သၾကၤန္မ႑ပ္မ်ားတြင္ အခန္းငယ္မ်ား ေတြ႕ရွိပါက ခ်က္ခ်င္းပိတ္သိမ္း အေရးယူမည္ဟု နယ္/လံု ၀န္ႀကီး ေျပာ



ယခုႏွစ္ က်ေရာက္မည့္ မဟာ သႀကၤန္တြင္ ရန္ကုန္ၿမိဳ႕တြင္းရွိ ေရကစားမ႑ပ္မ်ား၌ မလိုအပ္ေသာ အခန္းငယ္မ်ား စစ္ေဆးေတြ႕ရွိပါက မ႑ပ္အား ခ်က္ခ်င္းပိတ္သိမ္း၊ နာမည္ပ်က္ စာရင္းသြင္း၍ အေရးယူသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး လံုၿခံဳေရး ႏွင့္ နယ္စပ္ေရးရာ၀န္ႀကီး ဗိုလ္မွဴးႀကီးတင္ေအာင္ထြန္း က News Watch သို႕ေျပာသည္။

“မ႑ပ္ေတြေပၚမွာ မလိုအပ္တဲ့ အခန္းေတြဖြဲ႕မယ္။ အခန္းေတြ ဖြဲ႕မယ္ဆိုတာ အမ်ိဳးမ်ိဳးေပ့ါ။ တစ္ခ်ိဳ႕ကလည္း အရက္ေသာက္တာမ်ိဳးေတြရွိတယ္။ တစ္ခ်ိဳ႕ကလည္း မႈးယစ္ေဆး၀ါးသံုးစြဲဖို႕ ရည္ရြယ္ၿပီးဖြဲ႕ထားတာမ်ိဳးေတြရွိတယ္။ အဲ့ဒါမ်ိဳးေတြ စစ္ေဆးေတြ႕ရွိရင္ သတိေပးၿပီး ဖ်က္ခိုင္းမယ္။ မဖ်က္ဘူးဆိုရင္ balist သြင္းၿပီး အေရးယူမယ္ ။တစ္ၿပိဳင္နက္တည္းမွာလည္း မ႑ပ္ကို ရပ္ဆိုင္းရမယ္။ သူက စာရင္း၀င္သြားတဲ့အတြက္ ေနာက္ႏွစ္မွာ မ႑ပ္ေဆာက္ခြင့္မရေတာ့ပါဘူး”ဟု ဗိုလ္မွဴးႀကီးတင္ေအာင္ထြန္း က ေျပာသည္။

ရန္ကုန္ၿမိဳ႕တြင္းရွိ ေရကစားမ႑ပ္အခ်ဳိ႕၌ ယခင္က အခန္းငယ္မ်ား ဖြဲ႕၍ အရက္ေသစာ ေသာက္စားမႈ၊ မႈးယစ္ေဆး၀ါး သံုးစြဲမႈမ်ား ျပဳလုပ္ခဲ့သည့္အတြက္ ၂၀၁၅ ခုႏွစ္က ၾကပ္မတ္ခဲ့ျပီး ယခုႏွစ္တြင္လည္း အဆုိပါ အခ်က္အား မ႑ပ္စစ္ေဆးေရး ေကာ္မတီက လိုက္လံစစ္ေဆးသြားမည္ျဖစ္ေၾကာင္း သိရသည္။

“စစ္ေဆးတဲ့အခါမွာ မ႑ပ္ တိုင္းမွာ စီစီတီဗြီ ကင္မရာေတြ ရွိ/မရွိ၊ မ႑ပ္ ႀကံခိုင္မႈ၊ ခုနကေျပာတဲ့ အခန္းငယ္ေတြ ဖြဲ႕စည္းထားျခင္း ရွိ/မရွိတို႔ကို သက္ဆိုင္ရာ ၿမိဳ႕နယ္ေထြအုပ္၊ ရဲတပ္ဖြဲ႕ ေတြပါ၀င္တဲ့ မ႑ပ္စစ္ေဆးေရး ေကာ္မတီေတြက စစ္ေဆးမွာပါ”ဟု ၎ကဆုိသည္။

ထို႕အျပင္ သႀကၤန္ကာလတြင္ ရာဇ၀တ္မႈမ်ား မျဖစ္ပြားေစရန္ ျပစ္မႈ၊ ျပစ္ဒဏ္ေဟာင္းရွိသူမ်ား အထူးသျဖင့္ နယ္ေျမအလိုက္ ခိုး၊ဆိုး၊ႏိႈက္ ျပစ္ခ်က္ေဟာင္း ရွိသူမ်ားကို ေစာင့္ၾကည့္သြားမည္ျဖစ္ေၾကာင္း သိရသည္။
၂၀၁၅ သႀကၤန္တြင္ ရန္ကုန္တုိင္းေဒသႀကီးအတြင္း ေရကစားမ႑ပ္ ေပါင္း ၂၀၄ ခုကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ (မ႑ပ္ေနရာခ်ထားေရး ဆပ္မေကာ္မတီ) မွ ေဆာက္လုပ္ခြင့္ ျပဳခဲ့ၿပီး ကန္ေတာ္ႀကီးပတ္လမ္းတြင္ မ႑ပ္ႀကီး ၄၂ လံုး၊ ကမၻာေအး ဘုရားလမ္းတြင္ မ႑ပ္ႀကီး ၁၅၂ လံုး၊ အျခားၿမိဳ႕နယ္မ်ားတြင္ မ႑ပ္ႀကီး ၉ လံုး ႏွင့္ မ႑ပ္အလတ္ ၁ လံုးစုစုေပါင္း ၂၀၄ လံုး ခြင့္ျပဳခဲ့ေၾကာင္း သိရသည္။

ေနမင္းခ
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
....................


ယခုနှစ် ကျရောက်မည့် မဟာ သင်္ကြန်တွင် ရန်ကုန်မြို့တွင်းရှိ ရေကစားမဏ္ဍပ်များ၌ မလိုအပ်သော အခန်းငယ်များ စစ်ဆေးတွေ့ရှိပါက မဏ္ဍပ်အား ချက်ချင်းပိတ်သိမ်း၊ နာမည်ပျက် စာရင်းသွင်း၍ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း က News Watch သို့ပြောသည်။

“မဏ္ဍပ်တွေပေါ်မှာ မလိုအပ်တဲ့ အခန်းတွေဖွဲ့မယ်။ အခန်းတွေ ဖွဲ့မယ်ဆိုတာ အမျိုးမျိုးပေ့ါ။ တစ်ချို့ကလည်း အရက်သောက်တာမျိုးတွေရှိတယ်။ တစ်ချို့ကလည်း မှုးယစ်ဆေးဝါးသုံးစွဲဖို့ ရည်ရွယ်ပြီးဖွဲ့ထားတာမျိုးတွေရှိတယ်။ အဲ့ဒါမျိုးတွေ စစ်ဆေးတွေ့ရှိရင် သတိပေးပြီး ဖျက်ခိုင်းမယ်။ မဖျက်ဘူးဆိုရင် balist သွင်းပြီး အရေးယူမယ် ။တစ်ပြိုင်နက်တည်းမှာလည်း မဏ္ဍပ်ကို ရပ်ဆိုင်းရမယ်။ သူက စာရင်းဝင်သွားတဲ့အတွက် နောက်နှစ်မှာ မဏ္ဍပ်ဆောက်ခွင့်မရတော့ပါဘူး”ဟု ဗိုလ်မှူးကြီးတင်အောင်ထွန်း က ပြောသည်။

ရန်ကုန်မြို့တွင်းရှိ ရေကစားမဏ္ဍပ်အချို့၌ ယခင်က အခန်းငယ်များ ဖွဲ့၍ အရက်သေစာ သောက်စားမှု၊ မှုးယစ်ဆေးဝါး သုံးစွဲမှုများ ပြုလုပ်ခဲ့သည့်အတွက် ၂၀၁၅ ခုနှစ်က ကြပ်မတ်ခဲ့ပြီး ယခုနှစ်တွင်လည်း အဆိုပါ အချက်အား မဏ္ဍပ်စစ်ဆေးရေး ကော်မတီက လိုက်လံစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

“စစ်ဆေးတဲ့အခါမှာ မဏ္ဍပ် တိုင်းမှာ စီစီတီဗွီ ကင်မရာတွေ ရှိ/မရှိ၊ မဏ္ဍပ် ကြံခိုင်မှု၊ ခုနကပြောတဲ့ အခန်းငယ်တွေ ဖွဲ့စည်းထားခြင်း ရှိ/မရှိတို့ကို သက်ဆိုင်ရာ မြို့နယ်ထွေအုပ်၊ ရဲတပ်ဖွဲ့ တွေပါ၀င်တဲ့ မဏ္ဍပ်စစ်ဆေးရေး ကော်မတီတွေက စစ်ဆေးမှာပါ”ဟု ၎င်းကဆိုသည်။

ထို့အပြင် သင်္ကြန်ကာလတွင် ရာဇဝတ်မှုများ မဖြစ်ပွားစေရန် ပြစ်မှု၊ ပြစ်ဒဏ်ဟောင်းရှိသူများ အထူးသဖြင့် နယ်မြေအလိုက် ခိုး၊ဆိုး၊နှိုက် ပြစ်ချက်ဟောင်း ရှိသူများကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၅ သင်္ကြန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေကစားမဏ္ဍပ် ပေါင်း ၂၀၄ ခုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (မဏ္ဍပ်နေရာချထားရေး ဆပ်မကော်မတီ) မှ ဆောက်လုပ်ခွင့် ပြုခဲ့ပြီး ကန်တော်ကြီးပတ်လမ်းတွင် မဏ္ဍပ်ကြီး ၄၂ လုံး၊ ကမ္ဘာအေး ဘုရားလမ်းတွင် မဏ္ဍပ်ကြီး ၁၅၂ လုံး၊ အခြားမြို့နယ်များတွင် မဏ္ဍပ်ကြီး ၉ လုံး နှင့် မဏ္ဍပ်အလတ် ၁ လုံးစုစုပေါင်း ၂၀၄ လုံး ခွင့်ပြုခဲ့ကြောင်း သိရသည်။

နေမင်းခ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)