ရွမ္းျပည္ေျမာက္ပုိင္း ဒုကၡသည္ေတြအေရး ကုလလြန္စြာစုိးရိမ္


ရွမ္းျပည္ေျမာက္ပိုင္းက တုိက္ပြဲေတြေၾကာင့္ ေဒသခံအရပ္သားျပည္သူေတြ ထိခိုက္နစ္နာေနရတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး လြန္စြာစိုးရိမ္ေၾကာင္း ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢဌာေနကိုယ္စားလွယ္႐ံုးက ဗုဒၶဟူးေန႔မွာ ေၾကညာခ်က္ထုတ္ျပန္လုိက္ပါတယ္။

ဒီတုိက္ပြဲေတြေၾကာင့္ ထြက္ေျပး ခဲ့ၾကရတဲ့ ဒုကၡသည္ ၅ ေထာင္နီးပါး အိမ္မျပန္ႏုိင္ၾကေသးဘဲ ရွိေနဆဲျဖစ္ၿပီး၊ လက္နက္ကိုင္ပဋိပကၡမွာ ပါ၀င္သူ အဖြဲ႔စည္းအားလံုးအေနနဲ႔ ျပႆနာကို ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေတြ႔ဆံု ေဆြးေႏြး အေျဖရွာၾကဖို႔ကိုလည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ တြဲဘက္ေျပာခြင့္ရပုဂၢိဳလ္က သတင္းစာရွင္းလင္းပြဲအတြင္း  တုိက္တြန္းထားတာပါ။ အေသးစိတ္ကိုေတာ့ မနႏၵာခ်မ္း က တင္ျပထားပါတယ္။

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွာ RCSS/SSA လို႔ေခၚတဲ့ ရွမ္းျပည္တပ္မေတာ္ေတာင္ပိုင္းနဲ႔ TNLA တအာင္း-ပေလာင္လြတ္ေျမာက္ေရး တပ္ဖြဲ႔တုိ႔အၾကား ၿပီးခဲ့တဲ့လက ျဖစ္ပြားခဲ့တဲ့ တုိက္ပြဲေတြေၾကာင့္ - ထြက္ေျပးၾကရတဲ့ ဒုကၡသည္ေတြ ေထာင္ေပါင္းမ်ားစြာ ရွိေနသလို၊ ေဒသခံေတြအေပၚ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ ရွိေနတာနဲ႔ ပတ္သက္ၿပီးေတာ့ - စိုးရိမ္မကင္းျဖစ္ရေၾကာင္းကို ျမန္မာႏုိင္ငံဆုိင္ရာ ကုလသမဂၢဌာေနကိုယ္စားလွယ္ Renata Lok-Dessallien က မတ္လ ၂ ရက္ေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့တာနဲ႔ပတ္သက္ၿပီး နယူးေယာက္ခ္ၿမိဳ႕ ကုလသမဂၢဌာနခ်ဳပ္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း အတြင္းေရးမႉးခ်ဳပ္ရဲ႕ တြဲဘက္ေျပာခြင့္ရပုဂၢိဳလ္ Faran Haq က အခုလို ေျပာဆုိပါတယ္။

“ေဒသခံအရပ္သားေတြအေပၚ တုိက္႐ုိက္ ဆုိးက်ဳိးေတြ ႀကံဳေနရတဲ့ ရွမ္းျပည္နယ္ေျမာက္ပုိင္းက တင္းမာမႈေတြနဲ႔ လက္နက္ကုိင္ ပဋိပကၡေတြအေပၚ ကုလသမဂၢအေနနဲ႔ အလြန္အမင္း စုိးရိမ္ေၾကာင္း ေျပာၾကားလုိပါတယ္။ မၾကာေသးခင္ ရက္ေတြအတြင္း တုိက္ခုိက္မႈေတြ ေလ်ာ့ပါးသြားတဲ့အတြက္ တခ်ဳိ႕လူေတြ အိမ္ျပန္ႏုိင္ၾကေပမဲ့ စစ္ေရွာင္ဒုကၡသည္ ၃,၄၀၀ ေလာက္ ေက်ာက္မဲၿမိဳ႕နယ္ထဲမွာ ရွိေနဆဲျဖစ္သလုိ၊ နမ့္ခမ္းၿမိဳ႕နယ္ထဲမွာလည္း ၁၂,၀၀၀ ေလာက္ခုိလႈံေနရဆဲ ျဖစ္ပါတယ္။ အစုိးရနဲ႔ တျခားသက္ဆုိင္ရာအဖဲြ႔အစည္းေတြနဲ႔အတူ ကုလသမဂၢက ကယ္ဆယ္ေရးပစၥည္းနဲ႔ အကူအညီေတြ ေပးေနပါ တယ္။”

ဒီအေတာအတြင္းမွာပဲ - ျမန္မာအစိုးရတပ္ေတြဘက္က ရွမ္းျပည္ေျမာက္ပိုင္း ေက်ာက္မဲ၊ နမ့္ဆန္၊ နမ့္ခမ္း၊ ကြတ္ခိုင္ စတဲ့ ေဒသေတြမွာ ေဖေဖာ္၀ါရီလ ၂၃ ရက္ေန႔ကစလို႔ တပ္အင္အားေတြ အလံုးအရင္းနဲ႔ တုိးၿပီး ခ်လာတာေၾကာင့္ တုိက္ပြဲေတြ တေက်ာ့ျပန္ ျပင္းထန္လာမွာကို ေဒသခံေတြၾကား စိုးရိမ္ေနၾက တာပါ။ ျမန္မာစစ္တပ္ဘက္က အခုလို တပ္အင္အား တုိးခ်ဲ႕ၿပီး ထုိးစစ္ေတြ အရွိန္ျမႇင့္လာရင္ေတာ့ တုိက္ပြဲေတြ ျပန္ျဖစ္လာႏုိင္တယ္လို႔ - TNLA တပ္ဖြဲ႔ ျပန္ၾကားေရးတာ၀န္ခံ ဗိုလ္မႉး မိုင္အိုက္ေက်ာ္ က အခုလို ေျပာပါတယ္။

“လက္ရွိ ၿငိမ္းခ်မ္းေရးကို မထိခိုက္ေအာင္လို႔ က်ေနာ္တုိ႔ အဖြဲ႔က အတတ္ႏုိင္ဆံုး ေရွာင္တယ္။ ေရွာင္လို႔မရရင္ေတာ့ တုိက္ပြဲက ျပန္ျဖစ္မွာပဲ။ က်ေနာ္တုိ႔အထင္ကေတာ့ အစိုးရက အင္အားသံုးၿပီး ေျဖရွင္းတာဟာ မွန္ကန္တဲ့နည္းလမ္း မဟုတ္ဘူး။ အစိုးရအကူးအေျပာင္းမွာ တုိက္ပြဲ မျဖစ္ ျဖစ္ေအာင္ကို ဖန္တီးေနတယ္လို႔ ျမင္တယ္။”

ဒါ့အျပင္ နမ့္ခမ္းေဒသတ၀ိုက္မွာ ျမန္မာစစ္တပ္ရဲ႕ အင္အား အလံုးအရင္းနဲ႔ တုိးခ်ဲ႕လာေနတာေၾကာင့္ တုိက္ပြဲေတြ ျပန္ျဖစ္ၿပီး၊ ဒုကၡသည္ေတြ အခုထက္ ပိုမ်ားလာမွာကို ေဒသခံေတြၾကားမွာလည္း စိုးရိမ္ေနၾကတာပါ။ ဒါေၾကာင့္ လက္ရွိ ပဋိပကၡေတြကို ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ အတတ္ႏုိင္ဆံုး ေဆြးေႏြး အေျဖရွာၾကဖို႔ကို မစၥတာ Haq က သတင္းစာရွင္းလင္းပြဲမွာ တိုက္တြန္းခဲ့ပါတယ္။

“လက္နက္ကုိင္ပဋိပကၡမွာ ပါ၀င္သူ အားလုံးအေနနဲ႔ လူသားခ်င္းစာနာမႈနဲ႔ လူ႔အခြင့္အေရးဆုိင္ရာ ႏုိင္ငံတကာ ဥပေဒေတြကုိ ေလးစားလုိက္နာဖုိ႔ တာ၀န္ရွိတယ္ဆုိတာကုိလည္း သတိေပးလုိပါတယ္။ ဒီေနရာမွာ အရပ္သားေတြကုိ ကာကြယ္ေစာင့္ေရွာက္တာ၊ ပဋိပကၡျဖစ္ရာ ေဒသက ထြက္ေျပးသူေတြကုိ ေဘးအႏၱရာယ္ကင္းကင္း သြားခြင့္ျပဳဖုိ႔၊ လူသားခ်င္း စာနာမႈ အကူအညီေတြ ရႏုိင္ဖုိ႔၊ အရပ္သားေတြ ထိခုိက္မႈမရွိေအာင္ တတ္ႏုိင္သမွ် နည္းလမ္းေတြနဲ႔ ႀကိဳးပမ္းဖုိ႔လည္း လုိအပ္ပါတယ္။ ဒါ့အျပင္ ပဋိပကၡမွာ ပါ၀င္သူ အားလုံးအေနနဲ႔ စစ္ေရးပဋိပကၡေတြေၾကာင့္ ၿခိမ္းေျခာက္ခံရတဲ့ အေျခအေနေတြ ရွိခဲ့ရင္ေတာင္မွ အားလုံးအတြက္ လူ႔အခြင့္အေရးကုိ ကာကြယ္ေစာင့္ေရွာက္ဖုိ႔ တာ၀န္ရွိပါတယ္။ သက္ဆုိင္သူေတြ အားလုံးအေနနဲ႔ အတတ္ႏုိင္ဆုံး ထိန္းထိန္းသိမ္းသိမ္း ေဆာင္ရြက္ၾကဖုိ႔နဲ႔ ပဋိပကၡကုိ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ေျဖရွင္းႏုိင္ေအာင္ အဓိပၸါယ္ျပည့္၀တဲ့ ေတြ႔ဆုံေဆြးေႏြးမႈေတြ လုပ္ဖုိ႔လည္း ကုလသမဂၢက တုိက္တြန္းလုိပါတယ္။”

ဒါ့အျပင္ ျမန္မာႏုိင္ငံကို မၾကာေသးခင္က သြားေရာက္ခဲ့တဲ့ ကုလသမဂၢ လူသားခ်င္းစာနာမႈဆုိင္ရာ အကူအညီေပးေရး႐ံုးရဲ႕ ညႊန္ၾကားေရးမႉး John Ging ရဲ႕ အဂၤါေန႔က ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္းမွာလည္း - တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးၾကရတဲ့ ဒုကၡသည္ေတြရဲ႕ အေျခအေနေတြနဲ႔ တိုက္ပြဲေတြ အတြင္း ေျမျမႇဳပ္မုိင္းအသံုးျပဳေနတာေတြနဲ႔ ပတ္သက္လို႔ အေတာ္ေလး စိုးရိမ္ေၾကာင္းကို ထည့္သြင္းေျပာဆုိထားပါတယ္။ တခ်ိန္တည္းမွာပဲ - ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ ဘန္ကီမြန္းရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အထူးအႀကံေပးပုဂၢိဳလ္ ဗီေဂ်းနမ္ဘီယားဟာလည္း ျမန္မာႏုိင္ငံကို ဒီရက္ပိုင္းသြားေရာက္ခဲ့ၿပီးေတာ့ ေရြးေကာက္ပြဲမွာ တခဲနက္ အႏုိင္ရၿပီး - မၾကာခင္ အစိုးရသစ္ျဖစ္လာေတာ့မယ့္ NLD အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ ေတြ႔ဆံုခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာ့ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကေတာ့ - NLD အစိုးရတက္လာတဲ့အခါ - ျပည္တြင္း ၿငိမ္းခ်မ္းေရးနဲ႔ ဖယ္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ဖို႔ အပါအ၀င္ တိုင္းျပည္ရဲ႕ တရားဥပေဒ စိုးမိုးေရးတို႔ကို တိုင္းရင္းသားေတြနဲ႔အတူ လက္တဲြ လုပ္ေဆာင္သြားမယ္လို႔ ေျပာဆိုထားပါတယ္ရွင္။

မနႏၵာခ်မ္း / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..................


ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်နစ်နာနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး လွန်စွာစိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ်ရုံးက ဗုဒ္ဓဟူးနေ့မှာ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီတိုက်ပွဲတွေကြောင့် ထွက်ပြေး ခဲ့ကြရတဲ့ ဒုက္ခသည် ၅ ထောင်နီးပါး အိမ်မပြန်နိုင်ကြသေးဘဲ ရှိနေဆဲဖြစ်ပြီး၊ လက်နက်ကိုင်ပဋိပက္ခမှာ ပါ၀င်သူ အဖွဲ့စည်းအားလုံးအနေနဲ့ ပြဿနာကို ငြိမ်းချမ်းတဲ့နည်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြဖို့ကိုလည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောခွင့်ရပုဂ္ဂိုလ်က သတင်းစာရှင်းလင်းပွဲအတွင်း  တိုက်တွန်းထားတာပါ။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ RCSS/SSA လို့ခေါ်တဲ့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ TNLA တအာင်း-ပလောင်လွတ်မြောက်ရေး တပ်ဖွဲ့တို့အကြား ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် - ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေ ထောင်ပေါင်းများစွာ ရှိနေသလို၊ ဒေသခံတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတာနဲ့ ပတ်သက်ပြီးတော့ - စိုးရိမ်မကင်းဖြစ်ရကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် Renata Lok-Dessallien က မတ်လ ၂ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာနဲ့ပတ်သက်ပြီး နယူးယောက်ခ်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အတွင်းရေးမှူးချုပ်ရဲ့ တွဲဘက်ပြောခွင့်ရပုဂ္ဂိုလ် Faran Haq က အခုလို ပြောဆိုပါတယ်။

“ဒေသခံအရပ်သားတွေအပေါ် တိုက်ရိုက် ဆိုးကျိုးတွေ ကြုံနေရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တင်းမာမှုတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေအပေါ် ကုလသမဂ္ဂအနေနဲ့ အလွန်အမင်း စိုးရိမ်ကြောင်း ပြောကြားလိုပါတယ်။ မကြာသေးခင် ရက်တွေအတွင်း တိုက်ခိုက်မှုတွေ လျော့ပါးသွားတဲ့အတွက် တချို့လူတွေ အိမ်ပြန်နိုင်ကြပေမဲ့ စစ်ရှောင်ဒုက္ခသည် ၃,၄၀၀ လောက် ကျောက်မဲမြို့နယ်ထဲမှာ ရှိနေဆဲဖြစ်သလို၊ နမ့်ခမ်းမြို့နယ်ထဲမှာလည်း ၁၂,၀၀၀ လောက်ခိုလှုံနေရဆဲ ဖြစ်ပါတယ်။ အစိုးရနဲ့ တခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့အတူ ကုလသမဂ္ဂက ကယ်ဆယ်ရေးပစ္စည်းနဲ့ အကူအညီတွေ ပေးနေပါ တယ်။”

ဒီအတောအတွင်းမှာပဲ - မြန်မာအစိုးရတပ်တွေဘက်က ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ နမ့်ခမ်း၊ ကွတ်ခိုင် စတဲ့ ဒေသတွေမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကစလို့ တပ်အင်အားတွေ အလုံးအရင်းနဲ့ တိုးပြီး ချလာတာကြောင့် တိုက်ပွဲတွေ တကျော့ပြန် ပြင်းထန်လာမှာကို ဒေသခံတွေကြား စိုးရိမ်နေကြ တာပါ။ မြန်မာစစ်တပ်ဘက်က အခုလို တပ်အင်အား တိုးချဲ့ပြီး ထိုးစစ်တွေ အရှိန်မြှင့်လာရင်တော့ တိုက်ပွဲတွေ ပြန်ဖြစ်လာနိုင်တယ်လို့ - TNLA တပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်အိုက်ကျော် က အခုလို ပြောပါတယ်။

“လက်ရှိ ငြိမ်းချမ်းရေးကို မထိခိုက်အောင်လို့ ကျနော်တို့ အဖွဲ့က အတတ်နိုင်ဆုံး ရှောင်တယ်။ ရှောင်လို့မရရင်တော့ တိုက်ပွဲက ပြန်ဖြစ်မှာပဲ။ ကျနော်တို့အထင်ကတော့ အစိုးရက အင်အားသုံးပြီး ဖြေရှင်းတာဟာ မှန်ကန်တဲ့နည်းလမ်း မဟုတ်ဘူး။ အစိုးရအကူးအပြောင်းမှာ တိုက်ပွဲ မဖြစ် ဖြစ်အောင်ကို ဖန်တီးနေတယ်လို့ မြင်တယ်။”

ဒါ့အပြင် နမ့်ခမ်းဒေသတဝိုက်မှာ မြန်မာစစ်တပ်ရဲ့ အင်အား အလုံးအရင်းနဲ့ တိုးချဲ့လာနေတာကြောင့် တိုက်ပွဲတွေ ပြန်ဖြစ်ပြီး၊ ဒုက္ခသည်တွေ အခုထက် ပိုများလာမှာကို ဒေသခံတွေကြားမှာလည်း စိုးရိမ်နေကြတာပါ။ ဒါကြောင့် လက်ရှိ ပဋိပက္ခတွေကို ငြိမ်းချမ်းတဲ့နည်းနဲ့ အတတ်နိုင်ဆုံး ဆွေးနွေး အဖြေရှာကြဖို့ကို မစ္စတာ Haq က သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းခဲ့ပါတယ်။

“လက်နက်ကိုင်ပဋိပက္ခမှာ ပါ၀င်သူ အားလုံးအနေနဲ့ လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်ဆိုတာကိုလည်း သတိပေးလိုပါတယ်။ ဒီနေရာမှာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်တာ၊ ပဋိပက္ခဖြစ်ရာ ဒေသက ထွက်ပြေးသူတွေကို ဘေးအန္တရာယ်ကင်းကင်း သွားခွင့်ပြုဖို့၊ လူသားချင်း စာနာမှု အကူအညီတွေ ရနိုင်ဖို့၊ အရပ်သားတွေ ထိခိုက်မှုမရှိအောင် တတ်နိုင်သမျှ နည်းလမ်းတွေနဲ့ ကြိုးပမ်းဖို့လည်း လိုအပ်ပါတယ်။ ဒါ့အပြင် ပဋိပက္ခမှာ ပါ၀င်သူ အားလုံးအနေနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ခြိမ်းခြောက်ခံရတဲ့ အခြေအနေတွေ ရှိခဲ့ရင်တောင်မှ အားလုံးအတွက် လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ သက်ဆိုင်သူတွေ အားလုံးအနေနဲ့ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့နဲ့ ပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်အောင် အဓိပ္ပါယ်ပြည့်ဝတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လည်း ကုလသမဂ္ဂက တိုက်တွန်းလိုပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံးရဲ့ ညွှန်ကြားရေးမှူး John Ging ရဲ့ အင်္ဂါနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာလည်း - တိုက်ပွဲတွေကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေနဲ့ တိုက်ပွဲတွေ အတွင်း မြေမြှုပ်မိုင်းအသုံးပြုနေတာတွေနဲ့ ပတ်သက်လို့ အတော်လေး စိုးရိမ်ကြောင်းကို ထည့်သွင်းပြောဆိုထားပါတယ်။ တချိန်တည်းမှာပဲ - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဘီယားဟာလည်း မြန်မာနိုင်ငံကို ဒီရက်ပိုင်းသွားရောက်ခဲ့ပြီးတော့ ရွေးကောက်ပွဲမှာ တခဲနက် အနိုင်ရပြီး - မကြာခင် အစိုးရသစ်ဖြစ်လာတော့မယ့် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ - NLD အစိုးရတက်လာတဲ့အခါ - ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အပါအဝင် တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို တိုင်းရင်းသားတွေနဲ့အတူ လက်တွဲ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်ရှင်။

မနန္ဒာချမ်း / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)