မီးေလာင္မႈျဖစ္ပြားရာမွ ေလျဖတ္ေနသည္႔အိမ္ရွင္ မီးေလာင္ေသဆံုး


ဘားအံ မတ္ ၁၁

ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕နယ္၊ လွာကာေက်းရြာအုပ္စု၊ ဓမၼပါလရပ္ကြက္တြင္ ရြာစပ္ေခ်ာင္းေဘး ေနထုိင္သည္႔ တဲအိမ္တစ္လံုး မီးေလာင္ကၽြမ္းမွဳျဖစ္ ပြားခဲ႔ၿပီး ေနအိမ္တြင္ ရွိေနေသာ အမ်ိဳးသားတစ္ဦး မီးေလာင္ေသဆံုးမႈ ျဖစ္ပြားခဲ႔ပါသည္။

ျဖစ္စဥ္မွာ ၁၁-၃-၂၀၁၆ရက္ေန ့ နံနက္(၇)နာရီ အခ်ိန္ခန္႔တြင္ ဓမၼပါလရပ္ကြက္၊ ဂဏန္းစမ္းေခ်ာင္းေဘးတြင္ ေနအိမ္မီးေလာင္မႈ ျဖစ္ပြားခဲ႔ျပီး ေနအိမ္တြင္ရွိေနသည္႔  ဦး၀င္းျမင္႔(၃၇)နွစ္ (ဘ)ဦးျငိမ္းမွာ ေအာက္ပိုင္ေလျဖတ္ထားသျဖင္႔ မီးေလာင္ေသဆံုး သြားခဲ႔ေျကာင္း သိရသည္။

အဆိုပါေနအိမ္တြင္ ေသဆံုးသူ ဦး၀င္းျမင္႔ အပါအ၀င္ ၄င္း၏အစ္မျဖစ္သူေဒၚျမင္႔ေဌး၊ တူမျဖစ္သူ မဂ်ဴးဂ်ဴး (၁)နွစ္အရြယ္တို ့အတူေနထိုင္ျကျပီး အစ္မျဖစ္သူမွ ကေလးႏွင္႔ ရြာဘက္သြားစဥ္ ဦး၀င္းျမင္႔မွာ ေနအိမ္တြင္ (၁)ဦးထဲက်န္ခဲ႔ေၾကာင္း သိရွိရသည္။

ရပ္ကြက္ေနထိုင္သူမ်ား ေျပာျပခ်က္အရ မီးေလာင္ေသဆံုးသူ ဦး၀င္းျမင္႔ မွာ ေအာက္ပိုင္း ေလျဖတ္ထားသျဖင္႔ ခ်ိနဲ႕ေနသူျဖစ္ျပီး အရက္လည္း အလြန္အကၽြံ ေသာက္သူျဖစ္သည္႔အျပင္ အရက္ေသာက္ရာတြင္ အရက္အဆီကိုသာ ေသာက္သူျဖစ္ေၾကာင္း၊ ေဆးလိပ္လဲေသာက္သူျဖစ္ေၾကာင္း အရက္ေသာက္စဥ္ေဆးလိပ္ေသာက္ရာမွ အရက္ဆီးပုလင္းမွ တစ္ဆင္႔ မီးကူးစပ္ေလာင္ကာ ေသဆံုးျခင္း ျဖစ္ႏိုင္ေျကာင္း ပတ္၀န္က်င္ေနထိုင္သူမ်ား ေျပာျပခ်က္အရသိရသည္။


ေသဆံုးသူ၏ အစ္မျဖစ္သူေျပာျပခ်က္အရ အခင္းျဖစ္ေန ့က ေမာင္ျဖစ္သူအား အရက္အဆီ (၁)လံုး၀ယ္ေပးထားခဲ့ ျပီး၄င္းမွာ တူမျဖစ္သူႏွင္႔ လွာကာေက်းရြာအုပ္စု၊ ရန္ေအာင္ေျမရပ္ကြက္သို႔ သြားေနရာ နံနက္(၈)နာရီအခ်ိန္ခန္႔တြင္ ေနအိမ္သုိ့ ျပန္လည္ေရာက္ရွိလာစဥ္ ေနအိမ္မွာ မီးေလာင္ကၽြမ္းထားသည္ကို
ေတြ႕ရွိရသျဖင္႔ ရန္ေအာင္ေျမရပ္ကြက္သို႔ ျပန္လာျပီး အသိျဖစ္သူ ဖိုးခြားအား အကူအညီ ေတာင္းကာ ေမာင္ျဖစ္သူအား လိုက္လံရွာေဖြခဲ႔ရာမွ မီးေလာင္ထားသည့္ ဦး၀င္းျမင္႔  အေလာင္းအားေတြ႕ရွိရျခင္း ျဖစ္သည္ဆို၏ ျဖစ္စဥ္ႏွင္႔ပတ္သက္ျပီး ျမိဳင္ကေလး ရဲကင္းစခန္းမွဴးမွ ဦး၀င္းျမင္႔ေသဆံုးျခင္းမွာ ဓမၼတာအတိုင္း
ေသဆံုးျခင္း ဟုတ္မဟုတ္ စံုစမ္းစစ္ေဆးႏိုင္ရန္အတြက္ ဘားအံျမိဳ႕မရဲစခန္းတြင္ ေသမွဳေသခင္း ဖြင္႔လွစ္ေပးရန္ တိုင္တန္းခဲ႔ရာ ဘားအံျမိဳ႕မရဲစခန္းမွ ေသမွဳေသခင္း အမွတ္စဥ္(၄/၂၀၁၆)ျဖင့္ ေရးဖြင္႔ေဆာင္ရြက္ထားျပီး ျမိဳ႕မ စခန္းမွဴးဒုတိယရဲမွဴးသက္စိုးမွ ဆက္လက္စစ္ေဆး ေဆာင္ရြက္လွ်က္ရွိေျကာင္း သိရွိရသည္။

ဘားအံသတင္း (fb)

.....................................................


ဘားအံ မတ် ၁၁

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ လှာကာကျေးရွာအုပ်စု၊ ဓမ္မပါလရပ်ကွက်တွင် ရွာစပ်ချောင်းဘေး နေထိုင်သည့် တဲအိမ်တစ်လုံး မီးလောင်ကျွမ်းမှုဖြစ် ပွားခဲ့ပြီး နေအိမ်တွင် ရှိနေသော အမျိုးသားတစ်ဦး မီးလောင်သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ ၁၁-၃-၂၀၁၆ရက်နေ ့ နံနက်(၇)နာရီ အချိန်ခန့်တွင် ဓမ္မပါလရပ်ကွက်၊ ဂဏန်းစမ်းချောင်းဘေးတွင် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ်တွင်ရှိနေသည့်  ဦးဝင်းမြင့်(၃၇)နှစ် (ဘ)ဦးငြိမ်းမှာ အောက်ပိုင်လေဖြတ်ထားသဖြင့် မီးလောင်သေဆုံး သွားခဲ့ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် သေဆုံးသူ ဦးဝင်းမြင့် အပါအဝင် ၄င်း၏အစ်မဖြစ်သူဒေါ်မြင့်ဌေး၊ တူမဖြစ်သူ မဂျူးဂျူး (၁)နှစ်အရွယ်တို ့အတူနေထိုင်ကြပြီး အစ်မဖြစ်သူမှ ကလေးနှင့် ရွာဘက်သွားစဉ် ဦးဝင်းမြင့်မှာ နေအိမ်တွင် (၁)ဦးထဲကျန်ခဲ့ကြောင်း သိရှိရသည်။

ရပ်ကွက်နေထိုင်သူများ ပြောပြချက်အရ မီးလောင်သေဆုံးသူ ဦးဝင်းမြင့် မှာ အောက်ပိုင်း လေဖြတ်ထားသဖြင့် ချိနဲ့နေသူဖြစ်ပြီး အရက်လည်း အလွန်အကျွံ သောက်သူဖြစ်သည့်အပြင် အရက်သောက်ရာတွင် အရက်အဆီကိုသာ သောက်သူဖြစ်ကြောင်း၊ ဆေးလိပ်လဲသောက်သူဖြစ်ကြောင်း အရက်သောက်စဉ်ဆေးလိပ်သောက်ရာမှ အရက်ဆီးပုလင်းမှ တစ်ဆင့် မီးကူးစပ်လောင်ကာ သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ပတ်ဝန်ကျင်နေထိုင်သူများ ပြောပြချက်အရသိရသည်။



သေဆုံးသူ၏ အစ်မဖြစ်သူပြောပြချက်အရ အခင်းဖြစ်နေ ့က မောင်ဖြစ်သူအား အရက်အဆီ (၁)လုံးဝယ်ပေးထားခဲ့ ပြီး၄င်းမှာ တူမဖြစ်သူနှင့် လှာကာကျေးရွာအုပ်စု၊ ရန်အောင်မြေရပ်ကွက်သို့ သွားနေရာ နံနက်(၈)နာရီအချိန်ခန့်တွင် နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် နေအိမ်မှာ မီးလောင်ကျွမ်းထားသည်ကို
တွေ့ရှိရသဖြင့် ရန်အောင်မြေရပ်ကွက်သို့ ပြန်လာပြီး အသိဖြစ်သူ ဖိုးခွားအား အကူအညီ တောင်းကာ မောင်ဖြစ်သူအား လိုက်လံရှာဖွေခဲ့ရာမှ မီးလောင်ထားသည့် ဦးဝင်းမြင့်  အလောင်းအားတွေ့ရှိရခြင်း ဖြစ်သည်ဆို၏ ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြိုင်ကလေး ရဲကင်းစခန်းမှူးမှ ဦးဝင်းမြင့်သေဆုံးခြင်းမှာ ဓမ္မတာအတိုင်း
သေဆုံးခြင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန်အတွက် ဘားအံမြို့မရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်ပေးရန် တိုင်တန်းခဲ့ရာ ဘားအံမြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၄/၂၀၁၆)ဖြင့် ရေးဖွင့်ဆောင်ရွက်ထားပြီး မြို့မ စခန်းမှူးဒုတိယရဲမှူးသက်စိုးမှ ဆက်လက်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။


ဘားအံသတင်း (fb)
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)