သိန္းေပါင္းေသာင္း ၈ ေထာင္ေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးေတြကို ေတာင္ကုတ္မွာ ဖမ္းမိ


ရခုိင္ျပည္နယ္ ေတာင္ကုတ္ၿမိဳ႕နယ္ "မအီ" စုေပါင္းစစ္ေဆးေရး ဂိတ္မွာ ေငြက်ပ္ သိန္းေပါင္းေသာင္း ၈ ေထာင္ေက်ာ္ တန္ဖုိးရွိတဲ့ WY စာတန္းပါ စိတ္ၾကြမူးယစ္ေဆးဝါး အျပား ၄ သိန္းခြဲကုိ မေန႔က ဖမ္းဆီးရမိခဲ့ပါတယ္။

ရန္ကုန္တုိင္းေဒသႀကီး ေျမာက္ဒဂုံၿမိဳ႕နယ္မွာ ေနထုိင္သူတစ္ဦးေမာင္းနွင္လာတဲ့ Hyundai အမ်ိဳးအစား အိမ္စီးကားကုိ စစ္ေဆးရာမွာ စိတ္ၾကြမူးယစ္ေဆးဝါးေတြကုိ ဖမ္းဆီးရမိခဲ့တာျဖစ္ေၾကာင္း ေတာင္ကုတ္ၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရးမွဴး ဦးလူေမာ္က အတည္ျပဳေျပာပါတယ္။

"ယာဥ္ေမာင္း သိန္းေက်ာ္ဆိုသူ သူ႔ကားကိုစစ္ေတာ့ ယာဥ္ေပၚမွာ အဝါေရာင္ စကၠဴပါကင္နဲ႔ ထုတ္ထားတယ္၊ ယာဥ္ေနာက္က အံဝွက္ထဲထည့္ထားတယ္၊ စိတ္ၾကြေဆးျပားလို႔ ယူဆရတဲ့ ေဆးျပား ၄၅ ထုတ္ဆိုေတာ့ က်ေနာ္တို႔ ၄ သိန္းခြဲေပါ့၊ တစ္ျပားကို ကာလတန္ဖိုး ၄ ေထာင္နဲ႔တြက္ရင္ က်ပ္ သိန္းေပါင္းေသာင္းရွစ္ေထာင္ ေလာက္ရွိတယ္၊ Hyundai အိမ္စီးကား၊ လိုင္စင္ရွိတယ္၊ သူက က်ပ္သိန္း ၁၄၀ ေလာက္ တန္တယ္၊ ေနာက္ေငြစကၠဴ ၃ သိန္းပါတယ္၊ အဲ့ဒါကို က်ေနာ္တို႔ သက္ေသမ်ား ေရွ႕မွာ ရွာေဖြပံုစံနဲ႔ သိမ္းတယ္"

ျမန္မာႏုိင္ငံ ရဲတပ္ဖြဲ႔၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးအဖြဲ႔၊ ျမန္မာႏုိင္ငံ မူးယစ္ႏွိမ္နင္း ေရးအဖြဲ႔တုိ႔ ပူးေပါင္းၿပီး ေတာင္ကုတ္ၿမိဳ႕နယ္ မအီပူးေပါင္းစစ္ေဆးေရးဂိတ္မွာ မတ္လ ၇ ရက္ေန႔ ေန႔လည္က မူးယစ္ေဆးဝါးသယ္ေဆာင္လာသူေတြကုိ ဖမ္းဆီးခဲ့တာျဖစ္ ပါတယ္။

ဖမ္းဆီးရမိခဲ့တဲ့ မူးယစ္ေဆးဝါးေတြဟာ ရန္ကုန္ၿမိဳ႕ကေန ရခုိင္ျပည္နယ္ အမ္းၿမိဳ႕နယ္ကုိ သယ္ေဆာင္လာတာျဖစ္ေၾကာင္းသိရပါတယ္။

ေတာင္ကုတ္ၿမိဳ႕နယ္မွာ ယခင္ကလည္း မူးယစ္ေဆးဝါးေတြဖမ္းဆီးရမိတာေတြရွိခဲ့ၿပီး ေတာင္ကုတ္ၿမိဳ႕ သမုိင္းတစ္ေလွ်ာက္ မူးယစ္ေဆးဝါးဖမ္းဆီးရမိတာဟာ မေန႔က အမ်ားဆုံးျဖစ္ေၾကာင္းလည္း ေတာင္ကုတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးလူေမာ္က ေျပာပါတယ္။

အဲ့ဒီ မူးယစ္ေဆးဝါးေတြကုိသယ္ေဆာင္လာတဲ့ ဦးသိန္းေက်ာ္နဲ႔ ေမာ္ေတာ္ယာဥ္ေပၚမွာ ပါလာတဲ့ သူ႔ရဲ႕အမ်ိဳးသမီး ေဒၚသႏၱာဦးတုိ႔ ၂ ဦးကုိ မအီရဲစခန္းမွာ အမႈဖြင့္စစ္ေဆးေန ေၾကာင္း သိရပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
..............................


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် "မအီ" စုပေါင်းစစ်ဆေးရေး ဂိတ်မှာ ငွေကျပ် သိန်းပေါင်းသောင်း ၈ ထောင်ကျော် တန်ဖိုးရှိတဲ့ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးဝါး အပြား ၄ သိန်းခွဲကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံမြို့နယ်မှာ နေထိုင်သူတစ်ဦးမောင်းနှင်လာတဲ့ Hyundai အမျိုးအစား အိမ်စီးကားကို စစ်ဆေးရာမှာ စိတ်ကြွမူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်ကြောင်း တောင်ကုတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးလူမော်က အတည်ပြုပြောပါတယ်။

"ယာဉ်မောင်း သိန်းကျော်ဆိုသူ သူ့ကားကိုစစ်တော့ ယာဉ်ပေါ်မှာ အဝါရောင် စက္ကူပါကင်နဲ့ ထုတ်ထားတယ်၊ ယာဉ်နောက်က အံဝှက်ထဲထည့်ထားတယ်၊ စိတ်ကြွဆေးပြားလို့ ယူဆရတဲ့ ဆေးပြား ၄၅ ထုတ်ဆိုတော့ ကျနော်တို့ ၄ သိန်းခွဲပေါ့၊ တစ်ပြားကို ကာလတန်ဖိုး ၄ ထောင်နဲ့တွက်ရင် ကျပ် သိန်းပေါင်းသောင်းရှစ်ထောင် လောက်ရှိတယ်၊ Hyundai အိမ်စီးကား၊ လိုင်စင်ရှိတယ်၊ သူက ကျပ်သိန်း ၁၄၀ လောက် တန်တယ်၊ နောက်ငွေစက္ကူ ၃ သိန်းပါတယ်၊ အဲ့ဒါကို ကျနော်တို့ သက်သေများ ရှေ့မှာ ရှာဖွေပုံစံနဲ့ သိမ်းတယ်"

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံ မူးယစ်နှိမ်နင်း ရေးအဖွဲ့တို့ ပူးပေါင်းပြီး တောင်ကုတ်မြို့နယ် မအီပူးပေါင်းစစ်ဆေးရေးဂိတ်မှာ မတ်လ ရ ရက်နေ့ နေ့လည်က မူးယစ်ဆေးဝါးသယ်ဆောင်လာသူတွေကို ဖမ်းဆီးခဲ့တာဖြစ် ပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် အမ်းမြို့နယ်ကို သယ်ဆောင်လာတာဖြစ်ကြောင်းသိရပါတယ်။

တောင်ကုတ်မြို့နယ်မှာ ယခင်ကလည်း မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိတာတွေရှိခဲ့ပြီး တောင်ကုတ်မြို့ သမိုင်းတစ်လျှောက် မူးယစ်ဆေးဝါးဖမ်းဆီးရမိတာဟာ မနေ့က အများဆုံးဖြစ်ကြောင်းလည်း တောင်ကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးလူမော်က ပြောပါတယ်။

အဲ့ဒီ မူးယစ်ဆေးဝါးတွေကိုသယ်ဆောင်လာတဲ့ ဦးသိန်းကျော်နဲ့ မော်တော်ယာဉ်ပေါ်မှာ ပါလာတဲ့ သူ့ရဲ့အမျိုးသမီး ဒေါ်သန္တာဦးတို့ ၂ ဦးကို မအီရဲစခန်းမှာ အမှုဖွင့်စစ်ဆေးနေ ကြောင်း သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)