စိမ္းလဲ့ကန္သာငါးေလာင္းၿပိဳင္လူသတ္မႈလႊတ္ေတာ္တြင္ ေမးျမန္းသြားမည္ဟုဗဟန္းျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေျပာ(စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုလွှတ်တော်တွင် မေးမြန်းသွားမည်ဟုဗဟန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော)



ယခုႏွစ္မတ္လ၃ရက္တြင္ရွစ္ႏွစ္ျပည့္ေျမာက္ခဲ့ၿပီျဖစ္ေသာရန္ကုန္ျမိဳ႕စိမ္းလဲ့ကန္သာငါးေလာင္းျပိဳင္လူသတ္မႈႏွင့္ပတ္သက္၍လႊတ္ေတာ္တြင္ ေမးခြန္းေမးျမန္းရန္ စီစဥ္ထားေၾကာင္းဗဟန္းျမိဳ႕နယ္ ျပည္သူ႕ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးထြန္းျမင့္ကNews Watchသို႔ ေျပာသည္။

''ဒီကိစၥကမတရားမႈဆိုတာလူတိုင္းသိပါတယ္။ NLD အစိုးရသစ္ကလည္းဒီကိစၥကိုဆက္လက္ကိုင္တြယ္ ေဆာင္ရြက္သြားမွာပါ။ အေျခအေနနဲ႔အခိ်န္အခါကိုၾကည့္ၿပီးလႊတ္ေတာ္မွာေမးခြန္းေမးျမန္းသြားမွာပါ။ အခုရက္ပိုင္းလက္ပံေတာင္းေတာင္ကိစၥ လႊတ္ေတာ္မွာေဆြးေႏြးေတာ့ ဘယ္လိုျဖစ္သြားတယ္ဆိုတာသိတဲ့အတိုင္းပဲေလ။ ကိုယ့္ျမိဳ႕နယ္အတြက္ အစြမ္းကုန္ၾကိဳးစားမယ္။ အက်ဳိးနဲ႔အျပစ္ အေျခအေနနဲ႔ အခိ်န္အခါကိုၾကည့္ၿပီးေမးခြန္းေမးျမန္းသြားမွာပါ''ဟု ၎က ေျပာသည္။

၂၀၀၈ခုနွစ္မတ္လ၃ရက္ကေငြကိုေလလိုသံုးသူဟုစာေရးဆရာၾကီးေသာ္တာေဆြက၎၏စာမ်ားတြင္ထည့္သြင္းေရးသားေဖာ္ျပျခင္းခံခဲ့ရသူမိုးကုတ္သူေ႒းႀကီးဦးျမေမာင္၏သမက္ျဖစ္သူဦးစ၀္ၾကည္၊သမီးျဖစ္သူေဒၚစန္းစန္းျမင့္၊ ေျမးနွစ္ဦးျဖစ္သည့္ ေဒၚျမစႏၵာနွင့္မနွင္းပြင့္ေအးတို႔နွင့္အတူအိမ္အကူအမ်ဳိးသမီးေလးအယ္ေဖာတို႔ကိုအမည္မသိလူသတ္သမားမ်ားကေသနတ္ျဖင့္ ပစ္သတ္မႈေၾကာင့္ ေသဆံုးခဲ့ၾကရသည္။

ျမန္မာႏိုင္ငံ၏တရားဥပေဒစိုးမိုးေရးအေၾကာင္းေျပာသည့္အခါတိုင္းငါးေလာင္းၿပိဳင္လူသတ္မႈကိုထည့္သြင္းေျပာၾကားေလ့ရိွၾကျပီးယင္းလူသတ္မႈတြင္ ယခင္ အာဏာရွင္ေခတ္ကထင္ရွားသူအခ်ဳိ႕ပါ၀င္ ပတ္သက္ဖြယ္ရိွသည္ဟူေသာသတင္းမ်ားေၾကာင့္ ျပည္သူလူထုအေနျဖင့္ စိတ္၀င္စားေနေသာ အမႈႀကီးတခုလည္း ျဖစ္ သည္။

နႏၵမ်ဳိးေဆာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
............


ယခုနှစ်မတ်လ၃ရက်တွင်ရှစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သောရန်ကုန်မြို့စိမ်းလဲ့ကန်သာငါးလောင်းပြိုင်လူသတ်မှုနှင့်ပတ်သက်၍လွှတ်တော်တွင် မေးခွန်းမေးမြန်းရန် စီစဉ်ထားကြောင်းဗဟန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်ကNews Watchသို့ ပြောသည်။

''ဒီကိစ္စကမတရားမှုဆိုတာလူတိုင်းသိပါတယ်။ NLD အစိုးရသစ်ကလည်းဒီကိစ္စကိုဆက်လက်ကိုင်တွယ် ဆောင်ရွက်သွားမှာပါ။ အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီးလွှတ်တော်မှာမေးခွန်းမေးမြန်းသွားမှာပါ။ အခုရက်ပိုင်းလက်ပံတောင်းတောင်ကိစ္စ လွှတ်တော်မှာဆွေးနွေးတော့ ဘယ်လိုဖြစ်သွားတယ်ဆိုတာသိတဲ့အတိုင်းပဲလေ။ ကိုယ့်မြို့နယ်အတွက် အစွမ်းကုန်ကြိုးစားမယ်။ အကျိုးနဲ့အပြစ် အခြေအနေနဲ့ အချိန်အခါကိုကြည့်ပြီးမေးခွန်းမေးမြန်းသွားမှာပါ''ဟု ၎င်းက ပြောသည်။

၂၀၀၈ခုနှစ်မတ်လ၃ရက်ကငွေကိုလေလိုသုံးသူဟုစာရေးဆရာကြီးသော်တာဆွေက၎င်း၏စာများတွင်ထည့်သွင်းရေးသားဖော်ပြခြင်းခံခဲ့ရသူမိုးကုတ်သူဋ္ဌေးကြီးဦးမြမောင်၏သမက်ဖြစ်သူဦးစဝ်ကြည်၊သမီးဖြစ်သူဒေါ်စန်းစန်းမြင့်၊ မြေးနှစ်ဦးဖြစ်သည့် ဒေါ်မြစန္ဒာနှင့်မနှင်းပွင့်အေးတို့နှင့်အတူအိမ်အကူအမျိုးသမီးလေးအယ်ဖောတို့ကိုအမည်မသိလူသတ်သမားများကသေနတ်ဖြင့် ပစ်သတ်မှုကြောင့် သေဆုံးခဲ့ကြရသည်။

မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးရေးအကြောင်းပြောသည့်အခါတိုင်းငါးလောင်းပြိုင်လူသတ်မှုကိုထည့်သွင်းပြောကြားလေ့ရှိကြပြီးယင်းလူသတ်မှုတွင် ယခင် အာဏာရှင်ခေတ်ကထင်ရှားသူအချို့ပါ၀င် ပတ်သက်ဖွယ်ရှိသည်ဟူသောသတင်းများကြောင့် ပြည်သူလူထုအနေဖြင့် စိတ်ဝင်စားနေသော အမှုကြီးတခုလည်း ဖြစ် သည်။

နန္ဒမျိုးဆောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)