စဥ့္ကူးမွာ ေတာင္သူ ၃၀၀ ခန္႔ ထြန္တံုးတုိက္ပြဲဆင္ႏႊဲ

မႏၲေလးတိုင္းေဒသႀကီး စဥ့္ကူးၿမိဳ႕နယ္ တေရာ္ပင္ေက်းရြာမွာ မတ္လ ၂ ရက္ေန႔က ေဒသခံေတာင္သူေတြ ထြန္တံုးတုိက္ပြဲဆင္ႏႊဲစဥ္။ Photo: Nay Thwae/RFA
မႏၲေလးတိုင္းေဒသႀကီး စဥ့္ကူးၿမိဳ႕နယ္က တေရာ္ပင္ေက်းရြာမွာ သိမ္းယူခံထားရတဲ့ လယ္ယာေျမဧက ၂၀၀ ေက်ာ္ မွာ ေဒသခံေတာင္သူ ၃၀၀ ေလာက္က ဒီေန႔ ၀င္ေရာက္ထြန္ယက္ခဲ့ပါတယ္။

သိမ္းယူခံထားရတဲ့ လယ္ယာေျမေတြဟာ ဘိုးဘြားပိုင္ေျမေတြျဖစ္တဲ့အတြက္ ျပန္လည္ရရွိဖို႔ အစိုးရဌာနဆိုင္ရာေတြ ကို တင္ျပေတာင္းဆုိခဲ့ေပမယ့္ မေျဖရွင္းေပးတာေၾကာင့္ ေတာင္သူလယ္သမားေန႔မွာ အခုလို၀င္ေရာက္ထြန္ယက္ တာျဖစ္တယ္လို႔ ေတာင္သူ မဝင္းမာက ေျပာပါတယ္။

"က်မတို႔ရဲ႕ ဓါးမဦးခ် ဘိုးဘြားပို္င္ေျမေတြကို က်မတို႔အေနနဲ႔ သီးစားလုပ္ၿပီး ေနေနရတဲ့ဘဝကေန ကြ်တ္လြတ္ေအာင္ ဌာနဆိုင္ရာအသီးသီးကို က်မတို႔ေျမေတြကို ျပန္လည္လုပ္စားပိုင္ခြင့္ ေတာင္းခံၿပီး တင္ျပခဲ့ပါတယ္၊ အဲ့လိုတင္ျပခဲ့ေသာ္လည္းပဲ ဌာနဆိုင္ရာအသီးသီးက အေၾကာင္းျပန္ၾကားျခင္း မရွိတဲ့အတြက္ ၂ဝ၁၆ ခုနွစ္ မတ္လ ၂ ရက္ေန႔မွာ ဆရာစံ စခဲ့တဲ့ ေတာင္သူလယ္သမားေန႔ကို  ဂုဏ္ျပဳေသာအားျဖင့္ က်မတို႔ရဲ႕ ဘုိးဘြားပိုင္ေျမေတြကို ျပန္လည္ရရွိေရးအတြက္ တိုက္ပြဲဝင္ေနရျခင္းျဖစ္ပါတယ္"

လြန္ခဲ့တဲ့ ၁၉၇၀ ခုႏွစ္က ေျမာက္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ လက္ေအာက္ခံတပ္ရင္း ၄ က တပ္ရိကၡာဖူလံုေရးအတြက္ သီးႏွံစိုက္ပ်ဳိးဖို႔ သိမ္းယူခဲ့တာျဖစ္ၿပီး ၁၉၈၈ ခုနွစ္ေနာက္ပိုင္းမွာ ေတာင္သူေတြကို ငွားရမ္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တေရာ္ပင္ေက်းရြာက ေတာင္သူ ၃၀၀ ေလာက္ဟာ စား၀တ္ေနေရး ခက္ခဲေနတဲ့အတြက္ တပ္မေတာ္အေနနဲ႔ သိမ္းယူထားတဲ့ လယ္ယာေျမေတြကို မူလပိုင္ရွင္ ေတာင္သူေတြထံ ျပန္လည္လဲႊေျပာင္းေပးဖို႔ ေတာင္းဆုိ ခဲ့ၾကပါတယ္။

RFA Burmese
http://www.rfa.org/burmese

.............................


မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ် တရော်ပင်ကျေးရွာမှာ မတ်လ ၂ ရက်နေ့က ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲဆင်နွှဲစဉ်။ Photo: Nay Thwae/RFA
မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်က တရော်ပင်ကျေးရွာမှာ သိမ်းယူခံထားရတဲ့ လယ်ယာမြေဧက ၂၀၀ ကျော် မှာ ဒေသခံတောင်သူ ၃၀၀ လောက်က ဒီနေ့ ၀င်ရောက်ထွန်ယက်ခဲ့ပါတယ်။

သိမ်းယူခံထားရတဲ့ လယ်ယာမြေတွေဟာ ဘိုးဘွားပိုင်မြေတွေဖြစ်တဲ့အတွက် ပြန်လည်ရရှိဖို့ အစိုးရဌာနဆိုင်ရာတွေ ကို တင်ပြတောင်းဆိုခဲ့ပေမယ့် မဖြေရှင်းပေးတာကြောင့် တောင်သူလယ်သမားနေ့မှာ အခုလိုဝင်ရောက်ထွန်ယက် တာဖြစ်တယ်လို့ တောင်သူ မဝင်းမာက ပြောပါတယ်။

"ကျမတို့ရဲ့ ဓါးမဦးချ ဘိုးဘွားပို်င်မြေတွေကို ကျမတို့အနေနဲ့ သီးစားလုပ်ပြီး နေနေရတဲ့ဘဝကနေ ကျွတ်လွတ်အောင် ဌာနဆိုင်ရာအသီးသီးကို ကျမတို့မြေတွေကို ပြန်လည်လုပ်စားပိုင်ခွင့် တောင်းခံပြီး တင်ပြခဲ့ပါတယ်၊ အဲ့လိုတင်ပြခဲ့သော်လည်းပဲ ဌာနဆိုင်ရာအသီးသီးက အကြောင်းပြန်ကြားခြင်း မရှိတဲ့အတွက် ၂ဝ၁၆ ခုနှစ် မတ်လ ၂ ရက်နေ့မှာ ဆရာစံ စခဲ့တဲ့ တောင်သူလယ်သမားနေ့ကို  ဂုဏ်ပြုသောအားဖြင့် ကျမတို့ရဲ့ ဘိုးဘွားပိုင်မြေတွေကို ပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေရခြင်းဖြစ်ပါတယ်"

လွန်ခဲ့တဲ့ ၁၉၇၀ ခုနှစ်က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်း ၄ က တပ်ရိက္ခာဖူလုံရေးအတွက် သီးနှံစိုက်ပျိုးဖို့ သိမ်းယူခဲ့တာဖြစ်ပြီး ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ တောင်သူတွေကို ငှားရမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရော်ပင်ကျေးရွာက တောင်သူ ၃၀၀ လောက်ဟာ စားဝတ်နေရေး ခက်ခဲနေတဲ့အတွက် တပ်မတော်အနေနဲ့ သိမ်းယူထားတဲ့ လယ်ယာမြေတွေကို မူလပိုင်ရှင် တောင်သူတွေထံ ပြန်လည်လွှဲပြောင်းပေးဖို့ တောင်းဆို ခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)