အစုိးရသစ္နဲ႔ လက္တြဲဖုိ႔ လူ႔အခြင့္အေရး ကုိယ္စားလွယ္ ေမွ်ာ္လင့္

ကုလသမဂၢ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Ms. Yan Hee Lee ကို ေတြ႔ရစဥ္။ Photo: RFA
ကုလသမဂၢ ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Ms. Yanghee Lee ကၿပီးခဲ့တဲ့ ႏုိဝဘၤာလမွာက်င္းပခဲ့တဲ့ ေရြးေကာက္ပြဲဟာ ျမန္မာျပည္သူလူထုရဲ႕ ဒီမုိကေရစီလုိလားမွဳကုိ အထင္အရွားျပသခဲ့တဲ့ သမုိင္းဝင္ အျဖစ္အပ်က္ပါပဲလုိ႔ ေျပာဆုိလုိက္ပါတယ္။

ျမန္မာျပည္ရဲ႕ လူ႔အခြင့္အေရး အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ဆြစ္ဇာလန္ႏုိင္ငံ ဂ်နီဗာၿမိဳ႕မွာက်င္းပတဲ့ ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီ အစည္းအေဝးမွာ မတ္လ ၁၄ ရက္ေန႔က တင္ျပခဲ့ရာမွာ  အရင္က ႏုိင္ငံေရးအက်ဥ္းသားျဖစ္ခဲ့သူ ၁ဝဝ ေက်ာ္ဟာ အခု ျပည္သူ႔ကုိယ္စားလွယ္ေတြအျဖစ္ လႊတ္ေတာ္ေတြအတြင္း ေရာက္ရွိေနၾကၿပီျဖစ္ေၾကာင္း၊ ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အစုိးရသစ္အတြက္ စိမ္ေခၚမႈေတြ အမ်ားႀကီးရွိေနေၾကာင္း၊ လႊတ္ေတာ္မွာ တပ္မေတာ္ကုိယ္စားလွယ္ ၂၅%ပါဝင္တဲ့အတြက္ ဖြဲ႔စည္းပုံျပင္ဆင္ေရး အခက္အခဲရွိေနေၾကာင္း၊ ဒါ့အျပင္ စစ္တပ္က အေရးပါတဲ့ ဝန္ႀကီးဌာန ၃ ခုကုိ ခ်ဳပ္ကုိင္ရယူထားေၾကာင္း၊ ျမန္မာျပည္မွာ လူ႔အခြင့္အေရးနဲ႔ ကုိက္ညီျခင္းကင္းမဲ့တဲ့ ဥပေဒေတြကလည္း ရာနဲ႔ခ်ီျပီး ရွိေနဆဲျဖစ္ေၾကာင္း စသျဖင့္ ကုလအထူး ကုိယ္စားလွယ္ ယန္ဟီးလီ က အစီရင္ခံ ေျပာၾကားခဲ့ပါတယ္။

တဆက္တည္းမွာပဲ ရခုိင္ျပည္နယ္မွာ လူ႔အခြင့္အေရးခ်ဳိးေဖါက္မွဳေတြ ဆုိးဆုိးဝါးဝါး ဆက္လက္ျဖစ္ပြားေနတာကုိ ခုိင္ခုိင္မာမာ အေရးယူဖုိ႔လုိအပ္ေနေၾကာင္း၊  ရုိဟင္ဂ်ာ မြတ္စလင္ေတြအေနနဲ႔ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ သြားလာမႈကန္႔သတ္ခ်က္ေတြကုိ ၾကံဳေတြ႔ေနရေၾကာင္း၊ အစုိးရသစ္အတြက္ အဲ့ဒီျပသနာကုိ ေျဖရွင္းဖုိ႔ အင္မတန္ခက္ခဲမွာျဖစ္သလုိ ဆန္႔က်င္မွဳေတြနဲ႔လည္း အႀကီးအက်ယ္ ရင္ဆုိင္ရဖြယ္ရွိေနေၾကာင္း၊ ဒါေပမဲ့ ဒီကိစၥကုိ မလြဲမေရွာင္သာေျဖရွင္းရမွာျဖစ္ၿပီး ႏုိင္ငံတကာအေနနဲ႔လည္း ကူညီပံ့ပုိးႏုိင္ပါေၾကာင္းနဲ႔ မြတ္စလင္နဲ႔ ရခုိင္လူမႈအဖြဲ႔အစည္း ၂ ခုကို ဆက္လက္ခြဲျခားထားမယ္ဆုိရင္ ျပန္လည္ေပါင္းစည္းေရးဆုိတာ ဘယ္ေတာ့မွ ျဖစ္လာႏုိင္မွာ မဟုတ္ေၾကာင္း ယန္ဟီးလီ ကတင္ျပခဲ့ပါတယ္။

ဒါ့အျပင္ တျခားတုိင္းရင္းသားေဒသေတြမွာ ပဋိပကၡေတြ တုိက္ပြဲေတြ ဆက္လက္ျဖစ္ေပၚေနတာကလည္း ေနာက္ထပ္ျပႆနာတရပ္ျဖစ္ေၾကာင္း၊ တႏုိင္ငံလုံးဆုိင္ရာ အပစ္ရပ္စဲေရးစာခ်ဳပ္ကုိ လက္မွတ္မထုိးေသးတဲ့ အဖြဲ႔ေတြအျပင္ လက္မွတ္ထုိးခြင့္မရခဲ့တဲ့ အဖြဲ႔ေတြလည္း ရွိေၾကာင္း၊ တုိက္ပြဲေတြေၾကာင့္ ေနရပ္ဇာတိကေန ထြက္ေျပးတိမ္းေရွာင္ေနရသူေတြကလည္း ေထာင္ေသာင္းမ်ားစြာရွိေနေၾကာင္း စသျဖင့္ ကုလလူ႔အခြင့္အေရး အထူးကုိယ္စားလွယ္က ေျပာၾကားခဲ့ပါတယ္။

မစ္ယန္ဟီးလီရဲ႕ တင္ျပခ်က္မွာ ပါဝင္တဲ့အခ်က္ေတြနဲ႔ ပတ္သက္ၿပီး ကုလ လူ႔အခြင့္ေရးေကာင္စီဝင္ ႏုိင္ငံေတြကက တုံန္႔ျပန္ေျပာဆုိၾကရမွာ ဥေရာပႏုိင္ငံမ်ားအဖြဲ႔က ႏုိင္ငံေရးအက်ဥ္းသားအားလုံးလႊတ္ေပးေရးကုိ ေထာက္ခံေၾကာင္း၊ တရားဥပေဒစုိးမုိးေရးအတြက္ ျမန္မာအစုိးရသစ္ကုိ အျပည့္အဝ ေထာက္ခံကူညီမွာျဖစ္ေၾကာင္း ေျပာဆုိပါတယ္။

ဂ်ပန္အစုိးရကလည္း ျမန္မာျပည္မွာက်င္းပခဲ့တဲ့ ေရြးေကာက္ပြဲရဲ႕ မွ်တလြတ္လပ္ပုံကုိ ခ်ီးမြမ္းကာ အားကုိးရာမဲ့ ခ်ဳိ႕တဲ့ေနတဲ့ လူမႈအသုိင္းအဝန္းေတြကုိ လက္ရွိနဲ႔ အနာဂတ္အစုိးရအားလုံးက အေရးထားဖုိ႔လုိေၾကာင္း ေျပာပါတယ္။ အေမရိကန္ျပည္ေထာင္စုကေတာ့ ျမန္မာအစုိးရအေနနဲ႔ လမ္းေၾကာင္းမွန္အတုိင္း ေလ်ွက္လွမ္းခဲ့တာကုိ ႀကိဳဆုိေၾကာင္း၊ ဒါေပမယ့္ လႊတ္ေတာ္မွာ စစ္တပ္က ၾသဇာဆက္လက္လႊမ္မုိးေနမွဳနဲ႔ တုိင္းရင္းသားလူနည္းစုေတြအေပၚ အႏုိင္က်င့္မွဳ၊ ခြဲျခားဆက္ဆံမွဳေတြရွိေနတဲ့အတြက္ စုိးရိမ္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။

တရုတ္အစုိးရကေတာ့ ျမန္မာျပည္ဟာ အစီအစဥ္တက် လုပ္ေဆာင္ေနေၾကာင္း၊ ျမန္မာႏုိင္ငံရဲ႕ အမ်ဳိးသားေရး အစဥ္အလာေတြအတုိင္း ဆက္လက္ဖြံၿဖိဳးတုိးတက္ေနမွာျဖစ္ေၾကာင္း၊ တရုတ္ျပည္က ျမန္မာနဲ႔ ဆက္ဆံေရးကုိ တုိးတက္ဖြံၿဖဳိးေအာင္ ဆက္လက္ေဆာင္ရြက္မွာျဖစ္ေၾကာင္းနဲ႔ ႏုိင္ငံတကာအေနနဲ႔လည္း ျမန္မာျပည္ရဲ႕ ဖြံျဖိဳးတုိးတက္ေရးအတြက္ ျမန္မာေတြ ကိုယ္ပုိင္ေရြးခ်ယ္ခြင့္ရွိတာကုိ ေလးစားၾကဖုိ႔လုိေၾကာင္း ေျပာပါတယ္။

ရုရွားႏုိင္ငံကုိယ္စားလွယ္ကေတာ့ ျမန္မာျပည္ရဲ႕ လူ႔အခြင့္ေရးေဆာင္ရြက္မွဳေတြဟာ အျပဳသေဘာေဆာင္ေၾကာင္း နဲ႔ ေရြးေကာက္ပြဲရဲ႕ မွ်တပြင့္လင္းမွဳကုိ ႀကိဳဆုိေၾကာင္းေျပာပါတယ္။

ျမန္မာႏုိင္ငံဆုိင္ရာ လူ႔အခြင့္အေရး အထူးကုိယ္စားလွယ္ Yanghee Lee က နိဂုံးခ်ဳပ္အေနနဲ႔ ျမန္မာျပည္ၿငိမ္းခ်မ္းေရးအတြက္ လူ႔အခြင့္ေရး၊ ေျမယာပုိင္ဆုိင္ခြင့္၊ ရြာပုံးရြာေရွာင္ေတြရဲ႕ဘဝအခက္အခဲေတြကုိ ေျဖရွင္းဖုိ႔ မလြဲမေသလုိအပ္ေၾကာင္း၊ ျမန္မာႏုိင္ငံမွာ လူ႔အခြင့္အေရးဆုိင္ရာ မဟာမင္းႀကီးရုံးထားရွိျခင္းျဖင့္ တုိင္းျပည္အတြက္ အက်ဳိးရွိမွာျဖစ္ေၾကာင္း၊ အခု အစုိးရသစ္နဲ႔ ပူးေပါင္းေဆာင္ရြက္ခြင့္ရမယ္လုိ႔ သူမအေနနဲ႔ ေမွ်ာ္လင့္ပါေၾကာင္း စသျဖင့္ေျပာၾကားရင္း အခုအခ်ိန္ဟာ ႏိုင္ငံတကာအသုိင္းအဝန္းအေနနဲ႔လည္း ျပႆနာေတြကုိ ျပစ္တင္ေျပာဆုိေနရမယ့္ အခ်ိန္မဟုတ္ဘဲ  ျမန္မာႏုိင္ငံရဲ႕ တုိးတက္မွဳေတြကုိ အမွန္အတုိင္း ျမင္ဖုိ႔လုိေၾကာင္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာျပည္မွာ လူမ်ိဳးဘာသာ မတူသူေတြအၾကား လိင္ကိစၥ မတရားျပဳက်င့္မွဳဆုိတာနဲ ႔ပတ္သက္လုိ႔ မလုိအပ္တဲ့ခ်ဲ႕ကား ေျပာဆုိေနတာေတြရွိေၾကာင္းနဲ႔ ဘာသာေရးကုိ ေရွ႕တန္းတင္ၿပီး အမုန္းတရားပြားမ်ားေအာင္ ေျပာၾကားလုပ္ေဆာင္ေနၾကတာေတြကုိလည္း ေရွာင္က်ဥ္သင့္ေၾကာင္း စသျဖင့္ လူ႔အခြင့္အေရးကုိယ္စားလွယ္ ယန္ဟီးလီ က ဂ်နီဗာၿမဳိ႕မွာ ေျပာဆုိ လုိက္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

............................................


ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yan Hee Lee ကို တွေ့ရစဉ်။ Photo: RFA
ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yanghee Lee ကပြီးခဲ့တဲ့ နိုဝင်္ဘာလမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီလိုလားမှုကို အထင်အရှားပြသခဲ့တဲ့ သမိုင်းဝင် အဖြစ်အပျက်ပါပဲလို့ ပြောဆိုလိုက်ပါတယ်။

မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ မတ်လ ၁၄ ရက်နေ့က တင်ပြခဲ့ရာမှာ  အရင်က နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ ၁ဝဝ ကျော်ဟာ အခု ပြည်သူ့ကိုယ်စားလှယ်တွေအဖြစ် လွှတ်တော်တွေအတွင်း ရောက်ရှိနေကြပြီဖြစ်ကြောင်း၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်အတွက် စိမ်ခေါ်မှုတွေ အများကြီးရှိနေကြောင်း၊ လွှတ်တော်မှာ တပ်မတော်ကိုယ်စားလှယ် ၂၅%ပါဝင်တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး အခက်အခဲရှိနေကြောင်း၊ ဒါ့အပြင် စစ်တပ်က အရေးပါတဲ့ ဝန်ကြီးဌာန ၃ ခုကို ချုပ်ကိုင်ရယူထားကြောင်း၊ မြန်မာပြည်မှာ လူ့အခွင့်အရေးနဲ့ ကိုက်ညီခြင်းကင်းမဲ့တဲ့ ဥပဒေတွေကလည်း ရာနဲ့ချီပြီး ရှိနေဆဲဖြစ်ကြောင်း စသဖြင့် ကုလအထူး ကိုယ်စားလှယ် ယန်ဟီးလီ က အစီရင်ခံ ပြောကြားခဲ့ပါတယ်။

တဆက်တည်းမှာပဲ ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်လက်ဖြစ်ပွားနေတာကို ခိုင်ခိုင်မာမာ အရေးယူဖို့လိုအပ်နေကြောင်း၊  ရိုဟင်ဂျာ မွတ်စလင်တွေအနေနဲ့ စားဝတ်နေရေး အခက်အခဲတွေနဲ့ သွားလာမှုကန့်သတ်ချက်တွေကို ကြုံတွေ့နေရကြောင်း၊ အစိုးရသစ်အတွက် အဲ့ဒီပြသနာကို ဖြေရှင်းဖို့ အင်မတန်ခက်ခဲမှာဖြစ်သလို ဆန့်ကျင်မှုတွေနဲ့လည်း အကြီးအကျယ် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း၊ ဒါပေမဲ့ ဒီကိစ္စကို မလွဲမရှောင်သာဖြေရှင်းရမှာဖြစ်ပြီး နိုင်ငံတကာအနေနဲ့လည်း ကူညီပံ့ပိုးနိုင်ပါကြောင်းနဲ့ မွတ်စလင်နဲ့ ရခိုင်လူမှုအဖွဲ့အစည်း ၂ ခုကို ဆက်လက်ခွဲခြားထားမယ်ဆိုရင် ပြန်လည်ပေါင်းစည်းရေးဆိုတာ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ကြောင်း ယန်ဟီးလီ ကတင်ပြခဲ့ပါတယ်။

ဒါ့အပြင် တခြားတိုင်းရင်းသားဒေသတွေမှာ ပဋိပက္ခတွေ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပေါ်နေတာကလည်း နောက်ထပ်ပြဿနာတရပ်ဖြစ်ကြောင်း၊ တနိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်ကို လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေအပြင် လက်မှတ်ထိုးခွင့်မရခဲ့တဲ့ အဖွဲ့တွေလည်း ရှိကြောင်း၊ တိုက်ပွဲတွေကြောင့် နေရပ်ဇာတိကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေကလည်း ထောင်သောင်းများစွာရှိနေကြောင်း စသဖြင့် ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။

မစ်ယန်ဟီးလီရဲ့ တင်ပြချက်မှာ ပါဝင်တဲ့အချက်တွေနဲ့ ပတ်သက်ပြီး ကုလ လူ့အခွင့်ရေးကောင်စီဝင် နိုင်ငံတွေကက တုံန့်ပြန်ပြောဆိုကြရမှာ ဥရောပနိုင်ငံများအဖွဲ့က နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရေးကို ထောက်ခံကြောင်း၊ တရားဥပဒေစိုးမိုးရေးအတွက် မြန်မာအစိုးရသစ်ကို အပြည့်အဝ ထောက်ခံကူညီမှာဖြစ်ကြောင်း ပြောဆိုပါတယ်။

ဂျပန်အစိုးရကလည်း မြန်မာပြည်မှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ မျှတလွတ်လပ်ပုံကို ချီးမွမ်းကာ အားကိုးရာမဲ့ ချို့တဲ့နေတဲ့ လူမှုအသိုင်းအဝန်းတွေကို လက်ရှိနဲ့ အနာဂတ်အစိုးရအားလုံးက အရေးထားဖို့လိုကြောင်း ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုကတော့ မြန်မာအစိုးရအနေနဲ့ လမ်းကြောင်းမှန်အတိုင်း လျှေက်လှမ်းခဲ့တာကို ကြိုဆိုကြောင်း၊ ဒါပေမယ့် လွှတ်တော်မှာ စစ်တပ်က သြဇာဆက်လက်လွှမ်မိုးနေမှုနဲ့ တိုင်းရင်းသားလူနည်းစုတွေအပေါ် အနိုင်ကျင့်မှု၊ ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့အတွက် စိုးရိမ်ကြောင်း ပြောဆိုခဲ့ပါတယ်။

တရုတ်အစိုးရကတော့ မြန်မာပြည်ဟာ အစီအစဉ်တကျ လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ အမျိုးသားရေး အစဉ်အလာတွေအတိုင်း ဆက်လက်ဖွံဖြိုးတိုးတက်နေမှာဖြစ်ကြောင်း၊ တရုတ်ပြည်က မြန်မာနဲ့ ဆက်ဆံရေးကို တိုးတက်ဖွံဖြိုးအောင် ဆက်လက်ဆောင်ရွက်မှာဖြစ်ကြောင်းနဲ့ နိုင်ငံတကာအနေနဲ့လည်း မြန်မာပြည်ရဲ့ ဖွံဖြိုးတိုးတက်ရေးအတွက် မြန်မာတွေ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိတာကို လေးစားကြဖို့လိုကြောင်း ပြောပါတယ်။

ရုရှားနိုင်ငံကိုယ်စားလှယ်ကတော့ မြန်မာပြည်ရဲ့ လူ့အခွင့်ရေးဆောင်ရွက်မှုတွေဟာ အပြုသဘောဆောင်ကြောင်း နဲ့ ရွေးကောက်ပွဲရဲ့ မျှတပွင့်လင်းမှုကို ကြိုဆိုကြောင်းပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က နိဂုံးချုပ်အနေနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးအတွက် လူ့အခွင့်ရေး၊ မြေယာပိုင်ဆိုင်ခွင့်၊ ရွာပုံးရွာရှောင်တွေရဲ့ဘဝအခက်အခဲတွေကို ဖြေရှင်းဖို့ မလွဲမသေလိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးထားရှိခြင်းဖြင့် တိုင်းပြည်အတွက် အကျိုးရှိမှာဖြစ်ကြောင်း၊ အခု အစိုးရသစ်နဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရမယ်လို့ သူမအနေနဲ့ မျှော်လင့်ပါကြောင်း စသဖြင့်ပြောကြားရင်း အခုအချိန်ဟာ နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့လည်း ပြဿနာတွေကို ပြစ်တင်ပြောဆိုနေရမယ့် အချိန်မဟုတ်ဘဲ  မြန်မာနိုင်ငံရဲ့ တိုးတက်မှုတွေကို အမှန်အတိုင်း မြင်ဖို့လိုကြောင်း ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ လူမျိုးဘာသာ မတူသူတွေအကြား လိင်ကိစ္စ မတရားပြုကျင့်မှုဆိုတာနဲ ့ပတ်သက်လို့ မလိုအပ်တဲ့ချဲ့ကား ပြောဆိုနေတာတွေရှိကြောင်းနဲ့ ဘာသာရေးကို ရှေ့တန်းတင်ပြီး အမုန်းတရားပွားများအောင် ပြောကြားလုပ်ဆောင်နေကြတာတွေကိုလည်း ရှောင်ကျဉ်သင့်ကြောင်း စသဖြင့် လူ့အခွင့်အရေးကိုယ်စားလှယ် ယန်ဟီးလီ က ဂျနီဗာမြို့မှာ ပြောဆို လိုက်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)