မင္းျပား စြန္ရဲတြင္ မီးေလာင္


နိရဥၥရာ၊ မတ္လ ၃၁

ရခိုင္ျပည္နယ္ မင္းျပားျမိဳ႕နယ္ စြန္ရဲရြာတြင္ ယေန႕ ေန႕လယ္ တစ္နာရီ ၀န္းက်င္က မီးေလာင္ရာ အိမ္သံုးလံုး မီးထဲပါသြားျပီး ႏွစ္လံုးကို မီးမကူးရေအာင္ ျဖိဳဖ်က္လိုက္ရသည္ဟု သိရသည္။

ဦးစိန္ေညာင္အိမ္မွ မီးစေလာင္ျခင္း ျဖစ္ျပီး တစ္ျခားေန အိမ္ႏွစ္ လံုးကိုပါ ကူးစက္ ေလာင္ကၽြမ္းျခင္း ျဖစ္ေၾကာင္း မီးသတ္ရာတြင္ ကိုယ္တိုင္ပါ၀င္သူ စြန္ရဲရြာသား ကိုေက်ာ္ေက်ာ္က ေျပာသည္။

မီးေလာင္ရျခင္းမွာ မီးဖို အထက္ အိမ္မ်က္နာၾကက္တြင္ ခ်ိတ္ထားေသာ ခေမာက္ မီးဖိုေပၚ ျပဳတ္က်ရာမွ ခေမာက္ကို မီးေလာင္ရာမွ စတင္ မီးကူးစက္ ေလာင္ကၽြမ္းျခင္း ျဖစ္ေၾကာင္း သူက ဆက္လက္ ေျပာၾကားသည္။

မီေလာင္ခံရရာတြင္ ဦးစိန္ေညာင္၏ ဓနိမိုး ထရံကာ အိမ္အပါအ၀င္ တစ္ျခား ဓနိမိုး ထရံကာ အိမ္တစ္လံုးႏွင့္ သြပ္မိုးပ်ဥ္ထာင္ အိမ္တစ္လံုး တို႕ ပါ၀င္သြားခဲ့သည္ဟု ကိုေက်ာ္ေက်ာ္က ေျပာသည္။

ေန႕လယ္ ၂ နာရီခြဲတြင္ ရြာသားမ်ား ၀ိုင္း၀န္းျငိမ္းသတ္ရာမွ မီးညႊန္းက်ိဳးကာ ျငိမ္းသတ္သြားသည္ဟု သတင္းရရွိသည္။

မင္းျပားရဲစခန္းသုိ႕ ဖုန္းဆက္ ေမးျမန္းရာ တာ၀န္က် ရဲအရာရွိက မီးေလာင္သည္မွာ ဟုတ္မွန္ေၾကာင္း၊ သုိ႕ေသာ္လည္း အိမ္အမိုးစြန္ေလာက္သာ ေလာင္ကၽြမ္းသြားခဲ့သည္ဟု ေျပာဆိုသည္။

(စြန္ရဲရြာ မီးေလာင္ျမင္ကြင္း/ ဓာတ္ပံု- နိရဥၥရာ)
ေရႊရေအာင္ (ေတာင္ကုတ္)
Arakan State
https://www.facebook.com/NarinjaraNews

...............................


နိရဥ္စရာ၊ မတ်လ ၃၁

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စွန်ရဲရွာတွင် ယနေ့ နေ့လယ် တစ်နာရီ ၀န်းကျင်က မီးလောင်ရာ အိမ်သုံးလုံး မီးထဲပါသွားပြီး နှစ်လုံးကို မီးမကူးရအောင် ဖြိုဖျက်လိုက်ရသည်ဟု သိရသည်။

ဦးစိန်ညောင်အိမ်မှ မီးစလောင်ခြင်း ဖြစ်ပြီး တစ်ခြားနေ အိမ်နှစ် လုံးကိုပါ ကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း မီးသတ်ရာတွင် ကိုယ်တိုင်ပါ၀င်သူ စွန်ရဲရွာသား ကိုကျော်ကျော်က ပြောသည်။

မီးလောင်ရခြင်းမှာ မီးဖို အထက် အိမ်မျက်နာကြက်တွင် ချိတ်ထားသော ခမောက် မီးဖိုပေါ် ပြုတ်ကျရာမှ ခမောက်ကို မီးလောင်ရာမှ စတင် မီးကူးစက် လောင်ကျွမ်းခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောကြားသည်။


မီလောင်ခံရရာတွင် ဦးစိန်ညောင်၏ ဓနိမိုး ထရံကာ အိမ်အပါအဝင် တစ်ခြား ဓနိမိုး ထရံကာ အိမ်တစ်လုံးနှင့် သွပ်မိုးပျဉ်ထာင် အိမ်တစ်လုံး တို့ ပါ၀င်သွားခဲ့သည်ဟု ကိုကျော်ကျော်က ပြောသည်။

နေ့လယ် ၂ နာရီခွဲတွင် ရွာသားများ ၀ိုင်းဝန်းငြိမ်းသတ်ရာမှ မီးညွှန်းကျိုးကာ ငြိမ်းသတ်သွားသည်ဟု သတင်းရရှိသည်။

မင်းပြားရဲစခန်းသို့ ဖုန်းဆက် မေးမြန်းရာ တာဝန်ကျ ရဲအရာရှိက မီးလောင်သည်မှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း အိမ်အမိုးစွန်လောက်သာ လောင်ကျွမ်းသွားခဲ့သည်ဟု ပြောဆိုသည်။

(စွန်ရဲရွာ မီးလောင်မြင်ကွင်း/ ဓာတ်ပုံ- နိရဥ္စရာ)
ရွှေရအောင် (တောင်ကုတ်)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)