ်င္ျပည္နယ္ ရဲတပ္ဖြဲ႕ကဦးစီးၿပီး လဝက၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ မီးသတ္အပါအဝင္ အဖြဲ႕အစည္းေတြနဲ႔ မတ္လ ၁ ရက္ေန႔ စၿပီးေတာ့ စစ္ေနပါၿပီ၊ စုစုေပါင္း ၄၅ ဦး စစ္ေဆးၿပီးၿပီ၊ စစ္ေဆးတာၿပီးေတာ့မွ ေတြ႕ရွိခ်က္ေပၚမူတည္ၿပီး ဥပေဒအရ အေရးယူေဆာင္ရြက္မွာပါ"

အျပန္အလွန္တုိက္ခိုက္မႈေၾကာင့္ ဒဏ္ရာရရွိသူေတြကို သြားေရာက္ကူညီခဲ့ၿပီး ျမစ္ႀကီးနားေဆးရံုကို ပို႔ေဆာင္ေပးခဲ့တဲ့ မီးသတ္နဲ႔ ၾကက္ေျခနီတပ္ဖြဲ႔ဝင္ေတြ၊ ကားမီးရွိဳ႕ခံလိုက္ရတဲ့ ယာဥ္ေမာင္းကိုလည္း ထပ္မံစစ္ေဆးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႔က ဝိုင္းေမာ္ၿမိဳ႕နယ္ တရုတ္မဂါေက်းရြာနဲ႔ ေဝမိုးေက်းရြာေတြမွာ ဘိန္းခင္း ဖ်က္ဆီးေရးအဖြဲ႔နဲ႔ ေဒသခံေတြဟာ ႏွစ္ဘက္အျပန္အလွန္ တိုက္ခိုက္မႈျဖစ္ပြားခဲ့တာေၾကာင့္ ႏွစ္ဘက္လံုးက လူ ၃၀ ေက်ာ္ ဒါဏ္ရာရရွိခဲ့သလို လူေနအိမ္အေဆာက္အဦတခ်ိဳ႕အပါအဝင္ ကား၊ ဆိုင္ကယ္ေတြ မီးရွိဳ႕ဖ်က္ဆီး ခံခဲ့ရပါတယ္။

အဲဒီလို အေျခအေနေတြေၾကာင့္ လက္ရွိ ကန္ပိုက္တီနဲ႔ ျမစ္ႀကီးနားၿမိဳ႕နယ္ေျမရဲစခန္းေတြမွာ ႏွစ္ဘက္အျပန္အလွန္ အမႈဖြင့္တိုင္ၾကားထားၾကၿပီး ေလာေလာဆယ္မွာ ဘိန္းခင္းဖ်က္ဆီးေရးလုပ္ငန္းေတြကိုလည္း ယာယီရပ္နားထား တယ္လို႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese

..............................................


Pat Jasan ပတ်ဂျာဆန်အဖွဲ့ တိုက်ခိုက်ခံရတာကို မကျေနပ်တဲ့အတွက် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ဆန္ဒပြကြစဉ်။ Photo: Kyaw Myo Min/RFA
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီဒေသဘက်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဘိန်းခင်းဖျက်ဆီးဖို့ သွားရောက်တဲ့ ပတ်ဂျာဆန် ကချင်လူထုဘိန်းဖျက်ဆီးရေးအဖွဲ့နဲ့ ဒေသခံအမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး ပါ၀င်ပတ်သက်သူတွေထဲက ဒီကနေ့အထိ ၄၅ ယောက်ကို စစ်ဆေးထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ၊ ပတ်ဂျာဆန်အဖွဲ့ဝင်တွေ၊ ဋ္ဌာနဆိုင်ရာဝန်ထမ်းတွေ၊ ဒေသခံတွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ စုစုပေါင်း ၄၅ ယောက်ကို စစ်ဆေးထားတာဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ဒုတိယရဲမှူးကြီး မြင့်ထူး ကပြောပါတယ်။

"ကချင်ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်နဲ့ ဖြစ်စဉ်အမှန်ပေါ်ပေါက်ဖို့အတွက် စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ကချင်ပြည်နယ် ရဲတပ်ဖွဲ့ကဦးစီးပြီး လဝက၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်အပါအဝင် အဖွဲ့အစည်းတွေနဲ့ မတ်လ ၁ ရက်နေ့ စပြီးတော့ စစ်နေပါပြီ၊ စုစုပေါင်း ၄၅ ဦး စစ်ဆေးပြီးပြီ၊ စစ်ဆေးတာပြီးတော့မှ တွေ့ရှိချက်ပေါ်မူတည်ပြီး ဥပဒေအရ အရေးယူဆောင်ရွက်မှာပါ"

အပြန်အလှန်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူတွေကို သွားရောက်ကူညီခဲ့ပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်ပေးခဲ့တဲ့ မီးသတ်နဲ့ ကြက်ခြေနီတပ်ဖွဲ့ဝင်တွေ၊ ကားမီးရှို့ခံလိုက်ရတဲ့ ယာဉ်မောင်းကိုလည်း ထပ်မံစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဝိုင်းမော်မြို့နယ် တရုတ်မဂါကျေးရွာနဲ့ ဝေမိုးကျေးရွာတွေမှာ ဘိန်းခင်း ဖျက်ဆီးရေးအဖွဲ့နဲ့ ဒေသခံတွေဟာ နှစ်ဘက်အပြန်အလှန် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် နှစ်ဘက်လုံးက လူ ၃၀ ကျော် ဒါဏ်ရာရရှိခဲ့သလို လူနေအိမ်အဆောက်အဦတချို့အပါအဝင် ကား၊ ဆိုင်ကယ်တွေ မီးရှို့ဖျက်ဆီး ခံခဲ့ရပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် လက်ရှိ ကန်ပိုက်တီနဲ့ မြစ်ကြီးနားမြို့နယ်မြေရဲစခန်းတွေမှာ နှစ်ဘက်အပြန်အလှန် အမှုဖွင့်တိုင်ကြားထားကြပြီး လောလောဆယ်မှာ ဘိန်းခင်းဖျက်ဆီးရေးလုပ်ငန်းတွေကိုလည်း ယာယီရပ်နားထား တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)