မအီစစ်ကြောရေးဂိတ်၌ မူးယစ်ဆေးဝါးများသိမ်းဆည်းရမိ



သံတွဲ မတ် ၈

သံတွဲခရိုင် မအီမြို့ စစ်ကြောရေးဂိတ်တွင် မတ် ၇ ရက်က စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာ သည့်ယာဉ်တစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သံတွဲခရိုင် မအီမြို့ စစ်ကြောရေးဂိတ်တွင် မတ် ၇ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အမ်းမြို့နယ် မူးယစ်တပ်ဖွဲ့မှ ရဲအုပ်သက်နိုင်အဖွဲ့၊ မအီမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များသည် တောင်ကုတ်မှ မအီသို့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မြို့နယ် (၃၂)ရပ်ကွက်နေ ဦးသိန်းကျော် (ယခင်အမ်းမြို့ နယ် တလိုင်းတောင်ကျေးရွာဇာတိ) မောင်းနှင်လာသော YGN-2L/---- (ဟွန်ဒိုင်း)အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအံဝှက်အတွင်းမှ အဝါရောင်အထုပ် ၄၅ ထုပ်အား တွေ့ရှိသဖြင့် ဖွင့်ဖောက် စစ်ဆေးရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၅ဝဝဝဝ အား သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်း ဦးသိန်းကျော် မှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဉ်ပေါ်ပါ ဦးသိန်း ကျော်၏ဇနီးဖြစ်သူ ဒေါ်သန္တာဦး(၄၅)နှစ်အား ထိန်းသိမ်း ထားပြီး စခန်းမှူးရဲအုပ်ဝင်းနိုင်နှင့်အဖွဲ့က ဦးသိန်းကျော်အား လိုက်လံဖမ်းဆီးခဲ့ရာ ည ၇ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်သက်နိုင်က တရား လိုပြုလုပ်၍ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The Mirror Daily
.............


သံတွဲ မတ် ၈

သံတွဲခရိုင် မအီမြို့ စစ်ကြောရေးဂိတ်တွင် မတ် ရ ရက်က စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာ သည့်ယာဉ်တစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သံတွဲခရိုင် မအီမြို့ စစ်ကြောရေးဂိတ်တွင် မတ် ရ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က အမ်းမြို့နယ် မူးယစ်တပ်ဖွဲ့မှ ရဲအုပ်သက်နိုင်အဖွဲ့၊ မအီမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ဝင်များသည် တောင်ကုတ်မှ မအီသို့ ရန်ကုန်တိုင်းဒေသကြီး မြောက်ဒဂုံ မြို့နယ် (၃၂)ရပ်ကွက်နေ ဦးသိန်းကျော် (ယခင်အမ်းမြို့ နယ် တလိုင်းတောင်ကျေးရွာဇာတိ) မောင်းနှင်လာသော YGN-2L/---- (ဟွန်ဒိုင်း)အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက််ခန်းအံဝှက်အတွင်းမှ အဝါရောင်အထုပ် ၄၅ ထုပ်အား တွေ့ရှိသဖြင့် ဖွင့်ဖောက် စစ်ဆေးရာ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၅ဝဝဝဝ အား သိမ်းဆည်းရမိခဲ့သည်။

ထိုသို့ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်း ဦးသိန်းကျော် မှာ ထွက်ပြေးတိမ်းရှောင်သွားသဖြင့် ယာဉ်ပေါ်ပါ ဦးသိန်း ကျော်၏ဇနီးဖြစ်သူ ဒေါ်သန္တာဦး(၄၅)နှစ်အား ထိန်းသိမ်း ထားပြီး စခန်းမှူးရဲအုပ်ဝင်းနိုင်နှင့်အဖွဲ့က ဦးသိန်းကျော်အား လိုက်လံဖမ်းဆီးခဲ့ရာ ည ရ နာရီခန့်တွင် ဖမ်းဆီးရမိခဲ့သဖြင့် မူးယစ်အထူးတပ်ဖွဲ့မှ ရဲအုပ်သက်နိုင်က တရား လိုပြုလုပ်၍ အမှုဖွင့်အရေးယူရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)