လပြတၱာမွာ ပုဒ္မ ၁၄၄ ထုတ္ျပန္

လပၸတၱာၿမိဳ႕မွာ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က မီးေလာင္ခဲ့တာေၾကာင့္ ပ်က္စီးေနတဲ့ေနအိမ္ေတြကို ေတြ႕ရစဥ္။ Photo: Kyaw Htoon Naing/RFA
ဧရာ၀တီတိုင္းေဒသႀကီး လပြတၱာၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၄ရက္ေန႔က မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ ရပ္ကြက္ ၃ခုမွာ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖဲြ႔က ပုဒ္မ ၁၄၄ ထုတ္ျပန္လိုက္ပါတယ္။

မီးေလာင္မႈျဖစ္ပြားခဲ့တဲ့ေနရာမွာ ခြင့္ျပဳခ်က္မရရွိဘဲ ေနအိမ္ျပန္လည္ေဆာက္လုပ္ ေနတာေတြ ရွိေနတာေၾကာင့္ ပုဒ္မ ၁၄၄ အမိန္႔ထုတ္လိုက္တာလို႔ လပြတၱာၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးတိုးတိုးထြန္းက ေျပာပါတယ္။

"အဓိကကေတာ့ မီးေလာင္လြင္ျပင္ေနရာမွာ စနစ္တက်အကြက္ျပန္ရိုက္ၿပီးမွ ခြင့္ျပဳခ်က္က်မွ ေဆာက္ဖို႔လိုပါတယ္၊ တခ်ိဳ႕ကဒါေတြကို မလိုက္နာပဲ စည္းမဲ့ကမ္းမဲ့ လုပ္တာေတြ ဒီထက္စည္းကမ္းမပ်က္ေအာင္ ထုတ္လိုက္တာ၊ အမ်ားျပည္သူထိခိုက္ နစ္နာေစမယ့္ကိစၥေတြ မေဆာင္ရြက္ဖို႔၊ အဓိကဒါေတြကိုရည္ရြယ္တာပါ၊ လူေတြက စည္းမဲ့ကမ္းမဲ့အရမ္းမ်ားတယ္၊ မီးေလာင္ျပင္ဆိုတာမဝင္ရဘူး၊ မီးေလာင္ျပင္မွာ ဝင္ၿပီးေတာ့ စီးပြားရွာတာရွိတယ္၊ သံတိုသံစေကာက္တာရွိတယ္၊ အမွန္ေတာ့ မီးေလာင္ျပင္ဆိုတာအျပင္လူမဝင္ရဘူး၊ မလိုလားအပ္တဲ့ ျပႆနာေတြျဖစ္မွာဆိုးလို႔ ႀကိဳတင္ၿပီးေတာ့ ကာကြယ္ထားတာပါ"

အဲဒီပုဒ္မ ၁၄၄ ဟာ ၂ လ အက်ံဳး၀င္မွာျဖစ္ၿပီး ေဒသခံေတြ သိရွိႏုိင္ေအာင္ လိုက္လံေၾကညာထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၄ ရက္ေန႔က လပြတၱာၿမိဳ႕ အမွတ္ ၁၊ ၄ နဲ႔ ၅ ရပ္ကြက္ေတြက အိမ္ေျခ ၂၀၀ နီးပါးနဲ႔ ဂဏန္းေရာင္းဝယ္ေရး ဆိုင္ခန္း ၁၃၀ ေက်ာ္ မီးေလာင္ ပ်က္စီးခဲ့ပါတယ္။

မီးေဘးဒုကၡသည္ေတြအတြက္ ဖြင့္ေပးထားတဲ့ ယာယီကယ္ဆယ္ေရးစခန္းမွာ အိမ္ေထာင္စု ရွစ္စုေလာက္သာ ေနထိုင္ေနၾကၿပီး အမ်ားစုက နီးစပ္ရာေဆြမ်ိဳး အိမ္ေတြမွာ ေနထိုင္ေနၾကတယ္လို႔လည္း သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................
 လပ္ပတ္တာမြို့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့က မီးလောင်ခဲ့တာကြောင့် ပျက်စီးနေတဲ့နေအိမ်တွေကို တွေ့ရစဉ်။ Photo: Kyaw Htoon Naing/RFA
ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ရပ်ကွက် ၃ခုမှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ ခွင့်ပြုချက်မရရှိဘဲ နေအိမ်ပြန်လည်ဆောက်လုပ် နေတာတွေ ရှိနေတာကြောင့် ပုဒ်မ ၁၄၄ အမိန့်ထုတ်လိုက်တာလို့ လပွတ္တာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတိုးတိုးထွန်းက ပြောပါတယ်။

"အဓိကကတော့ မီးလောင်လွင်ပြင်နေရာမှာ စနစ်တကျအကွက်ပြန်ရိုက်ပြီးမှ ခွင့်ပြုချက်ကျမှ ဆောက်ဖို့လိုပါတယ်၊ တချို့ကဒါတွေကို မလိုက်နာပဲ စည်းမဲ့ကမ်းမဲ့ လုပ်တာတွေ ဒီထက်စည်းကမ်းမပျက်အောင် ထုတ်လိုက်တာ၊ အများပြည်သူထိခိုက် နစ်နာစေမယ့်ကိစ္စတွေ မဆောင်ရွက်ဖို့၊ အဓိကဒါတွေကိုရည်ရွယ်တာပါ၊ လူတွေက စည်းမဲ့ကမ်းမဲ့အရမ်းများတယ်၊ မီးလောင်ပြင်ဆိုတာမဝင်ရဘူး၊ မီးလောင်ပြင်မှာ ဝင်ပြီးတော့ စီးပွားရှာတာရှိတယ်၊ သံတိုသံစကောက်တာရှိတယ်၊ အမှန်တော့ မီးလောင်ပြင်ဆိုတာအပြင်လူမဝင်ရဘူး၊ မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်မှာဆိုးလို့ ကြိုတင်ပြီးတော့ ကာကွယ်ထားတာပါ"

အဲဒီပုဒ်မ ၁၄၄ ဟာ ၂ လ အကျုံးဝင်မှာဖြစ်ပြီး ဒေသခံတွေ သိရှိနိုင်အောင် လိုက်လံကြေညာထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၄ ရက်နေ့က လပွတ္တာမြို့ အမှတ် ၁၊ ၄ နဲ့ ၅ ရပ်ကွက်တွေက အိမ်ခြေ ၂၀၀ နီးပါးနဲ့ ဂဏန်းရောင်းဝယ်ရေး ဆိုင်ခန်း ၁၃၀ ကျော် မီးလောင် ပျက်စီးခဲ့ပါတယ်။

မီးဘေးဒုက္ခသည်တွေအတွက် ဖွင့်ပေးထားတဲ့ ယာယီကယ်ဆယ်ရေးစခန်းမှာ အိမ်ထောင်စု ရှစ်စုလောက်သာ နေထိုင်နေကြပြီး အများစုက နီးစပ်ရာဆွေမျိုး အိမ်တွေမှာ နေထိုင်နေကြတယ်လို့လည်း သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)