ဇနီးသည္ေနအိမ္မွ ဆင္းသြား၍ ေနအိမ္ကို ယမ္းျဖင္႕ေဖာက္ခြဲရန္ ႀကံစည္သူအား ဖမ္းဆီးရမိ


ဟားခါး မတ္ ၁၅

ဟားခါးၿမိဳ႕၌ လူေနအိမ္ကုိ ယမ္းျဖင့္ ေဖာက္ခြဲရန္ႀကံစည္သူအား ၿမိဳ႕မ ရဲစခန္းမွ နာရီပိုင္းအတြင္း လက္ရဖမ္းဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ မတ္ ၁၄ ရက္ ည ၉ နာရီခြဲခန္႔တြင္ ဟားခါးၿမိဳ႕ ျပည္ေတာ္သာရပ္ကြက္ ဂန္႔ေဂါလမ္း အိမ္အမွတ္(ပတသ/၃၁၆) အိမ္ရွင္ ဦးသင္ခါးရ္မန္ေနအိမ္တြင္ ေရာက္ရွိ ေနသူ ဦးဟရဲလ္ကုန္းသည္ စိတ္ဆိုးၿပီး ေနအိမ္မွဆင္းသြားသည့္ ၎၏ဇနီးေဒၚပါရ္ႏွဲမ္း တည္းခိုသည့္ ဦးလႈိက္ေနာန္ေနအိမ္အား ယမ္းျဖင့္ ေဖာက္ခြဲမည္ဟုသတင္းအရ ဟားခါး ၿမိဳ႕မရဲစခန္းမွဴး ဒုတိယရဲအုပ္ တင္ေမာင္ေအး၊ တာဝန္မွဴးရဲအုပ္ ေအးခ်ဳိ၊ နယ္ထိန္းအရာရွိ ဒုတိယရဲအုပ္ စန္းဝင္းေမာင္ပါ တပ္ဖြဲ႕ဝင္ ၁ဝ ဦးတို႔ သည္ ျပည္ေတာ္သာရပ္ကြက္ အုပ္ခ်ဳပ္ ေရးမွဴး ဦးေဘြလ်န္းပါအဖြဲ႕ဝင္သုံးဦးတို႔ႏွင့္အတူ ဦးသင္ခါးရ္မန္၏ ေနအိမ္ကုိ ဝင္ေရာက္ရွာေဖြၾကရာ ေနအိမ္ အေနာက္ဘက္အေပါက္မွ ထြက္ေျပးတိမ္းေရွာင္သူ ဦးဟရဲလ္ကုန္း (၅၁)ႏွစ္ အား လုံးေထြးဖမ္းဆီးရမိခဲ့သည္။

ဖမ္းဆီးရမိသူ ဦးဟရဲလ္ကုန္း လက္အတြင္းမွ ဂက္စ္မီးျခစ္တစ္လုံး၊ ယမ္းႏွင့္ဒီတိုေနတာ အသင့္တပ္ဆင္ ထားေသာ ရွစ္လက္မခန္႔ရွိ ယမ္းေပ်ာ့ တစ္ေခ်ာင္း၊ ယမ္းေပ်ာ့ႏွစ္ေခ်ာင္း၊ ဒီတိုေနတာ ငါးခု၊ ေငြစကၠဴေရာရာ က်ပ္ ၁၇၉ဝဝဝဝ သိမ္းဆည္းရမိခဲ့သည္။

ယမ္းေဖာက္ခြဲရန္ ႀကံစည္သူ ဦးဟရဲလ္ကုန္းအား ဟားခါးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ စစ္ေဆးေဖာ္ထုတ္ခဲ့ရာ ဟားခါးၿမိဳ႕ ျပည္ေတာ္သာရပ္ကြက္ ဗိုလ္ခ်ဳပ္လမ္း အိမ္အမွတ္ (ပတသ/ ၁၉၃) ေန ဦးေက်ာ္လြင္၏ေနအိမ္မွ ဝယ္ယူခဲ့ေၾကာင္း စစ္ေဆးသိရသျဖင့္ ဦးေက်ာ္လြင္ေနအိမ္အား ဟားခါးၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မွ ဆက္လက္ ရွာေဖြရာ ယမ္းေပ်ာ့ေတာင့္ ရွစ္ခု၊ ဒီတိုေနတာ ၈၆ ခု၊ အေႏွးယမ္းႀကိဳး တစ္ေခြ၊ ႏွစ္လုံးျပဴး က်ည္ ၄၃ ေတာင့္၊ သုည ဒသမ ၅ က်ည္ခြံ ၁၅၈ ေတာင့္ ေတြ႕ရွိသိမ္းဆည္းခဲ့သည္။

ထို႔ေနာက္ ဦးေက်ာ္လြင္ပိုင္ ေစ်းေဟာင္းရပ္ကြက္ ဒါအိုခ်ိမ္း လမ္းရွိ ဂိုေဒါင္ကုိ ဝင္ေရာက္ရွာေဖြရာ ယမ္းေပ်ာ့ေတာင့္ ၈၂ ေတာင့္၊ ယမ္းေပ်ာ့ေတာင့္ အပိုင္းအစ ၁ဝ ခု၊ ဒီတိုေနတာ ၁၁၆ ခု၊ အေႏွးယမ္းႀကိဳး ၁ဝ ေခြ၊ ေငြစကၠဴေရာရာ က်ပ္ ၂၄၉ဝဝဝ တို႔ကုိ ထပ္မံသိမ္းဆည္း ရမိသျဖင့္ ဦးဟရဲလ္ကုန္းႏွင့္ ဦးေက်ာ္လြင္ တို႔အား ဟားခါးၿမိဳ႕မ ရဲစခန္းက(ပ) ၁ဝ/၂ဝ၁၆၊ ၁၉ဝ၈ ခုႏွစ္ ေပါက္ကြဲေစတတ္ေသာ အရာဝတၴဳပစၥည္းမ်ား ဥပေဒပုဒ္မ(၅)အရ ဖမ္းဆီးအေရးယူ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိသည္။

ျပည္နယ္ (ျပန္/ဆက္)
The Mirror Daily
https://www.facebook.com/TheMirrorDaily

.........................................


ဟားခါး မတ် ၁၅

ဟားခါးမြို့၌ လူနေအိမ်ကို ယမ်းဖြင့် ဖောက်ခွဲရန်ကြံစည်သူအား မြို့မ ရဲစခန်းမှ နာရီပိုင်းအတွင်း လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မတ် ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် ဟားခါးမြို့ ပြည်တော်သာရပ်ကွက် ဂန့်ဂေါလမ်း အိမ်အမှတ်(ပတသ/၃၁၆) အိမ်ရှင် ဦးသင်ခါးရ်မန်နေအိမ်တွင် ရောက်ရှိ နေသူ ဦးဟရဲလ်ကုန်းသည် စိတ်ဆိုးပြီး နေအိမ်မှဆင်းသွားသည့် ၎င်း၏ဇနီးဒေါ်ပါရ်နှဲမ်း တည်းခိုသည့် ဦးလှိုက်နောန်နေအိမ်အား ယမ်းဖြင့် ဖောက်ခွဲမည်ဟုသတင်းအရ ဟားခါး မြို့မရဲစခန်းမှူး ဒုတိယရဲအုပ် တင်မောင်အေး၊ တာဝန်မှူးရဲအုပ် အေးချို၊ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ် စန်းဝင်းမောင်ပါ တပ်ဖွဲ့ဝင် ၁ဝ ဦးတို့ သည် ပြည်တော်သာရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးဘွေလျန်းပါအဖွဲ့ဝင်သုံးဦးတို့နှင့်အတူ ဦးသင်ခါးရ်မန်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေကြရာ နေအိမ် အနောက်ဘက်အပေါက်မှ ထွက်ပြေးတိမ်းရှောင်သူ ဦးဟရဲလ်ကုန်း (၅၁)နှစ် အား လုံးထွေးဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ ဦးဟရဲလ်ကုန်း လက်အတွင်းမှ ဂက်စ်မီးခြစ်တစ်လုံး၊ ယမ်းနှင့်ဒီတိုနေတာ အသင့်တပ်ဆင် ထားသော ရှစ်လက်မခန့်ရှိ ယမ်းပျော့ တစ်ချောင်း၊ ယမ်းပျော့နှစ်ချောင်း၊ ဒီတိုနေတာ ငါးခု၊ ငွေစက္ကူရောရာ ကျပ် ၁၇၉ဝဝဝဝ သိမ်းဆည်းရမိခဲ့သည်။

ယမ်းဖောက်ခွဲရန် ကြံစည်သူ ဦးဟရဲလ်ကုန်းအား ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှ စစ်ဆေးဖော်ထုတ်ခဲ့ရာ ဟားခါးမြို့ ပြည်တော်သာရပ်ကွက် ဗိုလ်ချုပ်လမ်း အိမ်အမှတ် (ပတသ/ ၁၉၃) နေ ဦးကျော်လွင်၏နေအိမ်မှ ဝယ်ယူခဲ့ကြောင်း စစ်ဆေးသိရသဖြင့် ဦးကျော်လွင်နေအိမ်အား ဟားခါးမြို့နယ် ရဲတပ်ဖွဲ့မှ ဆက်လက် ရှာဖွေရာ ယမ်းပျော့တောင့် ရှစ်ခု၊ ဒီတိုနေတာ ၈၆ ခု၊ အနှေးယမ်းကြိုး တစ်ခွေ၊ နှစ်လုံးပြူး ကျည် ၄၃ တောင့်၊ သုည ဒသမ ၅ ကျည်ခွံ ၁၅၈ တောင့် တွေ့ရှိသိမ်းဆည်းခဲ့သည်။

ထို့နောက် ဦးကျော်လွင်ပိုင် စျေးဟောင်းရပ်ကွက် ဒါအိုချိမ်း လမ်းရှိ ဂိုဒေါင်ကို ဝင်ရောက်ရှာဖွေရာ ယမ်းပျော့တောင့် ၈၂ တောင့်၊ ယမ်းပျော့တောင့် အပိုင်းအစ ၁ဝ ခု၊ ဒီတိုနေတာ ၁၁၆ ခု၊ အနှေးယမ်းကြိုး ၁ဝ ခွေ၊ ငွေစက္ကူရောရာ ကျပ် ၂၄၉ဝဝဝ တို့ကို ထပ်မံသိမ်းဆည်း ရမိသဖြင့် ဦးဟရဲလ်ကုန်းနှင့် ဦးကျော်လွင် တို့အား ဟားခါးမြို့မ ရဲစခန်းက(ပ) ၁ဝ/၂ဝ၁၆၊ ၁၉ဝ၈ ခုနှစ် ပေါက်ကွဲစေတတ်သော အရာဝတ္ထုပစ္စည်းများ ဥပဒေပုဒ်မ(၅)အရ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြည်နယ် (ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)