မင်းတပ်ဈေးမီး ပြည်နယ်ဝန်ကြီးချုပ်ရှို့ခိုင်းတာလို့ပြောတဲ့ မြို့ခံ ၄ ဦးကို ဖမ်းဆီး


ချင်းပြည်နယ် မင်းတပ်မြို့က စည်ပင်သာယာဈေး မီးလောင်တာဟာ ပြည်နယ်ဝန်ကြီးချုပ်က မီးရှို့ခိုင်းတာဖြစ်ကြောင်း ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ မင်းတပ်မြို့ခံ ၄ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။



 ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မင်းတပ်မြို့ စည်ပင်သာယာဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၃ဝ ကျော်၊ ငွေကျပ် သိန်း ၇ဝ ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး မီးရှို့သူကိုလည်း မင်းတပ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

RFA Burmese TV Channel
https://www.facebook.com/BurmeseTV.RFA




.............................................................................................................................................................
ချင်းပြည်နယ် မင်းတပ်မြို့က စည်ပင်သာယာစျေး မီးလောင်တာဟာ ပြည်နယ်ဝန်ကြီးချုပ်က မီးရှို့ခိုင်းတာဖြစ်ကြောင်း ဖေ့ဘွတ်စ်မှာ တင်ခဲ့တဲ့ မင်းတပ်မြို့ခံ ၄ ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ချင်းပြည်နယ်ဝန်ကြီးချုပ် ကိုယ်စား မင်းတပ်မြို့နယ် အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး ခရစ်ယာန် ဓမ္မဆရာ ၃ ဦးနဲ့ ကိုးတန်းကျောင်းသားတဦးကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်ထားတာလို့ မင်းတပ်မြို့မရဲစခန်းက ပြောပါတယ်။သူတို့လေးဦးကို ရန်ကုန်တိုင်း မြောက်ဒဂုံ၊ ရွှေပြည်သာ၊ လှိုင်သာယာနဲ့ တိုက်ကြီးမြို့နယ်တွေကနေ ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မင်းတပ်မြို့ စည်ပင်သာယာစျေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းပေါင်း ၃ဝ ကျော်၊ ငွေကျပ် သိန်း ရဝ ကျော်ဖိုး ဆုံးရှုံးခဲ့ပြီး မီးရှို့သူကိုလည်း မင်းတပ်မြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လိသိရပါတယ်။
RFA Burmese TV Channel
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)