ျမစ္ႀကီးနားေထာင္မွာ အက်ဥ္းသား ထက္ဝက္ေက်ာ္မ်ားေနေၾကာင္း ေတြ႔ရွိ


ကခ်င္ျပည္နယ္ ျမစ္ႀကီးနား အက်ဥ္းေထာင္မွာ သတ္မွတ္ထားတဲ့ အက်ဥ္းသား အေရအတြက္ထက္ ေထာင္ထဲ မွာရိွတဲ့ အက်ဥ္းသားအေရအတြက္က ထက္ဝက္ေက်ာ္ေလာက္ ပိုမ်ားေနတာ ေတြ႔ရေၾကာင္း ျမန္မာႏိုင္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္က ေျပာပါတယ္။

ဒီေန႔ ျမစ္ႀကီးနားအက်ဥ္းေထာင္ကို သြားေရာက္စစ္ေဆးခဲ့ရာမွာ အက်ဥ္းသားေတြ မ်ားေနတဲ့အတြက္ သူတို႔ေနထိုင္ ရတဲ့အခက္အခဲေတြကို ေတြ႔ခဲ့ရတယ္ လို႔ ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္အဖြဲ႔ဝင္ ေဒါက္တာ ဥာဏ္ေဇာ္က ေျပာပါတယ္။

"လက္ခံႏိုင္တဲ့အေရအတြက္ထက္ပိုမ်ားေနတဲ့ အက်ဥ္းသားေတြကိုေတြ႔ရတာတစ္ခုပဲ၊ အဲ့ဒါမ်ိဳးေတြ ပဲ ေတြ႔ရတာမ်ားတယ္၊ တစ္ေထာင္ေလာက္ပဲဝင္ ဆန္႔ေပမယ့္ ႏွစ္ေထာင္ေလာက္ရွိတာေတြ႔ရတယ္၊ ဒါေပမယ့္ သူတို႔ကဒီနယ္မွာ ေထာင္ကတစ္ခုပဲရွိတယ္ေလ၊ မိုးညွင္းမွာေထာင္ေဆာက္ေနတုန္း၊ အဲ့ေထာင္ ၿပီးသြားရင္ ဟိုဖက္အက်ဥ္းသားေတြက ဒီဖက္ေထာင္ကိုမလာေတာ့ဘူးဆိုေတာ့ ေလ်ာ႔သြားႏိုင္တာေပါ့"

ကခ်င္ျပည္နယ္မွာ မူးယစ္ေဆးဝါးအမႈနဲ႔ အက်ဥ္းက်ခံေနရသူေတြမ်ားၿပီး သူတို႔ေတြရဲ႕အမႈဟာ ႏွစ္ရွည္ေထာင္ဒဏ္ က်ခံေနရတာေတြရွိတာမို႔ အခုလိုအက်ဥ္းသား အေရအတြက္ မ်ားေနရတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိုင္ငံအမ်ိဳးသားလူ႔အခြင့္အေရးေကာ္မရွင္ဟာ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာရွိတဲ့ အက်ဥ္းေထာင္ေတြကို သြားေရာက္စစ္ေဆးေနတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လပိုင္းကလည္း စစ္ကိုင္းတိုင္းေဒသႀကီး ခႏၱီးအက်ဥ္းေထာင္၊ ရွမ္းျပည္နယ္က လားရႈိးအက်ဥ္းေထာင္ေတြ ကို စစ္ေဆးခဲ့ၿပီး ျမန္မာတစ္ျပည္လံုးက အက်ဥ္းေထာင္ေတြကို စစ္ေဆးလို႔ၿပီးရင္ ၂၀၁၆ ခုႏွစ္အတြက္ အက်ဥ္းေထာင္ စစ္ေဆးခဲ့မႈအေျခအေနေတြကို အစီရင္ခံစာတစ္ေစာင္ ထုတ္ျပန္ဖို႔ရွိပါတယ္။

RFA Burmese
http://www.rfa.org/burmese

...................................................................


ကချင်ပြည်နယ် မြစ်ကြီးနား အကျဉ်းထောင်မှာ သတ်မှတ်ထားတဲ့ အကျဉ်းသား အရေအတွက်ထက် ထောင်ထဲ မှာရှိတဲ့ အကျဉ်းသားအရေအတွက်က ထက်ဝက်ကျော်လောက် ပိုများနေတာ တွေ့ရကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။

ဒီနေ့ မြစ်ကြီးနားအကျဉ်းထောင်ကို သွားရောက်စစ်ဆေးခဲ့ရာမှာ အကျဉ်းသားတွေ များနေတဲ့အတွက် သူတို့နေထိုင် ရတဲ့အခက်အခဲတွေကို တွေ့ခဲ့ရတယ် လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်က ပြောပါတယ်။

"လက်ခံနိုင်တဲ့အရေအတွက်ထက်ပိုများနေတဲ့ အကျဉ်းသားတွေကိုတွေ့ရတာတစ်ခုပဲ၊ အဲ့ဒါမျိုးတွေ ပဲ တွေ့ရတာများတယ်၊ တစ်ထောင်လောက်ပဲဝင် ဆန့်ပေမယ့် နှစ်ထောင်လောက်ရှိတာတွေ့ရတယ်၊ ဒါပေမယ့် သူတို့ကဒီနယ်မှာ ထောင်ကတစ်ခုပဲရှိတယ်လေ၊ မိုးညှင်းမှာထောင်ဆောက်နေတုန်း၊ အဲ့ထောင် ပြီးသွားရင် ဟိုဖက်အကျဉ်းသားတွေက ဒီဖက်ထောင်ကိုမလာတော့ဘူးဆိုတော့ လျော့သွားနိုင်တာပေါ့"

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးအမှုနဲ့ အကျဉ်းကျခံနေရသူတွေများပြီး သူတို့တွေရဲ့အမှုဟာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတာတွေရှိတာမို့ အခုလိုအကျဉ်းသား အရေအတွက် များနေရတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိတဲ့ အကျဉ်းထောင်တွေကို သွားရောက်စစ်ဆေးနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လပိုင်းကလည်း စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးအကျဉ်းထောင်၊ ရှမ်းပြည်နယ်က လားရှိုးအကျဉ်းထောင်တွေ ကို စစ်ဆေးခဲ့ပြီး မြန်မာတစ်ပြည်လုံးက အကျဉ်းထောင်တွေကို စစ်ဆေးလို့ပြီးရင် ၂၀၁၆ ခုနှစ်အတွက် အကျဉ်းထောင် စစ်ဆေးခဲ့မှုအခြေအနေတွေကို အစီရင်ခံစာတစ်စောင် ထုတ်ပြန်ဖို့ရှိပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)