အစုိးရတပ္မွ ဖမ္းဆီးထားသည့္ မုန္းစီ ရြာသား ၃၅ ဦး ကို ျပန္လႊတ္ ေပး



ယခုလ မတ္ ၁၈ ရက္ေန႔က အစုိးရ တပ္မ ၆၆ မွ ဖမ္းဆီးေခၚေဆာင္သြားသည့္ ရွမ္းျပည္ေျမာက္ပုိင္း၊ ကြတ္ခို္္င္ျမိဳ႕ အေရွ႕ေျမာက္ဘက္ မုန္းစီ ရြာသား ၃၅ ဦးကုိ ဗုဒၶဘုန္းၾကီးေက်ာင္းတြင္ သံုးရက္ခန္႔ ဖမ္းဆီး ႏွိပ္စက္ စစ္ေဆးျပီးေနာက္ ျပန္ လႊတ္ေပးခဲ့သည္။

သူတုိ႔ကုိ ဖမ္းဆီး စစ္ေဆးရာတြင္ ရြာအတြင္းရွိ “သူပုန္” မ်ား၏ နာမည္မ်ားကုိ သိလုိ၍ ေမးျမန္းျခင္းျဖစ္ေၾကာင္း မုန္းစီ ရြာသားတစ္ဦး ကခ်င္သတင္းဌာန KNG သုိ႔ ေျပာခဲ့ပါသည္။

အစုိးရတပ္မွ ေခါေဝၚေသာ “သူပုန္” ဟူသည္မွာ ကခ်င္ လြတ္လပ္ေရး တပ္မေတာ္ KIA ကုိဆုိလုိျခင္း ျဖစ္သည္။

ဘုန္းၾကီးေက်ာင္းတြင္ သံုးရက္ခန္႔ ဖမ္းဆီးစစ္ေဆးခံရာတြင္ ညအခ်ိန္ မိမိ ကုိယ္အဝတ္ျဖင့္ မိမိကုိ ၾကိဳးအျဖစ္ ျပန္ခ်ဥ္ထားေၾကာင္း မုန္းစီ ေဒသခံ တစ္ဦး ထပ္ေျပာသည္။

ရြာအုပ္ခ်ဳပ္ေရး တာဝန္ရွိသူမ်ားႏွင့္ လူၾကီးမ်ားမွ အစုိးရ အရာရွိမ်ားကုိ ရြာအတြင္း “သူပုန္” မရွိေၾကာင္း အာမခံ လက္မွတ္ ထုိးျပီးမွ ဖမ္းဆီးထားသူမ်ားကုိ ျပန္လည္ လႊတ္ေပးခဲ့ေၾကာင္း သိရသည္။

သုိ႔ေသာ္လည္း လြတ္ေျမာက္လာေသာ ရြာသားမ်ားကုိ ၁၀ ရက္အတြင္း မိမိ လုပ္ငန္းခြင္ျဖစ္သည့္ ေတာင္ယာ၊ လယ္ယာ မ်ားသုိ႔ ‘မထြက္ရ’ ဟု သတိေပး ထားေၾကာင္း ေဖာ္ျပပါ ေဒသခံ က ဆက္ေျပာသည္။

ထုိ႔အျပင္ မုန္းစီ ကခ်င္ ႏွစ္ျခင္းခရစ္ယာန္ အသင္းေတာ္ သင္းအုပ္ဆရာ၏ အိမ္ႏွင့္ အျခား ေနအိမ္ သံုး ေလး အိမ္ ကုိလည္း ရွာေဖြ ေမြေႏွာက္မႈမ်ား ျပဳလုပ္ခဲ့ျပီး အိမ္တြင္း အိမ္ျပင္ အေသးစိတ္ကုိ ဓါတ္ပံု ရုိက္ယူ သြားေၾကာင္း ကုိ သိရသည္။

ရွမ္းျပည္ေျမာက္ပုိင္းတြင္ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔ က KIA တပ္မဟာ ၆ ကုိ တရားဝင္တုိးခ်႕ဖြဲ႕စည္းျခင္းကုိ အစုိးရမွ ျပင္းထန္စြာ ကန္႔ကြက္ေၾကာင္း သေဘာထား ထုတ္ျပန္ျပီးေနာက္ ယင္းေဒသသုိ႔ အစုိးတပ္အင္အား ၃၀၀၀ ေက်ာ္ ဝင္ေရာက္ ေနရာခ်ေနျပီျဖစ္သည္။ ယခုခ်ိန္ထိ KIA တပ္မဟာ ၆ ႏွင့္ တိုက္ပြဲအဆင့္ ျဖစ္ပြားျခင္း မရိွေသးေသာ္လည္း ေဒသခံ ကခ်င္လူမ်ိဳးမ်ားမွာ အစုိးရတပ္၏ မတရား ႏွိပ္စက္ျခင္းကုိ ခံေနရျပီ ျဖစ္သည္။

Kachin News Group - Burmese
http://burmese.kachinnews.com
...................


ယခုလ မတ် ၁၈ ရက်နေ့က အစိုးရ တပ်မ ၆၆ မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခို််င်မြို့ အရှေ့မြောက်ဘက် မုန်းစီ ရွာသား ၃၅ ဦးကို ဗုဒ္ဓဘုန်းကြီးကျောင်းတွင် သုံးရက်ခန့် ဖမ်းဆီး နှိပ်စက် စစ်ဆေးပြီးနောက် ပြန် လွှတ်ပေးခဲ့သည်။

သူတို့ကို ဖမ်းဆီး စစ်ဆေးရာတွင် ရွာအတွင်းရှိ “သူပုန်” များ၏ နာမည်များကို သိလို၍ မေးမြန်းခြင်းဖြစ်ကြောင်း မုန်းစီ ရွာသားတစ်ဦး ကချင်သတင်းဌာန KNG သို့ ပြောခဲ့ပါသည်။

အစိုးရတပ်မှ ခေါဝေါ်သော “သူပုန်” ဟူသည်မှာ ကချင် လွတ်လပ်ရေး တပ်မတော် KIA ကိုဆိုလိုခြင်း ဖြစ်သည်။

ဘုန်းကြီးကျောင်းတွင် သုံးရက်ခန့် ဖမ်းဆီးစစ်ဆေးခံရာတွင် ညအချိန် မိမိ ကိုယ်အဝတ်ဖြင့် မိမိကို ကြိုးအဖြစ် ပြန်ချဉ်ထားကြောင်း မုန်းစီ ဒေသခံ တစ်ဦး ထပ်ပြောသည်။

ရွာအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် လူကြီးများမှ အစိုးရ အရာရှိများကို ရွာအတွင်း “သူပုန်” မရှိကြောင်း အာမခံ လက်မှတ် ထိုးပြီးမှ ဖမ်းဆီးထားသူများကို ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော်လည်း လွတ်မြောက်လာသော ရွာသားများကို ၁၀ ရက်အတွင်း မိမိ လုပ်ငန်းခွင်ဖြစ်သည့် တောင်ယာ၊ လယ်ယာ များသို့ ‘မထွက်ရ’ ဟု သတိပေး ထားကြောင်း ဖော်ပြပါ ဒေသခံ က ဆက်ပြောသည်။

ထို့အပြင် မုန်းစီ ကချင် နှစ်ခြင်းခရစ်ယာန် အသင်းတော် သင်းအုပ်ဆရာ၏ အိမ်နှင့် အခြား နေအိမ် သုံး လေး အိမ် ကိုလည်း ရှာဖွေ မွေနှောက်မှုများ ပြုလုပ်ခဲ့ပြီး အိမ်တွင်း အိမ်ပြင် အသေးစိတ်ကို ဓါတ်ပုံ ရိုက်ယူ သွားကြောင်း ကို သိရသည်။

ရှမ်းပြည်မြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့ က KIA တပ်မဟာ ၆ ကို တရားဝင်တိုးချ့ဖွဲ့စည်းခြင်းကို အစိုးရမှ ပြင်းထန်စွာ ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ပြီးနောက် ယင်းဒေသသို့ အစိုးတပ်အင်အား ၃၀၀၀ ကျော် ဝင်ရောက် နေရာချနေပြီဖြစ်သည်။ ယခုချိန်ထိ KIA တပ်မဟာ ၆ နှင့် တိုက်ပွဲအဆင့် ဖြစ်ပွားခြင်း မရှိသေးသော်လည်း ဒေသခံ ကချင်လူမျိုးများမှာ အစိုးရတပ်၏ မတရား နှိပ်စက်ခြင်းကို ခံနေရပြီ ဖြစ်သည်။

Kachin News Group - Burmese
http://burmese.kachinnews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)