မိုင်းရှုးမြို့နယ်တွင် ငါးမိုင်းခွဲရန် စီစဉ်နေစဉ် လက်ထဲတွင် ပေါက်ကွဲမူဖြစ်ပွား



မိုင်းရှုး မတ် ၂၃




ခရိုင်(ပြန်/ဆက် )
MOI Webportal Myanmar
.....................


မိုင်းရှုး မတ် ၂၃

လွိုင်လင်ခရိုင် ၊ မိုင်းရှုးမြို့နယ် ၊ နန့်ကပ်တံတားအနီးရှိ ကြက်ခြံ အနောက် ဖက်ချောင်းတွင် ယနေ့မွန်းလွဲ ၁၂း၄၅ အချိန်ခန့်က အမှတ် ၂ ရပ်ကွက်နေ ဦးကြည်ထွန်းနှင့် ကြူလွယ်ကျေးရွာနေ ဦးကရင်တို့ နှစ်ဦးတို့သည် ငါးမိုင်း ခွဲရန် စီစဉ်နေစဉ် အဆိုပါမိုင်းမှာ လက်ထဲတွင်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။


အဆိုပါပေါက်ကွဲမှုကြောင့် ဦးကြည်ထွန်းမှာ ညာဖက်ခြေသလုံး ကွဲပြဲဒဏ်ရာ (မစိုးရိမ်ရ) ၊ ၀ဲဘက် လက်ဖျံပျက်၊ ရင်အုံပြတ်၊ ပေါင်ပေါက်ပြဲ ၊ ညာဖက် လက်သန်းပျက် ၊လက်ဖမိုးကွဲပြဲ ဒဏ်ရာများ (စိုးရိမ်ရ) ရရှိခဲ့ပြီး တာဝန် ရှိသူ များမှ ၄င်းတို့ နှစ်ဦးအား မြို့နယ် ဆေးရုံသို့ အချိန်မှီ ပို့ဆောင်ခဲ့ရာ ဦးကရင်မှာ ရရှိထားသော ဒဏ်ရာများကြောင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ကွယ်လွန် သွားခဲ့ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက် )
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမ္ဘာသတင်း၊မြန်မာ့သတင်း ပေါင်းစုံကိုရောသမမွှေဖော်ပြသွားမည့်
MP4 YoU (The Melting Pot For You)