မြို့ချောင်းကျေးရွာ မီးလောင်မှု နေအိမ်ပေါင်း ၄၂ လုံး မီးလောင်ဆုံးရှုံး


 အမြန်လမ်းမကြီး ၄ မိုင်အနီး မြို့ချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ကျောက်တံခါး မတ် ၅

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း ကျေးရွာအုပ်စု မြို့ချောင်းကျေးရွာ အမြန်လမ်းမိုင်တိုင် အမှတ် (၈၄)အနီး လမ်း၏အရှေ့ဘက် တစ်ဖာလုံခန့် အကွာ ဈေးတန်း(၁)ရပ်ကွက်တွင် မတ် ၅ ရက် မွန်းတည့် ၁၂ နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ကျောက်တံခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့် ကျော်လွင်နှင့် တာဝန်ရှိသူများ၊ ဖြူး၊ တောကျွဲအင်း၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ဖဒို၊ မြို့ချောင်း၊ အုန်းရှစ်ကုန်းမှ မီးသတ် ယာဉ် ၁ဝ စီး၊ ရေသယ်ယာဉ် သုံးစီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

မီးလောင်ရသည့်အကြောင်းမှာ မြို့ချောင်းဈေးတန်း (၁)ရပ်ကွက်နေ စီကူမာ (၃၂) နှစ်၏ နေအိမ်မီးဖိုချောင်တွင် ထမင်းချက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် ပေါင်း ၄၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။


ခင်ကို(ကျောက်တံခါး)
The Mirror Daily
.......................


 အမြန်လမ်းမကြီး ၄ မိုင်အနီး မြ်ို့ချောင်းကျေးရွာတွင် မီးလောင်မှုဖြစ်ပွား

ကျောက်တံခါး မတ် ၅

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် မြို့ချောင်း ကျေးရွာအုပ်စု မြို့ချောင်းကျေးရွာ အမြန်လမ်းမိုင်တိုင် အမှတ် (၈၄)အနီး လမ်း၏အရှေ့ဘက် တစ်ဖာလုံခန့် အကွာ စျေးတန်း(၁)ရပ်ကွက်တွင် မတ် ၅ ရက် မွန်းတည့် ၁၂ နာရီက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ တောင်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး၊ ကျောက်တံခါးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင့် ကျော်လွင်နှင့် တာဝန်ရှိသူများ၊ ဖြူး၊ တောကျွဲအင်း၊ ကညွတ်ကွင်း၊ ပဲနွယ်ကုန်း၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ညောင်လေးပင်၊ ဖဒို၊ မြို့ချောင်း၊ အုန်းရှစ်ကုန်းမှ မီးသတ် ယာဉ် ၁ဝ စီး၊ ရေသယ်ယာဉ် သုံးစီးတို့ဖြင့် မီးငြိှမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီခွဲတွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းလွဲ ၂ နာရီ တွင် မီးလုံးဝငြိမ်းသွားခဲ့သည်။

မီးလောင်ရသည့်အကြောင်းမှာ မြို့ချောင်းစျေးတန်း (၁)ရပ်ကွက်နေ စီကူမာ (၃၂) နှစ်၏ နေအိမ်မီးဖိုချောင်တွင် ထမင်းချက်ရာမှ မီးစတင်လောင်ကျွမ်းခဲ့ရာ နေအိမ် ပေါင်း ၄၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်ပျက်စီးခဲ့သည့် အိမ်ထောင်စုပေါင်း ၄၂ စုအား မြို့ချောင်းကျေးရွာတွင် ယာယီကယ်ဆယ်ရေး စခန်းများဖွင့်လှစ်ကာ တာဝန်ရှိသူများနှင့် စေတနာရှင် ပြည်သူများက ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခင်ကို(ကျောက်တံခါး)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)