အျမန္လမ္းတြင္ ကားမွန္မ်ား ကြဲ/မကြဲသိရွိလိုေသာေၾကာင့္ ေလးခြျဖင့္ ပစ္ခတ္သူကို ဖမ္းမိ


 ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ ခရီးသည္တင္မွန္လုံယာဥ္မ်ားအား ေလးခြျဖင့္ပစ္ခတ္သူကို အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က အခ်ိန္တိုအတြင္း စုံစမ္းေဖာ္ထုတ္အေရးယူထား

ေနျပည္ေတာ္၊ မတ္ ၃

၂၀၁၆ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔ မြန္းလြဲ ၁ နာရီအခ်ိန္ ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္း ၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္(၁၂၀/၆)အနီးတြင္ ရန္ကုန္မွ ေနျပည္ေတာ္သို႔ ရန္ကုန္တိုင္းေဒသႀကီး၊ ေျမာက္ဥကၠလာပၿမိဳ႕နယ္ေန ဦးေအာင္ျမတ္ေမာ္(၃၇)ႏွစ္ေမာင္းႏွင္လာသည့္ 2J/×××× ေရႊမႏၲလာ(ခဲေရာင္)ခရီးသည္တင္မွန္လုံယာဥ္ႏွင့္ မိတၳီလာၿမိဳ႕နယ္၊ သရက္ၿခံရြာေန ဦးေမာင္နိုင္(၄၃)ႏွစ္ေမာင္းႏွင္သည့္ 5I/×××× ေရႊမႏၲလာ(အျဖဴေရာင္)ခရီးသည္တင္မွန္လုံယဥ္တို႔ ေလးခြျဖင့္ ပစ္ခတ္ခံရေၾကာင္း သတင္းအရ ေဗာဓိကုန္းအျမန္လမ္းမႀကီးရဲစခန္းမွတပ္ဖြဲ႕ဝင္မ်ား၊ အျမန္လမ္း မီးသတ္တပ္ဖြဲ႕မွမီးသတ္တပ္ဖြဲ႕ဝင္မ်ားက သက္ေသမ်ားႏွင့္အတူ သြားေရာက္စစ္ေဆး ခဲ့သည္။


 စစ္ေဆးခ်က္အရ 2J/×××× ယာဥ္၏ ယာဘက္ေဘးတံခါးမွန္ႏွင့္ 5I/×××× ယာဥ္၏ ယာဘက္ေဘး တံခါးမွန္တို႔တြင္ ေလးခြထိမွန္သည့္ အေပါက္(၁)ေပါက္စီေတြ႕ရွိရၿပီး ယာဥ္ေပၚပါ ခရီးသည္မ်ား ထိခိုက္ဒဏ္ရာရရွိမႈမရွိေၾကာင္းသိရွိရ၍ အဖြဲ႕(၃)ဖြဲ႕ခြဲကာ လိုက္လံရွာေဖြခဲ့သည္။

 ထိုသို႔ ရွာေဖြရာ မြန္းလြဲ ၁ နာရီ ၃၅ မိနစ္အခ်ိန္ ေတာထဲ၌ ႏြားေက်ာင္းေနေသာ အုတ္တြင္းၿမိဳ႕နယ္၊ ဝါးစြပ္ကြင္းရြာေန ပိုင္ပိုင္(ခ)ရန္ပိုင္စိုး(၁၅)ႏွစ္၊ တစ္ရြာတည္းေန ထြဋ္ေခါင္(၁၃)ႏွစ္၊ ခ်စ္မင္း (၁၂)ႏွစ္ႏွင့္ မင္းခန႔္ေက်ာ္(၈)ႏွစ္တို႔အား ေတြ႕ရွိသျဖင့္ ေမးျမန္းခဲ့သည္။

 ေမးျမန္းခ်က္အရ ၎တို႔ (၄)ဦးထဲမွ ပိုင္ပိုင္(ခ)ရန္ပိုင္စိုးက ေလးခြျဖင့္ ပစ္ခတ္လၽွင္ ကားမွန္မ်ားကြဲ/မကြဲသိရွိလိုေသာေၾကာင့္ ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရ၍ သက္ေသခံေလးခြႏွင့္ ေလာက္စာလုံးမ်ားသိမ္းဆည္းၿပီး ပိုင္ပိုင္(ခ)ရန္ပိုင္စိုးအား ေဗာဓိကုန္းအျမန္လမ္းမႀကီးရဲစခန္း(ပ)၄/၂၀၁၆၊ ျပစ္မႈပုဒ္မ ၂၇၉-က ျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သတင္းရရွိသည္။

ရဲဇာနည္
https://www.facebook.com/yezarnimedia

....................................


 ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခရီးသည်တင်မှန်လုံယာဉ်များအား လေးခွဖြင့်ပစ်ခတ်သူကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အချိန်တိုအတွင်း စုံစမ်းဖော်ထုတ်အရေးယူထား

နေပြည်တော်၊ မတ် ၃

၂၀၁၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်း မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၂၀/၆)အနီးတွင် ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်နေ ဦးအောင်မြတ်မော်(၃၇)နှစ်မောင်းနှင်လာသည့် 2J/×××× ရွှေမန္တလာ(ခဲရောင်)ခရီးသည်တင်မှန်လုံယာဉ်နှင့် မိတ္ထီလာမြို့နယ်၊ သရက်ခြံရွာနေ ဦးမောင်နိုင်(၄၃)နှစ်မောင်းနှင်သည့် 5I/×××× ရွှေမန္တလာ(အဖြူရောင်)ခရီးသည်တင်မှန်လုံယဉ်တို့ လေးခွဖြင့် ပစ်ခတ်ခံရကြောင်း သတင်းအရ ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ အမြန်လမ်း မီးသတ်တပ်ဖွဲ့မှမီးသတ်တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေး ခဲ့သည်။



 စစ်ဆေးချက်အရ 2J/×××× ယာဉ်၏ ယာဘက်ဘေးတံခါးမှန်နှင့် 5I/×××× ယာဉ်၏ ယာဘက်ဘေး တံခါးမှန်တို့တွင် လေးခွထိမှန်သည့် အပေါက်(၁)ပေါက်စီတွေ့ရှိရပြီး ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်းသိရှိရ၍ အဖွဲ့(၃)ဖွဲ့ခွဲကာ လိုက်လံရှာဖွေခဲ့သည်။

 ထိုသို့ ရှာဖွေရာ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်အချိန် တောထဲ၌ နွားကျောင်းနေသော အုတ်တွင်းမြို့နယ်၊ ဝါးစွပ်ကွင်းရွာနေ ပိုင်ပိုင်(ခ)ရန်ပိုင်စိုး(၁၅)နှစ်၊ တစ်ရွာတည်းနေ ထွဋ်ခေါင်(၁၃)နှစ်၊ ချစ်မင်း (၁၂)နှစ်နှင့် မင်းခန့်ကျော်(၈)နှစ်တို့အား တွေ့ရှိသဖြင့် မေးမြန်းခဲ့သည်။

 မေးမြန်းချက်အရ ၎င်းတို့ (၄)ဦးထဲမှ ပိုင်ပိုင်(ခ)ရန်ပိုင်စိုးက လေးခွဖြင့် ပစ်ခတ်လျှင် ကားမှန်များကွဲ/မကွဲသိရှိလိုသောကြောင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရ၍ သက်သေခံလေးခွနှင့် လောက်စာလုံးများသိမ်းဆည်းပြီး ပိုင်ပိုင်(ခ)ရန်ပိုင်စိုးအား ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်း(ပ)၄/၂၀၁၆၊ ပြစ်မှုပုဒ်မ ၂၇၉-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)