ခရီးသည္ခ်ေနသည္႕ ယာဥ္အား ဘုရားဖူးယာဥ္က ဝင္တိုက္၊ ႏွစ္ဦး ေသဆံုးၿပီး ၁၅ ဦးဒဏ္ရာရ



မိတီၴလာ မတ္ ၇

ရန္ကုန္-မႏၲေလးအျမန္လမ္း သီးကုန္းအျမန္လမ္း ရဲစခန္းအပိုင္ မိုင္တုိင္အမွတ္(၃ဝ၈/၇)တြင္ ယေန႔ နံနက္ ၆ နာရီခြဲက ခရီးသည္ခ်ေနသည့္ ခရီးသည္တင္ယာဥ္အား ဘုရားဖူးယာဥ္က ေနာက္မွဝင္တုိက္ရာမွ ႏွစ္ဦးေသဆံုးၿပီး ၁၅ ဦး ဒဏ္ရာရရွိခဲ့သည့္ ယာဥ္တုိက္မႈတစ္ခုျဖစ္ပြားခဲ့သည္။

ျဖစ္ပြားပံုမွာ ရန္ကုန္-မႏၲေလးအျမန္လမ္း မုိင္တိုင္ အမွတ္(၃ဝ၈/၇)တြင္ မႏၲေလးၿမိဳ႕ ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္ (၆၁)လမ္းေန ကိုသန္းဝင္းေအာင္(၄၂)ႏွစ္ ေမာင္းႏွင္သည့္ ရန္ကုန္-မႏၲေလး ခရီးသည္တင္ မန္းေရႊၿမိဳ႕ေတာ္ ခရီးသည္ တင္ယာဥ္ 9F/--- ခရီးသည္ခ်ေနစဥ္ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာ(ည)ရပ္ကြက္ေန ေက်ာ္ခိုင္မိုး(၂၃)ႏွစ္ ေမာင္းႏွင္ သည့္ BANGO 9G/--- ယာဥ္က ေနာက္မွဝင္တုိက္ခဲ့သည္။

ဤကဲ့သို႔ ဘုရားဖူးယာဥ္က ခရီးသည္တင္ယာဥ္အား ေနာက္မွ ဝင္ေရာက္တိုက္မိသျဖင့္ ဘုရားဖူးယာဥ္ေပၚပါ ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာ(ဍ)ရပ္ကြက္ေန ဦးေဇာ္သန္းဦး (၅၂)ႏွစ္ႏွင့္ သမီးျဖစ္သူ မမိုးသီတာ(၃၅)ႏွစ္တို႔မွာ ေနရာ တြင္ပင္ ေသဆံုးခဲ့သည္။ ယာဥ္ေမာင္းအပါအဝင္ ဘုရားဖူး ယာဥ္ေပၚပါ သန္းေဇာ္(၃ဝ)ႏွစ္၊ ဦးဝင္းျမင့္(၃၇)ႏွစ္၊ မသက္မာဦး(၃ဝ)ႏွစ္၊ ရဲမင္းထြန္း(၂၄)ႏွစ္၊ ေဒၚျမင့္ျမင့္စိန္ (၅၆)ႏွစ္၊ မခ်စ္ပို(၂၄)ႏွစ္၊ ေမာင္ထက္ေဝယံေက်ာ္ႏွစ္ႏွစ္၊ ဦးဝင္းေရႊ(၆၄)ႏွစ္၊ မေမသႏၲာေဇာ္(၃၅)ႏွစ္၊ မျမင့္ျမင့္(၅၃)ႏွစ္၊ ေဒၚေအးျမင့္ (၅၆)ႏွစ္၊ ကိုုဝင္းႏိုင္ဦး(၂၄)ႏွစ္၊ ကိုမ်ဳိးဟိန္း(၃၃)ႏွစ္၊ မစိမ့္စမ္း(၁ ႏွစ္ ၆ လ) တို႔မွာ ဒဏ္ရာမ်ားရရွိသျဖင့္ မိတီၴလာေဆး႐ံုႀကီးတြင္ အတြင္း လူနာအျဖစ္ တင္ပို႔ထားရသည္။

ယာဥ္တုိက္မႈျဖစ္လွ်င္ျဖစ္ျခင္း သီးကုန္းအျမန္လမ္းမွ ရဲအုပ္ ေဌးေအာင္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ အျမန္လမ္းၾကက္ေျခနီ တပ္ဖြဲ႕တပ္ရင္းမွဴး ဦးေနဦးတို႔က ဒဏ္ရာရရွိေသာ ခရီးသည္မ်ားအား မိတီၴလာေဆး႐ံုသို႔ အျမန္ကူညီတင္ပို႔ေပး ၾကသည္။ သီးကုန္းအျမန္လမ္းရဲစခန္းမွ ယာဥ္တုိက္မႈအား စစ္ေဆးေဆာင္ရြက္လ်က္ရွိသည္။

တင္လႈိင္(မိတီၴလာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily

...................................


မိတ္ထီလာ မတ် ရ

ရန်ကုန်-မန္တလေးအမြန်လမ်း သီးကုန်းအမြန်လမ်း ရဲစခန်းအပိုင် မိုင်တိုင်အမှတ်(၃ဝ၈/၇)တွင် ယနေ့ နံနက် ၆ နာရီခွဲက ခရီးသည်ချနေသည့် ခရီးသည်တင်ယာဉ်အား ဘုရားဖူးယာဉ်က နောက်မှဝင်တိုက်ရာမှ နှစ်ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့သည့် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့သည်။

ဖြစ်ပွားပုံမှာ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် အမှတ်(၃ဝ၈/၇)တွင် မန္တလေးမြို့ ပြည်ကြီးတံခွန် မြို့နယ် (၆၁)လမ်းနေ ကိုသန်းဝင်းအောင်(၄၂)နှစ် မောင်းနှင်သည့် ရန်ကုန်-မန္တလေး ခရီးသည်တင် မန်းရွှေမြို့တော် ခရီးသည် တင်ယာဉ် 9F/--- ခရီးသည်ချနေစဉ် ရန်ကုန်မြို့ မြောက်ဥက္ကလာ(ည)ရပ်ကွက်နေ ကျော်ခိုင်မိုး(၂၃)နှစ် မောင်းနှင် သည့် BANGO 9G/--- ယာဉ်က နောက်မှဝင်တိုက်ခဲ့သည်။

ဤကဲ့သို့ ဘုရားဖူးယာဉ်က ခရီးသည်တင်ယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိသဖြင့် ဘုရားဖူးယာဉ်ပေါ်ပါ ရန်ကုန်မြို့ မြောက်ဥက္ကလာ(ဍ)ရပ်ကွက်နေ ဦးဇော်သန်းဦး (၅၂)နှစ်နှင့် သမီးဖြစ်သူ မမိုးသီတာ(၃၅)နှစ်တို့မှာ နေရာ တွင်ပင် သေဆုံးခဲ့သည်။ ယာဉ်မောင်းအပါအဝင် ဘုရားဖူး ယာဉ်ပေါ်ပါ သန်းဇော်(၃ဝ)နှစ်၊ ဦးဝင်းမြင့်(၃၇)နှစ်၊ မသက်မာဦး(၃ဝ)နှစ်၊ ရဲမင်းထွန်း(၂၄)နှစ်၊ ဒေါ်မြင့်မြင့်စိန် (၅၆)နှစ်၊ မချစ်ပို(၂၄)နှစ်၊ မောင်ထက်ဝေယံကျော်နှစ်နှစ်၊ ဦးဝင်းရွှေ(၆၄)နှစ်၊ မမေသန္တာဇော်(၃၅)နှစ်၊ မမြင့်မြင့်(၅၃)နှစ်၊ ဒေါ်အေးမြင့် (၅၆)နှစ်၊ ကိုုဝင်းနိုင်ဦး(၂၄)နှစ်၊ ကိုမျိုးဟိန်း(၃၃)နှစ်၊ မစိမ့်စမ်း(၁ နှစ် ၆ လ) တို့မှာ ဒဏ်ရာများရရှိသဖြင့် မိတ္ထီလာဆေးရုံကြီးတွင် အတွင်း လူနာအဖြစ် တင်ပို့ထားရသည်။

ယာဉ်တိုက်မှုဖြစ်လျှင်ဖြစ်ခြင်း သီးကုန်းအမြန်လမ်းမှ ရဲအုပ် ဌေးအောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အမြန်လမ်းကြက်ခြေနီ တပ်ဖွဲ့တပ်ရင်းမှူး ဦးနေဦးတို့က ဒဏ်ရာရရှိသော ခရီးသည်များအား မိတ္ထီလာဆေးရုံသို့ အမြန်ကူညီတင်ပို့ပေး ကြသည်။ သီးကုန်းအမြန်လမ်းရဲစခန်းမှ ယာဉ်တိုက်မှုအား စစ်ဆေးဆောင်ရွက်လျက်ရှိသည်။

တင်လှိုင်(မိတ္ထီလာ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)