ပဲခူး ကေလးေသဆံုးမႈ က်န္းမာေရး၀န္ႀကီးဌာန ရွင္းၿပီ (ပဲခူး ကလေးသေဆုံးမှု ကျန်းမာရေးဝန်ကြီးဌာန ရှင်းပြီ )



ပဲခူးၿမိဳ႕ အေထြေထြ ေရာဂါကုေဆး႐ုံႀကီးတြင္ ေမြးဖြားခဲ့သည့္ကေလးငယ္(၂၈)ဦး ကို ပုဂၢလိကေဆးဆိုင္မွ အသည္းေရာင္အသားဝါ(ဘီ)ပိုး ကာကြယ္ေဆး ဝယ္ယူထိုးႏွံခဲ့ၿပီး ၎အနက္ ေဆး႐ုံမွဆင္းသြားခဲ့ေသာ ကေလးငယ္ (၁၄)ဦး တြင္ (၂)ဦးမွာ ၄င္းတို႔ ေနအိမ္မ်ား၌ ေသဆုံးခဲ့ေၾကာင္း သိရသည္။

အဆိုပါေဆး႐ုံႀကီးတြင္ မတ္ ၄ ရက္မွ ၇ ရက္အတြင္း ကေလးငယ္ (၄၃)ဦး ေမြးဖြားခဲ့သည့္အနက္ (၂၈)ဦးကို ပုဂၢလိကေဆးဆိုင္မွ ဝယ္ယူ လာသည့္ အသည္းေရာင္ အသားဝါ(ဘီ)ပိုးကာကြယ္ေဆး ထိုးႏွံေပးခဲ့ေၾကာင္း၊ ၎အနက္ (၁၄)ဦးသည္ ေဆး႐ုံမွ ဆင္းသြားၿပီးေနာက္ (၂)ဦးမွာ ၄င္းတို႔၏ေန အိမ္၌ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း၊

က်န္ ကေလးငယ္ (၁၂)ဦးကို ေဆး႐ုံ သို႔ ျပန္လည္ေခၚယူ၍ စမ္းသပ္စစ္ေဆးခဲ့ၿပီး (၁၀)ဦးကို ေဆး႐ုံႀကီး ေမြးကင္း စကေလးကုသေဆာင္တြင္ ေစာင့္ၾကပ္ၾကည့္႐ႈလ်က္ရွိေၾကာင္း၊ က်န္ကေလး ငယ္(၂)ဦးမွာ ၄င္းတို႔၏ ေနအိမ္မ်ားတြင္သာ ေစာင့္ၾကပ္ၾကည့္႐ႈလ်က္ ရွိေၾကာင္း သိရသည္။


ေဆး႐ုံတြင္ ဆက္လက္တက္ေရာက္လ်က္ရွိသည့္ ကေလးငယ္(၁၄)ဦးအနက္ ကေလးငယ္တစ္ဦးမွာ အသက္႐ႉၾကပ္ျခင္း၊ အဆုပ္ေကာင္းစြာ အလုပ္ မလုပ္ျခင္း၊ က်န္ (၁၃)ဦးမွာ ႐ုတ္တရက္တက္ျခင္းေရာဂါမ်ား ျဖစ္ပြားခဲ့၍ မတ္ ၇ ရက္ မြန္းလြဲ ၃ နာရီ မိနစ္ ၄၀ မွ စတင္၍ သားဖြားမီးယပ္ကုသေဆာင္မွ ကေလးကုသေဆာင္သို႔ လႊဲေျပာင္း၍ ေစာင့္ၾကပ္ၾကည့္႐ႈေနစဥ္ တစ္ဦးမွာေသဆုံးခဲ့ေၾကာင္း၊ ၄ ဦးမွာ စိုးရိမ္ရသျဖင့္ မတ္ ၉ ရက္ ညေန ၄ နာရီ ၁၀ မိနစ္တြင္ အထူးကုဆရာဝန္မ်ားႏွင့္ သူနာျပဳမ်ား ႀကီးၾကပ္ လိုက္ပါလ်က္ လူနာတင္ယာဥ္မ်ားျဖင့္ ရန္ကင္းကေလးေဆး႐ုံႀကီး အထူးၾကပ္မတ္ ကုသဌာန သို႔ လႊဲေျပာင္းကုသမႈ ခံယူေစလ်က္ရွိေၾကာင္းႏွင့္ က်န္(၁၀)ဦးမွာ ေမြးကင္းစကေလးကုသေဆာင္၌ ေစာင့္ၾကပ္ၾကည့္႐ႈကုသလ်က္ရွိေၾကာင္း သိရသည္။


စစ္ေဆးေတြ႕ရွိခ်က္အရ ကေလးငယ္(၂၈)ဦး ထိုးႏွံခဲ့သည့္ အသည္းေရာင္အသားဝါ(ဘီ)ပိုး ကာကြယ္ေဆးမွာ က်န္းမာေရးဝန္ႀကီးဌာန၊ တိုးခ်ဲ႕ ကာကြယ္ေဆးထိုး စီမံခ်က္ျဖင့္ ေဆာင္႐ြက္ေသာ လုပ္ငန္း မဟုတ္ေၾကာင္း၊ ေမြးကင္းစ ကေလးငယ္မ်ားတြင္ ပိုးဝင္၍ေသြး အဆိပ္ တက္ျခင္း လကၡဏာမ်ား ေတြ႕ရွိမႈမွာ ကာကြယ္ေဆးထိုးျခင္းႏွင့္ ဆက္စပ္ျခင္း ရွိ/မရွိ ဆက္လက္စုံစမ္းေနေၾကာင္းသိရသည္။

အဆိုပါကေလးငယ္ (၂၈)ဦးအား ျပင္ပမွဝယ္ယူ ထိုးႏွံေပးသည့္ ကာကြယ္ေဆး မ်ား မွာ ပဲခူးၿမိဳ႕၊ ပုဂၢလိက ေဆးဆိုင္မွ Engerix B ႏွင့္ Hepavax B ေဆးမ်ားျဖစ္ရာ အဆိုပါ ေဆးမ်ားသည္ ေဆးဝါးအစစ္အမွန္ ဟုတ္/မဟုတ္၊ တရားဝင္လိုင္စင္ျဖင့္ တင္သြင္းျခင္း ဟုတ္/ မဟုတ္ႏွင့္ အစား အေသာက္ႏွင့္ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနတြင္ မွတ္ပုံတင္ ထားျခင္း ရွိ/မရွိတို႔အား ဆက္လက္စိစစ္ေဖာ္ထုတ္လ်က္ရွိေၾကာင္း က်န္းမာေရးဝန္ႀကီး ဌာနမွ သတင္းရရွိသည္။

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/
....................................................................


ပဲခူးမြို့ အထွေထွေ ရောဂါကုဆေးရုံကြီးတွင် မွေးဖွားခဲ့သည့်ကလေးငယ်(၂၈)ဦး ကို ပုဂ္ဂလိကဆေးဆိုင်မှ အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေး ဝယ်ယူထိုးနှံခဲ့ပြီး ၎င်းအနက် ဆေးရုံမှဆင်းသွားခဲ့သော ကလေးငယ် (၁၄)ဦး တွင် (၂)ဦးမှာ ၄င်းတို့ နေအိမ်များ၌ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဆေးရုံကြီးတွင် မတ် ၄ ရက်မှ ရ ရက်အတွင်း ကလေးငယ် (၄၃)ဦး မွေးဖွားခဲ့သည့်အနက် (၂၈)ဦးကို ပုဂ္ဂလိကဆေးဆိုင်မှ ဝယ်ယူ လာသည့် အသည်းရောင် အသားဝါ(ဘီ)ပိုးကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ ၎င်းအနက် (၁၄)ဦးသည် ဆေးရုံမှ ဆင်းသွားပြီးနောက် (၂)ဦးမှာ ၄င်းတို့၏နေ အိမ်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊

ကျန် ကလေးငယ် (၁၂)ဦးကို ဆေးရုံ သို့ ပြန်လည်ခေါ်ယူ၍ စမ်းသပ်စစ်ဆေးခဲ့ပြီး (၁၀)ဦးကို ဆေးရုံကြီး မွေးကင်း စကလေးကုသဆောင်တွင် စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း၊ ကျန်ကလေး ငယ်(၂)ဦးမှာ ၄င်းတို့၏ နေအိမ်များတွင်သာ စောင့်ကြပ်ကြည့်ရှုလျက် ရှိကြောင်း သိရသည်။


ဆေးရုံတွင် ဆက်လက်တက်ရောက်လျက်ရှိသည့် ကလေးငယ်(၁၄)ဦးအနက် ကလေးငယ်တစ်ဦးမှာ အသက်ရှူကြပ်ခြင်း၊ အဆုပ်ကောင်းစွာ အလုပ် မလုပ်ခြင်း၊ ကျန် (၁၃)ဦးမှာ ရုတ်တရက်တက်ခြင်းရောဂါများ ဖြစ်ပွားခဲ့၍ မတ် ရ ရက် မွန်းလွဲ ၃ နာရီ မိနစ် ၄၀ မှ စတင်၍ သားဖွားမီးယပ်ကုသဆောင်မှ ကလေးကုသဆောင်သို့ လွှဲပြောင်း၍ စောင့်ကြပ်ကြည့်ရှုနေစဉ် တစ်ဦးမှာသေဆုံးခဲ့ကြောင်း၊ ၄ ဦးမှာ စိုးရိမ်ရသဖြင့် မတ် ၉ ရက် ညနေ ၄ နာရီ ၁၀ မိနစ်တွင် အထူးကုဆရာဝန်များနှင့် သူနာပြုများ ကြီးကြပ် လိုက်ပါလျက် လူနာတင်ယာဉ်များဖြင့် ရန်ကင်းကလေးဆေးရုံကြီး အထူးကြပ်မတ် ကုသဌာန သို့ လွှဲပြောင်းကုသမှု ခံယူစေလျက်ရှိကြောင်းနှင့် ကျန်(၁၀)ဦးမှာ မွေးကင်းစကလေးကုသဆောင်၌ စောင့်ကြပ်ကြည့်ရှုကုသလျက်ရှိကြောင်း သိရသည်။


စစ်ဆေးတွေ့ရှိချက်အရ ကလေးငယ်(၂၈)ဦး ထိုးနှံခဲ့သည့် အသည်းရောင်အသားဝါ(ဘီ)ပိုး ကာကွယ်ဆေးမှာ ကျန်းမာရေးဝန်ကြီးဌာန၊ တိုးချဲ့ ကာကွယ်ဆေးထိုး စီမံချက်ဖြင့် ဆောင်ရွက်သော လုပ်ငန်း မဟုတ်ကြောင်း၊ မွေးကင်းစ ကလေးငယ်များတွင် ပိုးဝင်၍သွေး အဆိပ် တက်ခြင်း လက္ခဏာများ တွေ့ရှိမှုမှာ ကာကွယ်ဆေးထိုးခြင်းနှင့် ဆက်စပ်ခြင်း ရှိ/မရှိ ဆက်လက်စုံစမ်းနေကြောင်းသိရသည်။

အဆိုပါကလေးငယ် (၂၈)ဦးအား ပြင်ပမှဝယ်ယူ ထိုးနှံပေးသည့် ကာကွယ်ဆေး များ မှာ ပဲခူးမြို့၊ ပုဂ္ဂလိက ဆေးဆိုင်မှ Engerix B နှင့် Hepavax B ဆေးများဖြစ်ရာ အဆိုပါ ဆေးများသည် ဆေးဝါးအစစ်အမှန် ဟုတ်/မဟုတ်၊ တရားဝင်လိုင်စင်ဖြင့် တင်သွင်းခြင်း ဟုတ်/ မဟုတ်နှင့် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်ပုံတင် ထားခြင်း ရှိ/မရှိတို့အား ဆက်လက်စိစစ်ဖော်ထုတ်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သတင်းရရှိသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)