မႏၱေလးအစိုးရအဖဲြ႕ တာဝန္လဲႊေျပာင္းေရး အဆင္မေျပ

မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္အသစ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ ကို ေတြ႔ရစဥ္။ Photo: Hset Paing Toe/RFA
ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးရဲျမင့္ ဦးေဆာင္တဲ့ မႏၱေလးတိုင္းေဒသႀကီး အစိုးရအဖဲြ႕က မေန႔က တာဝန္လဲႊေျပာင္းေပးဖို႔ ရိွရာမွာ ဝန္ႀကီးခ်ဳပ္အသစ္ ေဒါက္တာ ေဇာ္ျမင့္ေမာင္ကို တာဝန္လဲႊေျပာင္းေပးတာ မလုပ္ခဲ့ဘူး လို႔ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ဒီကေန႔ မႏၱေလးတုိင္းဝန္ႀကီးခ်ဳပ္အျဖစ္ တုိင္းလႊတ္ေတာ္မွာ ကတိသစၥာျပဳၿပီးမွာ ဝန္ႀကီးခ်ဳပ္ေဒါက္ တာ ေဇာ္ျမင့္ေမာင္ က ေျပာတာျဖစ္ပါတယ္။

"မနက္ဒီ မွာ ၉ နာရီ က်ေနာ္လာထိုင္တယ္၊ အလုပ္ရွိတယ္၊ အဲ့ဒီအခ်ိန္မွာ ဘယ္လိုလဲ အလႊဲအေျပာင္း ရွိတယ္ဆိုတာ ဝန္ႀကီးခ်ဳပ္မရွိဘူးတဲ့၊ လာမွမဟုတ္ဘူး၊ အလႊဲအေျပာင္းမရွိဘူးလို႔ ေျပာတာ တိုင္းေဒသ ႀကီးအဖြဲ႔ဝင္ အတြင္းေရးမွဴး၊ အဲ့ဒါနဲ႔က်ေနာ္တို႔ၿငိမ္ေနတယ္၊ ၿပီးေတာ့ သတင္းဘာထြက္လာသလဲဆိုေတာ့ က်ေနာ္တို႔ မလာဘူးဆိုတာကိုေျပာတယ္၊ အဲ့ဒါမွားတယ္၊ က်ေနာ္တို႔ထိုင္ေစာင့္ေနတယ္၊ အလႊဲအေျပာင္း ရွိတယ္ဆိုၿပီး က်ေနာ့္ဆီကို တရားဝင္စာပို႔ရင္ပို႔ မပို႔ရင္ က်ေနာ့္ကို ဖုန္းဆက္ၿပီး ေျပာလို႔ရွိရင္ရတယ္၊ က်ေနာ္ဒီမွာရွိေနတာ၊ ဒါေပမဲ့ မေျပာဘူး၊ အဲ့ဒါေၾကာင့္ အလႊဲအေျပာင္းၿပီးတဲ့အခါ မေန႔က မနက္ပိုင္းကို လာတယ္၊ က်ေနာ္တို႔ အစည္းအေဝးၿပီးတဲ့အခ်ိန္ တိုင္းေဒသႀကီးအစိုးရအဖြဲ႔ အတြင္းေရးမွဴး ဦးဝင္းရွိန္ လႊဲေျပာင္းၿပီးသြားပါၿပီတဲ့ လာၿပီးေျပာတယ္၊ အဲ့ေတာ့ က်ေနာ္သြားၿပီးေတာ့ ရံုးထိုင္တယ္"

မေန႔က ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ မႏၱေလးတိုင္း အစိုးရအဖဲြ႕ရံုးကို ေရာက္ရိွခ်ိန္မွာ နုိင္ငံေတာ္သမၼတရံုးက ညႊန္ၾကားထားတာ မရိွတဲ့အတြက္ တာဝန္လဲႊေျပာင္းေရး အခမ္းအနား မရိွဘူးလို႔ အစိုးရအဖဲြ႕အတြင္းေရးမွဴး က ေျပာတယ္လို႔ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။

ေဒါက္တာေဇာ္ျမင့္ေမာင္က ဒီကေန႔ ကတိသစၥာျပဳရာမွာ သူ႔အစိုးရအဖဲြ႕ကို လႊတ္ေတာ္ကလည္း ထိန္းေက်ာင္းေပး ဖို႔ ေျပာခဲ့ပါတယ္။

အလားတူ ရန္ကုန္၊ မႏၱေလး၊ ကခ်င္ နဲ႔ မြန္ျပည္နယ္ လႊတ္ေတာ္ေတြမွာလည္း သက္ဆုိင္ရာ အစိုးရအဖဲြ႕ ဝန္ႀကီးခ်ဳပ္ေတြ ကတိသစၥာျပဳခဲ့ၾကပါတယ္။

တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြဟာ ဝန္ႀကီးဌာနအေရအတြက္နဲ႔ ဝန္ႀကီးအမည္စာရင္းေတြကို မၾကာမီရက္ပိုင္းအတြင္း သက္ဆိုင္ရာလႊတ္ေတာ္ေတြမွာ တင္ျပၾကရမွာပါ။

မေန႔က ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္အျဖစ္ အတည္ျပဳၿပီးျဖစ္တဲ့ ဦးညီပုဟာ မနက္ ျဖန္က်င္းပမယ့္ လႊတ္ေတာ္မွာ ကတိသစၥာျပဳမွာ ျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese

.............................................................


မန္တလေးတိုင်းဝန်ကြီးချုပ်အသစ် ဒေါက်တာ ဇော်မြင့်မောင် ကို တွေ့ရစဉ်။ Photo: Hset Paing Toe/RFA
ဝန်ကြီးချုပ်ဟောင်း ဦးရဲမြင့် ဦးဆောင်တဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က မနေ့က တာဝန်လွှဲပြောင်းပေးဖို့ ရှိရာမှာ ဝန်ကြီးချုပ်အသစ် ဒေါက်တာ ဇော်မြင့်မောင်ကို တာဝန်လွှဲပြောင်းပေးတာ မလုပ်ခဲ့ဘူး လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒီကနေ့ မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် တိုင်းလွှတ်တော်မှာ ကတိသစ္စာပြုပြီးမှာ ဝန်ကြီးချုပ်ဒေါက် တာ ဇော်မြင့်မောင် က ပြောတာဖြစ်ပါတယ်။

"မနက်ဒီ မှာ ၉ နာရီ ကျနော်လာထိုင်တယ်၊ အလုပ်ရှိတယ်၊ အဲ့ဒီအချိန်မှာ ဘယ်လိုလဲ အလွှဲအပြောင်း ရှိတယ်ဆိုတာ ဝန်ကြီးချုပ်မရှိဘူးတဲ့၊ လာမှမဟုတ်ဘူး၊ အလွှဲအပြောင်းမရှိဘူးလို့ ပြောတာ တိုင်းဒေသ ကြီးအဖွဲ့ဝင် အတွင်းရေးမှူး၊ အဲ့ဒါနဲ့ကျနော်တို့ငြိမ်နေတယ်၊ ပြီးတော့ သတင်းဘာထွက်လာသလဲဆိုတော့ ကျနော်တို့ မလာဘူးဆိုတာကိုပြောတယ်၊ အဲ့ဒါမှားတယ်၊ ကျနော်တို့ထိုင်စောင့်နေတယ်၊ အလွှဲအပြောင်း ရှိတယ်ဆိုပြီး ကျနော့်ဆီကို တရားဝင်စာပို့ရင်ပို့ မပို့ရင် ကျနော့်ကို ဖုန်းဆက်ပြီး ပြောလို့ရှိရင်ရတယ်၊ ကျနော်ဒီမှာရှိနေတာ၊ ဒါပေမဲ့ မပြောဘူး၊ အဲ့ဒါကြောင့် အလွှဲအပြောင်းပြီးတဲ့အခါ မနေ့က မနက်ပိုင်းကို လာတယ်၊ ကျနော်တို့ အစည်းအဝေးပြီးတဲ့အချိန် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝင်းရှိန် လွှဲပြောင်းပြီးသွားပါပြီတဲ့ လာပြီးပြောတယ်၊ အဲ့တော့ ကျနော်သွားပြီးတော့ ရုံးထိုင်တယ်"

မနေ့က ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးကို ရောက်ရှိချိန်မှာ နိုင်ငံတော်သမ္မတရုံးက ညွှန်ကြားထားတာ မရှိတဲ့အတွက် တာဝန်လွှဲပြောင်းရေး အခမ်းအနား မရှိဘူးလို့ အစိုးရအဖွဲ့အတွင်းရေးမှူး က ပြောတယ်လို့ ဒေါက်တာ ဇော်မြင့်မောင်က ပြောပါတယ်။

ဒေါက်တာဇော်မြင့်မောင်က ဒီကနေ့ ကတိသစ္စာပြုရာမှာ သူ့အစိုးရအဖွဲ့ကို လွှတ်တော်ကလည်း ထိန်းကျောင်းပေး ဖို့ ပြောခဲ့ပါတယ်။

အလားတူ ရန်ကုန်၊ မန္တလေး၊ ကချင် နဲ့ မွန်ပြည်နယ် လွှတ်တော်တွေမှာလည်း သက်ဆိုင်ရာ အစိုးရအဖွဲ့ ဝန်ကြီးချုပ်တွေ ကတိသစ္စာပြုခဲ့ကြပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေဟာ ဝန်ကြီးဌာနအရေအတွက်နဲ့ ဝန်ကြီးအမည်စာရင်းတွေကို မကြာမီရက်ပိုင်းအတွင်း သက်ဆိုင်ရာလွှတ်တော်တွေမှာ တင်ပြကြရမှာပါ။

မနေ့က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အဖြစ် အတည်ပြုပြီးဖြစ်တဲ့ ဦးညီပုဟာ မနက် ဖြန်ကျင်းပမယ့် လွှတ်တော်မှာ ကတိသစ္စာပြုမှာ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)