နောင်ချိုမြို့ နယ်တွင် အရက်ဖိုးငွေတစ်ထောင်ပြန်တောင်းရာမှ လူသတ်မှုဖြစ်ပွား


မတ် (၂၂)





Lashio News Diary
................


မတ် (၂၂)

ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို ့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် မတ်လ (၁၈) ရက်နေ ့က အရက်ဖိုး တစ်ထောင် ပြန်တောင်းရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း၊ လူသတ်မှုဖြစ်ပွားကြောင်းသတင်းရရှိပြီး နာရီပိုင်းအတွင်း လူသတ် တရားခံကို ဖမ်းဆီးရမိခဲ့ကြောင်း နောင်ချိုမြို ့မရဲစခန်းမှ တာဝန်ကျရဲအရာရှိက အတည်ပြုပြောပြသည်။

ဖြစ်ပွားပုံမှာ တင်စိုး (ဘ) ဦးတင်အောင်၊ (၃၄) နှစ်၊ ဓနု/ဗုဒ္ဓ၊ တောင်သူ၊ ပိန္နဲကုန်းကျေးရွာ၊ နောင်ချိုမြို ့နယ်နေသူ သည် မတ်လ (၁၈) ရက်၊ ညနေပိုင်း ၆း၃၀ အချိန်ခန် ့က ရွာတွင်းရှင်ပြုပွဲမှနေအိမ်သို ့ပြန်လည်ရောက်ရှိရာ ၄င်း၏ ဖခင်ဖြစ်သူ ဦးတင်အောင် သည် တစ်ရွာတည်းနေ ကြီးပု(ခ)သိန်းအောင်နှင့် ဖိုးချို တို ့နှစ်ဦးနှင့်အတူ ဖိုးချို၏နေအိမ် တွင် အရက်သောက်နေသည်ကိုတွေ ့ရှိခဲ့ရာ ၄င်းလည်းအတူဝင်သောက်ခဲ့ကြောင်း၊ အရက်ကုန်သွားသဖြင့် ဖိုးချို မှ ငွေကျပ် ၁၀၀၀ိ/- ပေး၍ အရက် (၂)လုံး ၀ယ်ခိုင်းခဲ့ကြောင်း၊ တင်စိုးကလည်း အရက်ဝယ်ယူလာပြိးဆက်သောက်ခဲ့ ကြောင်း၊ နာရီဝက်ခန် ့အကြာတွင် ၄င်း၏ဖခင်ဖြစ်သူ ဦးတင်အောင်နှင့် ကြီးပုတို ့(၂)ဦးမှာ ၄င်းတို ့နေအိမ်သို ့ အသီး သီး ပြန်သွားခဲ့ကြောင်း၊ ၄င်းနှင့်ဖိုးချိုတို ့(၂)ဦးမှာ အရက်ဆက်သောက်ခဲ့ရာ ည ၁၀ နာရီခန် ့တွင် အရက်ကုန်သွား၍ တင်စိုးမှာ ထပြန်ခဲ့ကြောင်း၊ ခြံပေါက်ဝအရောက်၌ ဖိုးချို နောက်မှလိုက်လာပြီး အရက်ဖိုးငွေ ၂၀၀၀ ပေးလိုက်ရာ ၁၀၀၀ ဖိုးသာ ၀ယ်ခဲ့သဖြင့် ကျန်ရှိပိုက်ဆံ ၁၀၀၀ အား ပြန်ပေးရန်ပြောဆိုကြောင်း ရင်ဘတ်ကိုဆွဲကြောင်း၊ တင်စိုး ကလည်း ဖိုးချိုအား လက်သီးဖြင့်ထိုးပြီး ခြံစည်းရိုးတွင်ထောင်ထားသော ၀ါးရင်းတုတ်ဖြင့် (၃)ချက်ခန် ့ ရိုက်ခဲ့ ကြောင်း၊ ဖိုးချိုလဲကျသွားစဉ် နောက်တစ်ချက်ရိုက်ပြီး ဖိုးချိုဝတ်ဆင်ထားသောပုဆိုးဖြင့်အုပ်ခဲ့ကာ ဖခင် ဦးတင်အောင်၏ နေအိမ်သို ့သွားအိပ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည်ဟု သိရသည်။

မတ်လ (၁၈)ရက် ည ၁၀ နာရီခန် ့က ဖြစ်ပွားခဲ့သောလူသတ်မှုကို မတ်လ (၂၀) ရက်၊ နံနက် ၉ နာရီအချိန်တွင်
ပိန္နဲကုန်းကျေးရွာမှ တာဝန်ရှိသူများက နောင်ချိုမြို ့မရဲစခန်းသို ့သတင်းပေးတိုင်တန်းခဲ့ရာ တာဝန်သိပြည်သူတစ်ဦး ၏ သတင်းပေးချက်အရ ယင်းနေ ့တွင်ပင် ညနေပိုင်း ၃ နာရီခန် ့တွင် လူသတ်တရားခံ တင်စိုး ကို ပိန္နဲကုန်းရွာ အနောက်တောင်ဘက်၊ (၄)ဖာလုံခန် ့အကွာရှိ တောင်ယာတဲ၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

သို ့ဖြစ်၍ လူသတ်မှုကျူးလွန်သူ တင်စိုး အား နောင်ချိုမြို ့မရဲစခန်း က (ပ)၃၀/၂၀၁၆၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

Lashio News Diary
https://www.facebook.com/lashio.news.city
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)