![]() |
ေရႊစက္ေတာ္ သာသနာ့နယ္ေျမ ေရႊစက္ေတာ္ ေဘးမဲ့ေတာအတြင္း က်က္စားေနထုိင္ေသာ ျမန္မာ့ၾကယ္လိပ္မ်ားအား ေတြ႔ရစဥ္ (ဓာတ္ပုံ-ျမဝတီ) |
မေကြးတုိင္း ေဒသႀကီး မင္းဘူးခ႐ိုင္ ေရႊစက္ေတာ္ သာသနာ့နယ္ေျမ ေရႊစက္ေတာ္ ေဘးမဲ့ေတာ အတြင္း က်က္စားေနထုိင္ ၾကေသာ ျမန္မာ့ၾကယ္လိပ္ မ်ားမွာ ယခင္က မ်ဳိးသုဥ္းရန္ အလြန္နီးအဆင့္ သတ္မွတ္ခံထား ရေသာ္လည္း ျပင္ပ ၿခံေလွာင္၍ စမ္းသပ္ေမြးျမဴ ခဲ့ရာ ေအာင္ျမင္မႈမ်ား ရရွိၿပီး ႏွစ္စဥ္ အေကာင္ေရ တုိးပြားလ်က္ ရွိေၾကာင္း ေရႊစက္ေတာ္ ေဘးမဲ့ေတာ အုပ္ခ်ဳပ္ေရးမွဴး႐ုံး သိရသည္။
ျမန္မာအမည္ ၾကယ္လိပ္(ခ) ပင့္ကူလိပ္၊ အဂၤလိပ္အမည္ Burmese Star Tortoise ၊ သိပၸံအမည္ Geochelone Platynota ကို ထိန္းသိမ္း ကာကြယ္မႈအဆင့္ IUCN-Critically Endanger မ်ဳိးသုဥ္းရန္ အလြန္နီးဟု သတ္မွတ္ ထားခ်က္အရ အေလးထား ထိန္းသိမ္း ေဆာင္ရြက္လ်က္ ရွိသည္။ ၂ဝ၁၄ ခုႏွစ္ထိ ၾကယ္လိပ္ အေကာင္ေရ ၂၉၇ ေကာင္ ထိန္းသိမ္း ထားေၾကာင္း ေဘးမဲ့ေတာ မွတ္တမ္းမ်ား အရ သိရသည္။
ၾကယ္လိပ္မ်ားကို ေရႊစက္ေတာ္ ဘုရားဖူး လာျပည္သူမ်ား ေလ့လာႏုိင္ရန္ ယမန္ႏွစ္က ပြဲေတာ္အတြင္း လူထုပညာေပး ျပခန္းရွိ ၿခံေလွာင္အိမ္ ထဲ၌ သဘာဝ ေက်ာက္တံုး ေက်ာက္ေဆာင္ ငယ္မ်ား ျပဳလုပ္ကာ ေမြးျမဴျပသ ခဲ့သည္။ ၾကယ္လိပ္မ်ားသည္ ဇူလိုင္ ႏွင့္ ၾသဂုတ္လ တို႔တြင္ မိတ္လိုက္ တတ္ၿပီး ေအာက္တိုဘာ လတြင္ ဥမ်ားဥကာ (တစ္ၾကိမ္လွ်င္ ေလးလံုးမွ ငါးလံုးထိ) ေမလတြင္ ဥမ်ား ေပါက္ေလ့ရွိသည္။ ၾကယ္လိပ္ မ်ားကို အစာအျဖစ္ ကန္စြန္းရြက္၊ ဘူးသီး၊ ေဂၚဖီ၊ ဖရဲသီးစသည့္ အစာမ်ား ေကြၽးေမြး ႏုိင္သည္။
ေရႊစက္ေတာ္ ေတာ႐ိုင္း တိရစၧာန္ ေဘးမဲ့ေတာ၌ ႏုိ႔တိုက္သတၱဝါ ၁၄ မ်ဳိး၊ ကုန္းေန ၊ ေရေန သတၱဝါ ၄၃ မ်ဳိး၊ လိပ္ျပာမ်ဳိးစိတ္ ၃၉ မ်ဳိးႏွင့္ ငွက္မ်ဳိးစိတ္ ၁၁၃ မ်ဳိး ေတြ႕ရွိႏုိင္ သည့္အျပင္ ေစြ႕ငွက္၊ နဖားၾကဴးငွက္၊ ျမန္မာဘီလံုးငွက္၊ ငွက္မင္းသား ဗိုက္ျဖဴ၊ ေရႊသမင္ ႏွင့္ ၾကယ္လိပ္ တို႔လည္း က်က္စား ေနထိုင္လ်က္ ရွိေၾကာင္းျမ၀တီသတင္းတြင္ေဖာ္ျပထားသည္။
(Xinhua)
http://www.xinhuamyanmar.com
................
ရွှေစက်တော် သာသနာ့နယ်မြေ ရွှေစက်တော် ဘေးမဲ့တောအတွင်း ကျက်စားနေထိုင်သော မြန်မာ့ကြယ်လိပ်များအား တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)
ရန်ကုန်၊ မတ် ၈ ရက် (ဆင်ဟွာ)
မကွေးတိုင်း ဒေသကြီး မင်းဘူးခရိုင် ရွှေစက်တော် သာသနာ့နယ်မြေ ရွှေစက်တော် ဘေးမဲ့တော အတွင်း ကျက်စားနေထိုင် ကြသော မြန်မာ့ကြယ်လိပ် များမှာ ယခင်က မျိုးသုဉ်းရန် အလွန်နီးအဆင့် သတ်မှတ်ခံထား ရသော်လည်း ပြင်ပ ခြံလှောင်၍ စမ်းသပ်မွေးမြူ ခဲ့ရာ အောင်မြင်မှုများ ရရှိပြီး နှစ်စဉ် အကောင်ရေ တိုးပွားလျက် ရှိကြောင်း ရွှေစက်တော် ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံး သိရသည်။
မြန်မာအမည် ကြယ်လိပ်(ခ) ပင့်ကူလိပ်၊ အင်္ဂလိပ်အမည် Burmese Star Tortoise ၊ သိပ္ပံအမည် Geochelone Platynota ကို ထိန်းသိမ်း ကာကွယ်မှုအဆင့် IUCN-Critically Endanger မျိုးသုဉ်းရန် အလွန်နီးဟု သတ်မှတ် ထားချက်အရ အလေးထား ထိန်းသိမ်း ဆောင်ရွက်လျက် ရှိသည်။ ၂ဝ၁၄ ခုနှစ်ထိ ကြယ်လိပ် အကောင်ရေ ၂၉၇ ကောင် ထိန်းသိမ်း ထားကြောင်း ဘေးမဲ့တော မှတ်တမ်းများ အရ သိရသည်။
ကြယ်လိပ်များကို ရွှေစက်တော် ဘုရားဖူး လာပြည်သူများ လေ့လာနိုင်ရန် ယမန်နှစ်က ပွဲတော်အတွင်း လူထုပညာပေး ပြခန်းရှိ ခြံလှောင်အိမ် ထဲ၌ သဘာဝ ကျောက်တုံး ကျောက်ဆောင် ငယ်များ ပြုလုပ်ကာ မွေးမြူပြသ ခဲ့သည်။ ကြယ်လိပ်များသည် ဇူလိုင် နှင့် သြဂုတ်လ တို့တွင် မိတ်လိုက် တတ်ပြီး အောက်တိုဘာ လတွင် ဥများဥကာ (တစ်ကြိမ်လျှင် လေးလုံးမှ ငါးလုံးထိ) မေလတွင် ဥများ ပေါက်လေ့ရှိသည်။ ကြယ်လိပ် များကို အစာအဖြစ် ကန်စွန်းရွက်၊ ဘူးသီး၊ ဂေါ်ဖီ၊ ဖရဲသီးစသည့် အစာများ ကျွေးမွေး နိုင်သည်။
ရွှေစက်တော် တောရိုင်း တိရစ္ဆာန် ဘေးမဲ့တော၌ နို့တိုက်သတ္တဝါ ၁၄ မျိုး၊ ကုန်းနေ ၊ ရေနေ သတ္တဝါ ၄၃ မျိုး၊ လိပ်ပြာမျိုးစိတ် ၃၉ မျိုးနှင့် ငှက်မျိုးစိတ် ၁၁၃ မျိုး တွေ့ရှိနိုင် သည့်အပြင် စွေ့ငှက်၊ နဖားကြူးငှက်၊ မြန်မာဘီလုံးငှက်၊ ငှက်မင်းသား ဗိုက်ဖြူ၊ ရွှေသမင် နှင့် ကြယ်လိပ် တို့လည်း ကျက်စား နေထိုင်လျက် ရှိကြောင်းမြဝတီသတင်းတွင်ဖော်ပြထားသည်။
(Xinhua)
http://www.xinhuamyanmar.com