ကၽြန္းစုၿမိဳ႕နယ္ စခန္းသစ္ေက်းရြာအုပ္စု၊ ေတာင္ၿပိဳေက်းရြာ တြင္ ေနအိမ္ (၅၉)အိမ္ မီးေလာင္၍ လူတစ္ဦးေသဆံုး



ကၽြန္းစု၊ မတ္ ၁

ကၽြန္းစုၿမိဳ႕နယ္၊ စခန္းသစ္ေက်းရြာအုပ္စု၊ ေတာင္ၿပိဳေက်းရြာတြင္ မတ္လ (၁)ရက္ေန႔ ည ၁၀နာရီခြဲ အခ်ိန္ခန္႔က ေတာင္ၿပိဳေက်းရြာေန ဦးအာဇိ၏ ေနအိမ္ ကုန္စံုဆုိင္မွ မီးစတင္ေလာင္ကၽြမ္း၍လူေနအိမ္ (၅၉)လံုးမီးေလာင္ကၽြမ္း ကာ လူတစ္ဦးေသဆံုး သြားေၾကာင္းသိရွိရသည္။


ျဖစ္စဥ္မွာေတာင္ၿပိဳေက်းရြာေနဦးအာဇိကုန္စံုဆိုင္မွ ေနအိမ္တြင္ မီးစက္ ခုတ္ေမာင္း ထားရာမွ မီးစက္ေရပိုက္ျပဳတ္က်ကာအပူလြန္ကဲ ကာ အိပ္ေဇာ ပိုက္မွ ထြက္ရွိလာေသာမီးပြားမ်ားမွတဆင့္ အမိုးမိုးထားေသာ ဓနိဖက္မ်ား အားမီးေလာင္ကၽြမ္းကာ ၎မွတဆင့္ မီးစက္ေမာင္းသည့္ ဆီပံုးအားကူးစက္၍ မီးေလာင္ကၽြမ္းမႈျဖစ္ပြားခဲ့ေၾကာင္းသိရသည္။


မီးေလာင္ကၽြမ္းမႈေၾကာင့္ ဦးအာဇိေနအိမ္တြင္ ေနထိုင္လ်က္ ရွိေသာဦးမန္လာ မွာအိပ္ေပ်ာ္ေနစဥ္ မီးေလာင္ကၽြမ္းခံရၿပီးေသဆံုးခဲ့ေၾကာင္းႏွင့္ အိမ္ေျခ(၅၉) လံုးမွ လူဦးေရ(၃၃၀)ဦးမီးေဘးသင့္ခဲ့ၿပီးအဆုိပါေက်းရြာသည္ ကၽြန္းစုၿမိဳ႕နယ္ မွ ေရမိုင္(၃၅)ခန္႔ ကြာေ၀းရွိၿပီး ေရလယ္ကၽြန္းရြာတစ္ရြာျဖစ္၍ အိမ္ေျခ (၁၂၀) ခန္႔ရွိေၾကာင္းသိရွိရသည္။

ရန္ႏိုင္ (ကၽြန္းစု ျပန္/ဆက္)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
.........


ကျွန်းစု၊ မတ် ၁

ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ တောင်ပြိုကျေးရွာတွင် မတ်လ (၁)ရက်နေ့ ည ၁၀နာရီခွဲ အချိန်ခန့်က တောင်ပြိုကျေးရွာနေ ဦးအာဇိ၏ နေအိမ် ကုန်စုံဆိုင်မှ မီးစတင်လောင်ကျွမ်း၍လူနေအိမ် (၅၉)လုံးမီးလောင်ကျွမ်း ကာ လူတစ်ဦးသေဆုံး သွားကြောင်းသိရှိရသည်။


ဖြစ်စဉ်မှာတောင်ပြိုကျေးရွာနေဦးအာဇိကုန်စုံဆိုင်မှ နေအိမ်တွင် မီးစက် ခုတ်မောင်း ထားရာမှ မီးစက်ရေပိုက်ပြုတ်ကျကာအပူလွန်ကဲ ကာ အိပ်ဇော ပိုက်မှ ထွက်ရှိလာသောမီးပွားများမှတဆင့် အမိုးမိုးထားသော ဓနိဖက်များ အားမီးလောင်ကျွမ်းကာ ၎င်းမှတဆင့် မီးစက်မောင်းသည့် ဆီပုံးအားကူးစက်၍ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။


မီးလောင်ကျွမ်းမှုကြောင့် ဦးအာဇိနေအိမ်တွင် နေထိုင်လျက် ရှိသောဦးမန်လာ မှာအိပ်ပျော်နေစဉ် မီးလောင်ကျွမ်းခံရပြီးသေဆုံးခဲ့ကြောင်းနှင့် အိမ်ခြေ(၅၉) လုံးမှ လူဦးရေ(၃၃၀)ဦးမီးဘေးသင့်ခဲ့ပြီးအဆိုပါကျေးရွာသည် ကျွန်းစုမြို့နယ် မှ ရေမိုင်(၃၅)ခန့် ကွာဝေးရှိပြီး ရေလယ်ကျွန်းရွာတစ်ရွာဖြစ်၍ အိမ်ခြေ (၁၂၀) ခန့်ရှိကြောင်းသိရှိရသည်။

ရန်နိုင် (ကျွန်းစု ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)