ရွမ္းျပည္ေျမာက္ပုိင္းမွာ တုိက္ပြဲေတြ ဆက္လက္ျဖစ္ပြား

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ TNLA တအာင္းအမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္တပ္ဖြဲ႕ဝင္တခ်ဳိ႕ ကင္းလွည့္ေနစဥ္။ Photo: Kan Thar/RFA
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲနဲ႔ မန္တံုၿမိဳ႕နယ္ေတြမွာ အစိုးရတပ္မေတာ္နဲ႔ တအာင္းပေလာင္ လြတ္ေျမာက္ေရးတပ္မေတာ္ TNLA တို႔ မေန႔က တိုက္ပြဲေတြ ျဖစ္ပြားခဲ့ပါတယ္။

မေန႔မနက္ပိုင္းက တိုက္ပြဲႏွစ္ႀကိမ္ျဖစ္ပြားခဲ့ၿပီး ထိခိုက္က်ဆံုးမႈေတြ ရွိခဲ့တယ္လို႔ TNLA သတင္းျပန္ၾကားေရး တာဝန္ခံ ဗိုလ္မွဴး မိုင္းအိုက္ေက်ာ္က ေျပာပါတယ္။

"မေန႔ကေတာ့ တိုက္ပြဲ ၂ ေနရာ ျပန္ျဖစ္တယ္ေလ၊ မနက္ ၄ နာရီေလာက္ကေတာ့ မန္တံုၿမိဳ႕နယ္ ခိုတပ္ေက်းရြာထဲမွာျဖစ္တယ္၊ အဲ့ဒီမွာက ႏွစ္ဖက္ထိခိုက္က်ဆံုးမႈရွိတယ္၊ က်ေနာ္တို႔ အေသးစိပ္ေတာ့ မသိရေသးဘူး၊ ရြာသား ၂ ေယာက္ထိခိုက္ ဒဏ္ရာရတာရွိတယ္၊ ၆ နာရီ ၅ဝ ေလာက္ကေတာ့ ေက်ာက္မဲ ၿမိဳ႕နယ္ နမ့္ပါေက်းရြာအနီးမွာ တစ္ႀကိမ္ျပန္ျဖစ္တယ္၊ အဲ့ဒီမွာေတာ့ ထိခိုက္က်ဆံုးမႈမရွိဘူး၊ အစိုးရ တပ္ကေတာ့ ၅ ဦးဒဏ္ရာရတယ္လို႔ေတာ့ သိရတယ္"

TNLA တပ္ေတြဟာ မေန႔က မန္တံုၿမိဳ႕နယ္ ဟိုတပ္ေက်းရြာမွာ ရွိေနစဥ္ အစိုးရတပ္နဲ႔ တိုက္ပြဲျဖစ္ပြားခဲ့ တာျဖစ္ၿပီး ေဒသခံရြာသား ၂ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ေျပာပါတယ္။

TNLA အဖြဲ႔ဟာ အစိုးရနဲ႔ အပစ္အခတ္ရပ္စဲေရး NCA စာခ်ဳပ္မွာ လက္မွတ္မထိုးထားတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႔ တစ္ခုလည္း ျဖစ္ပါတယ္။

BBC Burmese
http://www.rfa.org/burmese

................................................


ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNLA တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်တပ်ဖွဲ့ဝင်တချို့ ကင်းလှည့်နေစဉ်။ Photo: Kan Thar/RFA
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲနဲ့ မန်တုံမြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ တအာင်းပလောင် လွတ်မြောက်ရေးတပ်မတော် TNLA တို့ မနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

မနေ့မနက်ပိုင်းက တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောပါတယ်။

"မနေ့ကတော့ တိုက်ပွဲ ၂ နေရာ ပြန်ဖြစ်တယ်လေ၊ မနက် ၄ နာရီလောက်ကတော့ မန်တုံမြို့နယ် ခိုတပ်ကျေးရွာထဲမှာဖြစ်တယ်၊ အဲ့ဒီမှာက နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိတယ်၊ ကျနော်တို့ အသေးစိပ်တော့ မသိရသေးဘူး၊ ရွာသား ၂ ယောက်ထိခိုက် ဒဏ်ရာရတာရှိတယ်၊ ၆ နာရီ ၅ဝ လောက်ကတော့ ကျောက်မဲ မြို့နယ် နမ့်ပါကျေးရွာအနီးမှာ တစ်ကြိမ်ပြန်ဖြစ်တယ်၊ အဲ့ဒီမှာတော့ ထိခိုက်ကျဆုံးမှုမရှိဘူး၊ အစိုးရ တပ်ကတော့ ၅ ဦးဒဏ်ရာရတယ်လို့တော့ သိရတယ်"

TNLA တပ်တွေဟာ မနေ့က မန်တုံမြို့နယ် ဟိုတပ်ကျေးရွာမှာ ရှိနေစဉ် အစိုးရတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ တာဖြစ်ပြီး ဒေသခံရွာသား ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

TNLA အဖွဲ့ဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်မှာ လက်မှတ်မထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုလည်း ဖြစ်ပါတယ်။

BBC Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)