တလင္တမယားစနစ္က်င့္သုံးျခင္းဆုိင္ရာ အမႈရင္ဆုိင္ေနစဥ္ အခ်ဳပ္ခန္းအတြင္း ကေလးေမြးဖြား

မေကြးတုိင္းေဒသႀကီး မင္းဘူးခရုိင္း စလင္းၿမိဳ႕နယ္ရွိ တေညာင္စံျပေက်းရြာအုပ္စုတြင္ ျဖစ္ပြားခဲ့ေသာ တစ္လင္တစ္မယားစနစ္ ပုဒ္မ၁၃အရ အေရးယူထားေသာ အမ်ဳိးသမီးအသက္၃၇ႏွစ္ခန္႔ရွိသူမွာ အခ်ဳပ္ခန္းအတြင္း မတ္လ၈ရက္ေန႔တြင္ ကေလးေမြးဖြားခဲ့ေၾကာင္း သိရသည္။
အဆုိပါ တစ္လင္တစ္မယား ဥပေဒအရ လြန္ခဲ့ေသာ ၂၀၁၅ခုႏွစ္ကတည္းက အေရးယူ ရုံးတင္စစ္ေဆးေနျခင္းျဖစ္ၿပီး မတ္လ၈ရက္ေန႔တြင္ ယင္းအမ်ဳိးသမီးမွာ အခ်ဳပ္ခန္းအတြင္း မိန္းကေလးတဦး ဖြားခဲ့ျခင္းျဖစ္သည္။ ထုိအခ်ဳပ္ခန္းအတြင္း ကေလးေမြးဖြားခဲ့သူအတြက္ က်န္းမာေရးျပဳစုေစာင့္ေရွာက္ရန္ စလင္းေဆးရုံသုိ႔ ပုိ႔ေပးခဲ့သည္ဟု ကုိယ္တုိင္ကားငွားေပးလုိက္သူ စလင္းၿမိဳ႕မွ အုပ္ခ်ဳပ္ေရးမွဴးတစ္ဦးက ေျပာျပသည္။ ထုိအခ်ဳပ္ခန္းအတြင္း ကေလးေမြးဖြားေသာ အမ်ဳိးသမီးကုိ ရယူထားေသာ အမ်ဳိးသားသည္လည္း ယင္းပုဒ္မႏွင့္ပင္ တရားရင္ဆုိင္ေနရသည္။
ထုိတစ္လင္တစ္မယားစနစ္က်င့္သုံးျခင္းဆုိင္ရာ ဥပေဒပုဒ္မ၁၃အရ အေရးယူထားေသာ အမႈေပါင္းသည္ လြန္ခဲ့ေသာ ၂၀၁၅ ခုႏွစ္ ႏွစ္ကုန္အထိ မင္းဘူးခရုိင္အတြင္း ၆ မႈရွိခဲ့သည္ဟု ခရုိင္ရဲတပ္ဖြဲ႔မွဴးရုံး၏ မွတ္တမ္းမ်ားအရ သိရသည္။ တစ္လင္တစ္ယားစနစ္က်င့္သုံးျခင္းဆုိင္ရာ ဥပေဒအရ အိမ္ေထာင္မရွိဟု လိမ္လည္ၿပီး အမ်ဳိးသမီး (သုိ႔မဟုတ္) အမ်ဳိးသားတဦးကုိ ရယူျပီး တုိင္ၾကားခံရပါက ေထာင္ဒဏ္၇ႏွစ္အထက္ က်ခံရႏုိင္သည္ဟု သိရသည္။
ေစာေက်ာ္၀င္း

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
................................
တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ အမှုရင်ဆိုင်နေစဉ် အချုပ်ခန်းအတွင်း ကလေးမွေးဖွား
------ ------ ------ ------ ------
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်း စလင်းမြို့နယ်ရှိ တညောင်စံပြကျေးရွာအုပ်စုတွင် ဖြစ်ပွားခဲ့သော တစ်လင်တစ်မယားစနစ် ပုဒ်မ၁၃အရ အရေးယူထားသော အမျိုးသမီးအသက်၃၇နှစ်ခန့်ရှိသူမှာ အချုပ်ခန်းအတွင်း မတ်လ၈ရက်နေ့တွင် ကလေးမွေးဖွားခဲ့ကြောင်း သိရသည်။
အဆိုပါ တစ်လင်တစ်မယား ဥပဒေအရ လွန်ခဲ့သော ၂၀၁၅ခုနှစ်ကတည်းက အရေးယူ ရုံးတင်စစ်ဆေးနေခြင်းဖြစ်ပြီး မတ်လ၈ရက်နေ့တွင် ယင်းအမျိုးသမီးမှာ အချုပ်ခန်းအတွင်း မိန်းကလေးတဦး ဖွားခဲ့ခြင်းဖြစ်သည်။ ထိုအချုပ်ခန်းအတွင်း ကလေးမွေးဖွားခဲ့သူအတွက် ကျန်းမာရေးပြုစုစောင့်ရှောက်ရန် စလင်းဆေးရုံသို့ ပို့ပေးခဲ့သည်ဟု ကိုယ်တိုင်ကားငှားပေးလိုက်သူ စလင်းမြို့မှ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောပြသည်။ ထိုအချုပ်ခန်းအတွင်း ကလေးမွေးဖွားသော အမျိုးသမီးကို ရယူထားသော အမျိုးသားသည်လည်း ယင်းပုဒ်မနှင့်ပင် တရားရင်ဆိုင်နေရသည်။
ထိုတစ်လင်တစ်မယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေပုဒ်မ၁၃အရ အရေးယူထားသော အမှုပေါင်းသည် လွန်ခဲ့သော ၂၀၁၅ ခုနှစ် နှစ်ကုန်အထိ မင်းဘူးခရိုင်အတွင်း ၆ မှုရှိခဲ့သည်ဟု ခရိုင်ရဲတပ်ဖွဲ့မှူးရုံး၏ မှတ်တမ်းများအရ သိရသည်။ တစ်လင်တစ်ယားစနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ အိမ်ထောင်မရှိဟု လိမ်လည်ပြီး အမျိုးသမီး (သို့မဟုတ်) အမျိုးသားတဦးကို ရယူပြီး တိုင်ကြားခံရပါက ထောင်ဒဏ်ရနှစ်အထက် ကျခံရနိုင်သည်ဟု သိရသည်။
စောကျော်ဝင်း

News Watch(စောင့်ကြည့်သတင်းဂျာနယ်)




Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)