အပူခ်ိန္လြန္ကဲတဲ့ အခ်ိန္မွာ ဆိုလာျပားေတြကို သတိထားသံုးစြဲသင့္

shared by knight on 12/03/16  -  duwun.com.mm  -  သတင္း

ဆိုလာျပားေတြကို အဓိက အသံုးျပဳေနၾကတဲ့ သူေတြအေနနဲ႔ ရာသီဥတု အရမ္းပူျပင္းေနတဲ့အခ်ိန္မွာ သတိထားအသံုးျပဳသင့္တယ္လို႔ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္ တာ၀န္ရွိသူတစ္ဦးက ေျပာခဲ့ပါတယ္။

ဆိုလာျပားေတြကို တပ္ဆင္အသံုးျပဳတဲ့သူေတြအေနနဲ႔ ေနအိမ္ အေဆာက္အအံုေတြနဲ႔ လြတ္ကင္းတဲ့ေနရာ (ဒါမွမဟုတ္) ဆိုလာျပား အားသြင္းတဲ့ေနရာကို ေနအိမ္ေတြနဲ႔ လြတ္ကင္းတဲ့ ေနရာေတြမွာ ေနရာေပးဖို႔လိုအပ္တယ္လို႔ ျမန္မာႏုိင္ငံမီးသတ္ တပ္ဖဲြ႕ဌာနခ်ဳပ္ ကြပ္ကဲေရးစင္တာ တာ၀န္ခံဦးေရႊဘက ေျပာပါတယ္။

‘‘ပူလာတဲ့အခါက်ေတာ့ ၀ုိင္ယာေတြေပ်ာ့လာတယ္။ ေပ်ာ့လာေတာ့ ၀ုိင္ယာ ႏွစ္ခုသြားပူးၿပီး မီးေလာင္တာ’’ လုိ႔ သူကရွင္းျပပါတယ္။

ဆုိလာျပားကေန တစ္ဆင့္ မီးေလာင္ရတဲ့ အဓိကအေၾကာင္းအရင္းက အားသြင္းရာမွာ အဓိကအေရးပါတဲ့(Charge Controller) (ဘက္ထရီ အားျပည့္ခါနီးႏွင့္ ျပည့္ေသာအခါ လွ်ပ္စီးႏႈန္းကို ထိန္းခ်ဳပ္ေပးသည့္ ကိရိယာ)မတပ္ဆင္ၾကတာေၾကာင့္ ျဖစ္ႏုိင္တယ္လုိ႔ ရန္ကုန္ၿမိဳႈ ဆုိလာျပား ေရာင္းခ်တဲ့ ကုမၸဏီတစ္ခုက ဆုိလာပညာရွင္တစ္ဦးက ေျပာပါတယ္။

ဆုိလာျပားနဲဘက္ထရီအုိးၾကား ခ်ိတ္ဆက္အသုံးျပဳတဲ့ ဆုိလာ၀ိုင္ယာႀကိဳးကို ေနအပူဒဏ္ခံႏုိင္ဖို႔နဲ႔ အပူခ်ိန္မတက္ေစဖို႔ ပိုက္လုံးထဲထည့္ၿပီး အသုံးျပဳသင့္တယ္လို႔ မေကြးတုိင္း ၿမိဳင္ၿမိဳ႕နယ္က ဆုိလာျပားေရာင္းခ်သူ ကိုသန္းႏုိင္ဦးက ေျပာပါတယ္။
ဆိုလာျပားအားသြင္းရာမွာလည္း သတ္မွတ္ခ်က္မရွိပဲ အားျပည့္မျပည့္ သိႏိုင္တဲ့ ဒိုင္ခြက္လို ၾကားခံပစၥည္းေတြမရွိတာေၾကာင့္ ရာသီဥတုပူလာတဲ့အခ်ိန္မွာ ဘက္ထရီအုိးေပါက္ကဲြတာေတြ ျဖစ္ႏိုင္တယ္လုိ႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီ ၁၆ ရက္ကလည္း သာစည္ၿမိဳ႕နယ္ မိတၳီလာ-သာစည္ ကားလမ္းမေဘးက မိုင္တုိင္(၁၄)နားမွာ ဆုိလာျပား အားသြင္းရင္းမီးပြားက်ကာ မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားခဲ့တယ္လုိ႔ သိရပါတယ္။

Source : 7DayDaily

Photo : 7DayDaily,collective-evolution
..........................
အပူချိန်လွန်ကဲတဲ့ အချိန်မှာ ဆိုလာပြားတွေကို သတိထားသုံးစွဲသင့်

shared by knight on 12/03/16  -  duwun.com.mm  -  သတင်း

ဆိုလာပြားတွေကို အဓိက အသုံးပြုနေကြတဲ့ သူတွေအနေနဲ့ ရာသီဥတု အရမ်းပူပြင်းနေတဲ့အချိန်မှာ သတိထားအသုံးပြုသင့်တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ် တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

ဆိုလာပြားတွေကို တပ်ဆင်အသုံးပြုတဲ့သူတွေအနေနဲ့ နေအိမ် အဆောက်အအုံတွေနဲ့ လွတ်ကင်းတဲ့နေရာ (ဒါမှမဟုတ်) ဆိုလာပြား အားသွင်းတဲ့နေရာကို နေအိမ်တွေနဲ့ လွတ်ကင်းတဲ့ နေရာတွေမှာ နေရာပေးဖို့လိုအပ်တယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဌာနချုပ် ကွပ်ကဲရေးစင်တာ တာဝန်ခံဦးရွှေဘက ပြောပါတယ်။

‘‘ပူလာတဲ့အခါကျတော့ ၀ုိင်ယာတွေပျော့လာတယ်။ ပျော့လာတော့ ၀ုိင်ယာ နှစ်ခုသွားပူးပြီး မီးလောင်တာ’’ လို့ သူကရှင်းပြပါတယ်။

ဆိုလာပြားကနေ တစ်ဆင့် မီးလောင်ရတဲ့ အဓိကအကြောင်းအရင်းက အားသွင်းရာမှာ အဓိကအရေးပါတဲ့(Charge Controller) (ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေးသည့် ကိရိယာ)မတပ်ဆင်ကြတာကြောင့် ဖြစ်နိုင်တယ်လို့ ရန်ကုန်မြိုှု ဆိုလာပြား ရောင်းချတဲ့ ကုမ္ပဏီတစ်ခုက ဆိုလာပညာရှင်တစ်ဦးက ပြောပါတယ်။

ဆိုလာပြားနဲဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုတဲ့ ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ဖို့နဲ့ အပူချိန်မတက်စေဖို့ ပိုက်လုံးထဲထည့်ပြီး အသုံးပြုသင့်တယ်လို့ မကွေးတိုင်း မြိုင်မြို့နယ်က ဆိုလာပြားရောင်းချသူ ကိုသန်းနိုင်ဦးက ပြောပါတယ်။
ဆိုလာပြားအားသွင်းရာမှာလည်း သတ်မှတ်ချက်မရှိပဲ အားပြည့်မပြည့် သိနိုင်တဲ့ ဒိုင်ခွက်လို ကြားခံပစ္စည်းတွေမရှိတာကြောင့် ရာသီဥတုပူလာတဲ့အချိန်မှာ ဘက်ထရီအိုးပေါက်ကွဲတာတွေ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၆ ရက်ကလည်း သာစည်မြို့နယ် မိတ္ထီလာ-သာစည် ကားလမ်းမဘေးက မိုင်တိုင်(၁၄)နားမှာ ဆိုလာပြား အားသွင်းရင်းမီးပွားကျကာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Source : 7DayDaily

Photo : 7DayDaily,collective-evolution
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)