စံုတြဲတစ္တြဲထံမွ ဆုိင္ကယ္ႏွင့္ ဖုန္းလုယူသြားသူမ်ားကို ဖမ္းဆီးမိ


မႏၲေလး မတ္ ၁၄

မတ္ ၁၁ ရက္ ည ၁၁ နာရီတြင္ မဝင္းစႏၵာသည္ ၄င္း၏ရည္စားျဖစ္သူ စိုးမိုးေအာင္က ၂ဝယ/----အနက္ ေရာင္ ဆုိင္ကယ္ျဖင့္ လာေရာက္ ေခၚေဆာင္၍ လုိက္ပါခဲ့ၿပီး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေအာင္သာယာ ရပ္ကြက္ ၄၅ လမ္းေဘးေမွာင္ရိပ္တြင္ ခ်ိန္းေတြ႕စဥ္ အသက္ ၂ဝ ခန္႔လူငယ္ ေလးဦးသည္ 125 ဆိုင္ကယ္ႏွစ္စီးျဖင့္ ေရာက္ရွိလာကာ စိုးမိုးေအာင္အား လက္သီးျဖင့္ထိုးၿပီး ဓားခြၽန္ျဖင့္ ထပ္မံ ထိုးသျဖင့္ စိုးမိုးေအာင္၏ လည္ပင္းဝဲ ဘက္ျပတ္ရွ ဒဏ္ရာရရွိသည့္အျပင္ မဝင္းစႏၵာ၏ OPPO အမ်ဳိးအစား အျဖဴေရာင္ လက္ကိုင္ဖုန္းတစ္လံုး၊ စိုးမိုးေအာင္၏SONY အမ်ဳိးအစား အျဖဴေရာင္ လက္ကိုင္ဖုန္းတစ္လံုးႏွင့္ ဆိုင္ကယ္တုိ႔ကို လုယူထြက္ေျပး သြားခဲ့သျဖင့္ ေအာင္ပင္လယ္နယ္ ေျမရဲစခန္း၌ အမႈဖြင့္ၿပီး ျပစ္မႈ က်ဴးလြန္သူမ်ားအား ဖမ္းဆီးရမိ ေရးအတြက္ စံုစမ္းေဆာင္ရြက္ခဲ့ ေၾကာင္း သိရသည္။

မဝင္းစႏၵာ၏ထြက္ဆိုခ်က္အရ အခင္းျဖစ္ညက စကားေျပာဆိုခဲ့သည့္ ျပစ္မႈက်ဴးလြန္သူမ်ားမွာ အသက္ ၂ဝ ဝန္းက်င္ရွိၿပီး အသားညိဳကာ မ်က္ႏွာတြင္သနပ္ခါး လိမ္းျခယ္ ထားေၾကာင္းသိရ၍ ရဲအုပ္ခင္ေဇာ္ (အမႈစစ္)ႏွင့္အဖဲြ႕တို႔သည္ ျပစ္မႈက်ဴး လြန္သူမ်ား ေဖာ္ထုတ္ဖမ္းဆီးရမိေရး ေဆာင္ရြက္ခ့ဲသည္။

ျပစ္ဒဏ္က်ခံဖူးသူ လွခ်ဳိ(၁၈ ႏွစ္) ထြန္တုန္းရပ္ကြက္ ေနသူကို ျပစ္မႈက်ဴးလြန္သူဟု မသကၤာ၍ ေခၚယူစစ္ေဆးခ့ဲသည္။ ၄င္းသည္ မ်ဳိးကို(၁၈ ႏွစ္) ကန္သာယာရပ္ကြက္ ေနသူႏွင့္ ေပါင္းသင္းသြားလာေနသူ တစ္ဦ းျဖစ္ေၾကာင္း စစ္ေဆးသိရွိရၿပီး မ်ဳိးကို၏ ေနအိမ္(က်ဴးတဲ)အနီး၌ အခင္းျဖစ္စဥ္က လုယူခံရသည့္ ဆုိင္ကယ္ႏွင့္ ပံုသဏၭာန္တူဆုိင္ကယ္ တစ္စီးကို ေတြ႕ရွိရသည္။ ယင္း က်ဴးတဲကို ဝင္ေရာက္ဖမ္းဆီးခဲ့ရာ မ်ဳိးကိုအား သက္ေသခံဆုိင္ကယ္ႏွင့္ အတူ ေတြ႕ရွိဖမ္းဆီးရမိၿပီး ၄င္း တုိ႔ႏွစ္ဦးအား ဆက္လက္စစ္ေဆးရာ ျပစ္မႈက်ဴးလြန္စဥ္ လြင္မိုးဦးႏွင့္ ထြန္းထြန္းဝင္းတုိ႔ ပါဝင္ေၾကာင္း ဝန္ခံထြက္ဆိုခဲ့သည္။

ျပစ္မႈက်ဴးလြန္ရာတြင္ ပါဝင္သူ ႏွစ္ဦးအား ဖမ္းဆီးရမိေရးအတြက္ အဖဲြ႕ငယ္မ်ားခြဲ၍ လုိက္လံဖမ္းဆီးခဲ့ ရာ လြင္မိုးဦး(၁၉ ႏွစ္) ထြန္တုန္း ရပ္ကြက္၊ ထြန္းထြန္းဝင္း(၁၉ ႏွစ္)ကန္သာယာရပ္ကြက္ ေနသူတို႔ကို အခင္းျဖစ္စဥ္ကလုယူခဲ့သည့္ လက္ ကိုင္ဖုန္းႏွစ္လံုး၊ အသံုးျပဳခဲ့သည့္ သက္ေသခံဓားတုိ႔ႏွင့္အတူ ေတြ႕ရွိ သိမ္းဆည္းရမိသျဖင့္ ေအာင္ ပင္လယ္နယ္ေျမ ရဲစခန္းတြင္ ဆက္ လက္စစ္ေဆးလ်က္ရွိေၾကာင္း သိရ သည္။

တင္ေမာင္(မန္းကိုယ္ပြား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
..................


မန္တလေး မတ် ၁၄

မတ် ၁၁ ရက် ည ၁၁ နာရီတွင် မဝင်းစန္ဒာသည် ၄င်း၏ရည်စားဖြစ်သူ စိုးမိုးအောင်က ၂ဝယ/----အနက် ရောင် ဆိုင်ကယ်ဖြင့် လာရောက် ခေါ်ဆောင်၍ လိုက်ပါခဲ့ပြီး ချမ်းမြသာစည်မြို့နယ် အောင်သာယာ ရပ်ကွက် ၄၅ လမ်းဘေးမှောင်ရိပ်တွင် ချိန်းတွေ့စဉ် အသက် ၂ဝ ခန့်လူငယ် လေးဦးသည် 125 ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာကာ စိုးမိုးအောင်အား လက်သီးဖြင့်ထိုးပြီး ဓားချွန်ဖြင့် ထပ်မံ ထိုးသဖြင့် စိုးမိုးအောင်၏ လည်ပင်းဝဲ ဘက်ပြတ်ရှ ဒဏ်ရာရရှိသည့်အပြင် မဝင်းစန္ဒာ၏ OPPO အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံး၊ စိုးမိုးအောင်၏SONY အမျိုးအစား အဖြူရောင် လက်ကိုင်ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တို့ကို လုယူထွက်ပြေး သွားခဲ့သဖြင့် အောင်ပင်လယ်နယ် မြေရဲစခန်း၌ အမှုဖွင့်ပြီး ပြစ်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိ ရေးအတွက် စုံစမ်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မဝင်းစန္ဒာ၏ထွက်ဆိုချက်အရ အခင်းဖြစ်ညက စကားပြောဆိုခဲ့သည့် ပြစ်မှုကျူးလွန်သူများမှာ အသက် ၂ဝ ဝန်းကျင်ရှိပြီး အသားညိုကာ မျက်နှာတွင်သနပ်ခါး လိမ်းခြယ် ထားကြောင်းသိရ၍ ရဲအုပ်ခင်ဇော် (အမှုစစ်)နှင့်အဖွဲ့တို့သည် ပြစ်မှုကျူး လွန်သူများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သည်။

ပြစ်ဒဏ်ကျခံဖူးသူ လှချို(၁၈ နှစ်) ထွန်တုန်းရပ်ကွက် နေသူကို ပြစ်မှုကျူးလွန်သူဟု မသင်္ကာ၍ ခေါ်ယူစစ်ဆေးခဲ့သည်။ ၄င်းသည် မျိုးကို(၁၈ နှစ်) ကန်သာယာရပ်ကွက် နေသူနှင့် ပေါင်းသင်းသွားလာနေသူ တစ်ဦ းဖြစ်ကြောင်း စစ်ဆေးသိရှိရပြီး မျိုးကို၏ နေအိမ်(ကျူးတဲ)အနီး၌ အခင်းဖြစ်စဉ်က လုယူခံရသည့် ဆိုင်ကယ်နှင့် ပုံသဏ္ဌာန်တူဆိုင်ကယ် တစ်စီးကို တွေ့ရှိရသည်။ ယင်း ကျူးတဲကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ မျိုးကိုအား သက်သေခံဆိုင်ကယ်နှင့် အတူ တွေ့ရှိဖမ်းဆီးရမိပြီး ၄င်း တို့နှစ်ဦးအား ဆက်လက်စစ်ဆေးရာ ပြစ်မှုကျူးလွန်စဉ် လွင်မိုးဦးနှင့် ထွန်းထွန်းဝင်းတို့ ပါဝင်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ နှစ်ဦးအား ဖမ်းဆီးရမိရေးအတွက် အဖွဲ့ငယ်များခွဲ၍ လိုက်လံဖမ်းဆီးခဲ့ ရာ လွင်မိုးဦး(၁၉ နှစ်) ထွန်တုန်း ရပ်ကွက်၊ ထွန်းထွန်းဝင်း(၁၉ နှစ်)ကန်သာယာရပ်ကွက် နေသူတို့ကို အခင်းဖြစ်စဉ်ကလုယူခဲ့သည့် လက် ကိုင်ဖုန်းနှစ်လုံး၊ အသုံးပြုခဲ့သည့် သက်သေခံဓားတို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိသဖြင့် အောင် ပင်လယ်နယ်မြေ ရဲစခန်းတွင် ဆက် လက်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

တင်မောင်(မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)