မရမ္းကုန္းၿမိဳ႕နယ္တြင္ ခရီးသည္ထံမွ ဖုန္းႏွင့္ပိုက္ဆံအိတ္ကုိ အငွားယာဥ္ေမာင္းက ဓားေထာက္လုယက္


 မရမ္းကုန္းၿမိဳ႕နယ္တြင္ ခရီးသည္ထံမွ ဖုန္းႏွင့္ပိုက္ဆံအိတ္ကုိ အငွားယာဥ္ေမာင္းက လုယက္သျဖင့္ ဖမ္းဆီးရမိအေရးယူ

ရန္ကုန္၊ မတ္ ၂

၂၉.၂.၂၀၁၆ရက္ေန႔ ၀၂၀၀ အခ်ိန္တြင္ သဃၤန္းကၽြန္းၿမိဳ႕နယ္ေန ဦးခြန္မိုင္းမိုင္းေနာင္သည္ ၎၏ သူငယ္ခ်င္း(၃)ဦးႏွင့္အတူ လိႈင္ၿမိဳ႕နယ္၊ အုတ္က်င္းဘူတာရံုလမ္းမွ သဃၤန္းကၽြန္းၿမိဳ႕နယ္သို႔ အငွားယာဥ္တစ္စီးအား
ေငြက်ပ္(၁၀၀၀၀)ျဖင့္ ငွားရမ္းစီးနင္းလာရာ ၎ယာဥ္၏ေနာက္ခန္းတြင္ လူငယ္တစ္ဦးမွာလိုက္ပါစီးႏွင္းခဲ့ေၾကာင္း၊ သူငယ္ခ်င္း(၁)ဦးမွာ ဘူတာရံုလမ္းတြင္ လည္းေကာင္း၊ တစ္ဦးမွာ လိႈင္ၿမိဳ႕နယ္၊ ေအာင္ဓမၼရိမ္သာ လမ္းတြင္ လည္းေကာင္း ယာဥ္ေပၚမွ ဆင္းသြားခဲ့ၾကၿပီး က်န္သူငယ္ခ်င္း(၁)ဦးအား ေျမာက္ဥကၠလာပၿမိဳ႕နယ္၊ သႏၱာလမ္းထိပ္သို႔လည္းေကာင္း ပို႔ေဆာင္ေပးခဲ့ၿပီးေနာက္ ၎တစ္ဦးတည္း အဆိုပါ အငွားယာဥ္ျဖင့္ သဃၤန္းကၽြန္းၿမိဳ႕နယ္၊ သု၀ဏၰဘက္သို႔ျပန္လာခဲ့စဥ္ ယာဥ္ေမာင္းမွာ သု၀ဏၰဘက္သို႔ မေမာင္းႏွင္ဘဲ ဘုန္းႀကီးလမ္းဘက္သို႔ ခ်ိဳးေကြ႕ေမာင္းႏွင္သျဖင့္ ဘယ္လမ္းအတိုင္း သြားမွာလဲဟု ေမးျမန္ၿပီး သံသုမာလမ္းႏွင့္ ဂႏၶမာလမ္းဘက္သို႔ ခ်ိဳးေကြ႕ေမာင္းႏွင္လာစဥ္ ေတာင္ဥကၠလာပေဂါက္ကြင္း အေရာက္၌ ယာဥ္အားအရွိန္ေလ်ာ့ကာ ယာဥ္ေမာင္းျဖစ္သူမွ ဓါးကိုင္ကာ ၎အားပါတာ အကုန္ေပးဟု ေျပာဆိုၿပီး ဓားျဖင့္ထိုးမည္ျပဳခဲ့ေၾကာင္း၊ ထုိ႔ေနာက္ ၎ထံမွ ဖုန္းႏွင့္ပိုက္ဆံအိတ္အား လုယူကာ ေနာက္ခန္းမွလိုက္ပါလာသူလူငယ္အား “ေဟ့ေကာင္ ေနာက္ခန္းက ႀကိဳးယူၿပီးႀကိဳးျဖင့္တုတ္”ဟုေျပာစဥ္ကားေရွ႕ခန္းတံခါးမွာရုတ္တရုတ္ရက္
ဖြင့္သြားၿပီး ယာဥ္ေမာင္း ျဖစ္သူမွာ အျပင္သို႔လြင့္က်သြားစဥ္ ၎မွာ ကားအတြင္းမွ ရုန္းကန္ထြက္ေျပးကာ ပတ္၀န္းက်င္ရွိ ျပည္သူမ်ားအား အကူအညီေတာင္းခံၿပီး ရဲစခန္းသို႔ဖုန္းျဖင့္ဆက္သြယ္အေၾကာင္းၾကား
ခဲ့ေၾကာင္း သိရွိရပါသည္။



အဆိုပါအခင္းျဖစ္ေနရာသို႔ သတင္းရလွ်င္ရျခင္း မရမ္းကုန္းၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕၀င္မ်ားက လာေရာက္၍ ျပစ္မႈက်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိေရး ေဆာင္ရြက္ခဲ့ရာ ၀၅၂၀ အခ်ိန္တြင္ ျပစ္မႈက်ဴးလြန္သူမ်ား ျဖစ္ေသာ
တာေမြၿမိဳ႕နယ္ေန တရုတ္(ခ)လွ၀င္း (၂၅)ႏွစ္ႏွင့္ သဃၤန္းကၽြန္းၿမိဳ႕နယ္ေန ျမတ္လင္းေအာင္ (၁၉)ႏွစ္တို႔(၂)ဦးအား မရမ္းကုန္းၿမိဳ႕နယ္၊ ဂႏၶမာလမ္းမေပၚမွ ဖမ္းဆီးရမိခဲ့သျဖင့္ မရမ္းကုန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္ရွိေၾကာင္း သတင္းရရွိပါသည္။

Yangon Police
https://www.facebook.com/yangonpolice
.................


 မရမ်းကုန်းမြို့နယ်တွင် ခရီးသည်ထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်ကို အငှားယာဉ်မောင်းက လုယက်သဖြင့် ဖမ်းဆီးရမိအရေးယူ

ရန်ကုန်၊ မတ် ၂

၂၉.၂.၂၀၁၆ရက်နေ့ ၀၂၀၀ အချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်နေ ဦးခွန်မိုင်းမိုင်းနောင်သည် ၎င်း၏ သူငယ်ချင်း(၃)ဦးနှင့်အတူ လှိုင်မြို့နယ်၊ အုတ်ကျင်းဘူတာရုံလမ်းမှ သင်္ဃန်းကျွန်းမြို့နယ်သို့ အငှားယာဉ်တစ်စီးအား
ငွေကျပ်(၁၀၀၀၀)ဖြင့် ငှားရမ်းစီးနင်းလာရာ ၎င်းယာဉ်၏နောက်ခန်းတွင် လူငယ်တစ်ဦးမှာလိုက်ပါစီးနှင်းခဲ့ကြောင်း၊ သူငယ်ချင်း(၁)ဦးမှာ ဘူတာရုံလမ်းတွင် လည်းကောင်း၊ တစ်ဦးမှာ လှိုင်မြို့နယ်၊ အောင်ဓမ္မရိမ်သာ လမ်းတွင် လည်းကောင်း ယာဉ်ပေါ်မှ ဆင်းသွားခဲ့ကြပြီး ကျန်သူငယ်ချင်း(၁)ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ သန္တာလမ်းထိပ်သို့လည်းကောင်း ပို့ဆောင်ပေးခဲ့ပြီးနောက် ၎င်းတစ်ဦးတည်း အဆိုပါ အငှားယာဉ်ဖြင့် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏဘက်သို့ပြန်လာခဲ့စဉ် ယာဉ်မောင်းမှာ သုဝဏ္ဏဘက်သို့ မမောင်းနှင်ဘဲ ဘုန်းကြီးလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်သဖြင့် ဘယ်လမ်းအတိုင်း သွားမှာလဲဟု မေးမြန်ပြီး သံသုမာလမ်းနှင့် ဂန္ဓမာလမ်းဘက်သို့ ချိုးကွေ့မောင်းနှင်လာစဉ် တောင်ဥက္ကလာပဂေါက်ကွင်း အရောက်၌ ယာဉ်အားအရှိန်လျော့ကာ ယာဉ်မောင်းဖြစ်သူမှ ဓါးကိုင်ကာ ၎င်းအားပါတာ အကုန်ပေးဟု ပြောဆိုပြီး ဓားဖြင့်ထိုးမည်ပြုခဲ့ကြောင်း၊ ထို့နောက် ၎င်းထံမှ ဖုန်းနှင့်ပိုက်ဆံအိတ်အား လုယူကာ နောက်ခန်းမှလိုက်ပါလာသူလူငယ်အား “ဟေ့ကောင် နောက်ခန်းက ကြိုးယူပြီးကြိုးဖြင့်တုတ်”ဟုပြောစဉ်ကားရှေ့ခန်းတံခါးမှာရုတ်တရုတ်ရက်
ဖွင့်သွားပြီး ယာဉ်မောင်း ဖြစ်သူမှာ အပြင်သို့လွင့်ကျသွားစဉ် ၎င်းမှာ ကားအတွင်းမှ ရုန်းကန်ထွက်ပြေးကာ ပတ်ဝန်းကျင်ရှိ ပြည်သူများအား အကူအညီတောင်းခံပြီး ရဲစခန်းသို့ဖုန်းဖြင့်ဆက်သွယ်အကြောင်းကြား
ခဲ့ကြောင်း သိရှိရပါသည်။


အဆိုပါအခင်းဖြစ်နေရာသို့ သတင်းရလျှင်ရခြင်း မရမ်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက လာရောက်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ၀၅၂၀ အချိန်တွင် ပြစ်မှုကျူးလွန်သူများ ဖြစ်သော
တာမွေမြို့နယ်နေ တရုတ်(ခ)လှဝင်း (၂၅)နှစ်နှင့် သင်္ဃန်းကျွန်းမြို့နယ်နေ မြတ်လင်းအောင် (၁၉)နှစ်တို့(၂)ဦးအား မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်းမပေါ်မှ ဖမ်းဆီးရမိခဲ့သဖြင့် မရမ်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)