ဦးေရႊမန္းဥကၠဌ တာ၀န္ယူတဲ့ ေကာ္မရွင္ကို ကန္႔ကြက္မည္လုိ႔ သတင္းထြက္

သူရဦးေရႊမန္း ဥကၠဌအျဖစ္ ေဆာင္ရြက္တဲ့ "ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာဆန္းစစ္ေရး ေကာ္မရွင္"ကို တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြက ကန္႔ကြက္မယ္ဆိုတဲ့ သတင္း ထြက္ေပၚေနပါတယ္။
အဲဒီသတင္းထြက္ေပၚေနတာၾကားသိေၾကာင္းနဲ႔ ေကာ္မရွင္ကိုကန္႔ကြက္မယ္ဆိုရင္ ျပည္ေထာင္စုလႊတ္ေတာ္မွာ ေမးခြန္းေတြ သို႔မဟုတ္ အဆိုတင္သြင္းရမွာျဖစ္တယ္လို႔ အဲဒီေကာ္မရွင္ရဲ႕ ဒုတိယဥကၠဌ ဦးကိုကိုႏိုင္က ေျပာပါတယ္။
"အဲ့လိုသတင္းထြက္တာေတာ့ရွိတယ္၊ ဒါေပမယ့္သူရဲ႕လမ္းေၾကာင္းက က်ေနာ္တို႔ ေကာ္မရွင္ရဲ႕ ရပ္တည္မႈနဲ႔ ပတ္သက္လို႔ ေကာ္မရွင္ရဲ႕အဆင့္အတန္းနဲ႔ ပတ္သက္လို႔ ေမးခြန္းထုတ္တာ၊ ကန္႔ကြက္တာလုပ္မယ္ဆိုရင္ က်ေနာ္တို႔ ျပည္ေထာင္စုလႊတ္ေတာ္ ကဖြဲ႔စည္းထားတဲ့ ေကာ္မရွင္ျဖစ္တဲ့အတြက္ ျပည္ေထာင္စုလႊတ္ေတာ္ နာယကဆီကို တပ္မေတာ္သားကိုယ္စားလွယ္ေတြကေနၿပီးေတာ့ ေမးခြန္းေမးျမန္းလိုေသာ္ လည္းေကာင္း၊ အဆိုတင္သြင္းဖို႔ေသာ္လည္းေကာင္း လုပ္ရမယ့္ကိစၥ၊ တစ္ကယ္ ဟုတ္မဟုတ္ေတာ့ မသိဘူး၊ သတင္းထြက္လာတာ က်ေနာ္လည္းၾကားပါတယ္"
အဲဒီေကာ္မရွင္ဟာ လက္ရွိတည္ဆဲဥပေဒ၊ နည္းဥပေဒေတြကို ေခတ္စနစ္နဲ႔ ညီမညီ ဆိုတာေတြကို ေလ့လာဆန္းစစ္ၿပီး လႊတ္ေတာ္ကို အႀကံျပဳရမယ့္ အဖြဲ႔ျဖစ္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္က အတည္ျပဳထားတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔က အဲဒီေကာ္မရွင္ကို ဖြဲ႔စည္းခဲ့ၿပီး ဥကၠဌ သူရဦးေရႊမန္း အပါအဝင္ အဖြဲ႔ဝင္ ၃၅ ဦးပါဝင္ပါတယ္။ အဲဒီအထဲမွာ ေရြးေကာက္ခံ လႊတ္ေတာ္ ကိုယ္စားလွယ္ ၄ ဦးနဲ႔ အၿငိမ္းစား ဦးေဆာင္ညႊန္ၾကားေရးမွဴးအဆင့္ရွိသူေတြ၊ အၿငိမ္းစားသံအမတ္ေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းေတြ ပါဝင္ၾကပါတယ္။
သူရဦးေရႊမန္းဟာ ေကာ္မရွင္ဥကၠဌအျဖစ္ လစာေငြမယူဘဲ တာ၀န္ထမ္းေဆာင္ သြားမွာျဖစ္တယ္လို႔ ေၾကညာခဲ့ပါတယ္။

RFA Burmese
....................
ဦးရွှေမန်းဥက္ကဌ တာဝန်ယူတဲ့ ကော်မရှင်ကို ကန့်ကွက်မည်လို့ သတင်းထွက်
သူရဦးရွှေမန်း ဥက္ကဌအဖြစ် ဆောင်ရွက်တဲ့ "ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေး ကော်မရှင်"ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်မယ်ဆိုတဲ့ သတင်း ထွက်ပေါ်နေပါတယ်။
အဲဒီသတင်းထွက်ပေါ်နေတာကြားသိကြောင်းနဲ့ ကော်မရှင်ကိုကန့်ကွက်မယ်ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ မေးခွန်းတွေ သို့မဟုတ် အဆိုတင်သွင်းရမှာဖြစ်တယ်လို့ အဲဒီကော်မရှင်ရဲ့ ဒုတိယဥက္ကဌ ဦးကိုကိုနိုင်က ပြောပါတယ်။
"အဲ့လိုသတင်းထွက်တာတော့ရှိတယ်၊ ဒါပေမယ့်သူရဲ့လမ်းကြောင်းက ကျနော်တို့ ကော်မရှင်ရဲ့ ရပ်တည်မှုနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့အဆင့်အတန်းနဲ့ ပတ်သက်လို့ မေးခွန်းထုတ်တာ၊ ကန့်ကွက်တာလုပ်မယ်ဆိုရင် ကျနော်တို့ ပြည်ထောင်စုလွှတ်တော် ကဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် နာယကဆီကို တပ်မတော်သားကိုယ်စားလှယ်တွေကနေပြီးတော့ မေးခွန်းမေးမြန်းလိုသော် လည်းကောင်း၊ အဆိုတင်သွင်းဖို့သော်လည်းကောင်း လုပ်ရမယ့်ကိစ္စ၊ တစ်ကယ် ဟုတ်မဟုတ်တော့ မသိဘူး၊ သတင်းထွက်လာတာ ကျနော်လည်းကြားပါတယ်"
အဲဒီကော်မရှင်ဟာ လက်ရှိတည်ဆဲဥပဒေ၊ နည်းဥပဒေတွေကို ခေတ်စနစ်နဲ့ ညီမညီ ဆိုတာတွေကို လေ့လာဆန်းစစ်ပြီး လွှတ်တော်ကို အကြံပြုရမယ့် အဖွဲ့ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က အဲဒီကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦးပါဝင်ပါတယ်။ အဲဒီအထဲမှာ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် ၄ ဦးနဲ့ အငြိမ်းစား ဦးဆောင်ညွှန်ကြားရေးမှူးအဆင့်ရှိသူတွေ၊ အငြိမ်းစားသံအမတ်တွေ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေ ပါဝင်ကြပါတယ်။
သူရဦးရွှေမန်းဟာ ကော်မရှင်ဥက္ကဌအဖြစ် လစာငွေမယူဘဲ တာဝန်ထမ်းဆောင် သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

RFA Burmese



Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)