သမၼတဦးထင္ေကာ်္ အစုိးရသစ္ သမုိင္းစာမ်က္ႏွာဖြင့္မည့္ မတ္လ ၃၀ ရက္


ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ဳိးသား ဒီမိုကေရစီအဖဲြ႕ခ်ဳပ္ NLD အစိုးရအဖဲြ႕ဟာ တရား၀င္တာ၀န္ေတြ စတင္ထမ္းေဆာင္ဖို႔ ျပည္ေထာင္စု လႊတ္ေတာ္မွာ ဒီကေန႔ ဗုဒၶဟူးေန႔မွာ က်မ္းသစၥာက်ိန္ဆိုၾကေတာ့မွာပါ။

ႏွစ္ေပါင္း (၅၀)ေက်ာ္အတြင္း ျပည္သူေတြ တခက္နက္တည္း မဲေပးေရြးခ်ယ္ခဲ့တဲ့ အရပ္သားအစိုးရ အာဏာလဲႊေျပာင္းယူမယ့္ သမိုင္း၀င္အခမ္းအနားကို ႏိုင္ငံပိုင္ ရုပ္သံ၊ ေရဒီယိုနဲ႔ လႊတ္ေတာ္channel တို႔ကေန တိုက္ရိုက္ထုတ္လႊင့္ျပသ မွာျဖစ္ပါတယ္။

၂၀၁၁ခုနွစ္မွာ စတင္တင္တာ၀န္ယူခဲ့တဲ့ သမၼတဦးသိန္းစိန္ရဲ႕ ႀကံခိုင္ဖံြၿဖိဳးေရးပါတီ အစိုးရအာဏာကို ၂၀၁၅ေရြးေကာက္ပဲြမွာ အျပတ္အသတ္အႏိုင္ရခဲ့တဲ့ NLD ပါတီ အစိုးရအဖဲြ႕က ဒီကေန႔ ဗုဒၶဟူးေန႔မွာ တရား၀င္လဲႊေျပာင္းရယူမွာ  ျဖစ္ပါတယ္။

ႏွစ္ေပါင္း (၅၀)ေက်ာ္ စစ္အာဏာရွင္ေတြႀကီးစိုးခဲ့တဲ့ တိုင္းျပည္မွာ ျပည္သူေတြရဲ႕ မဲဆႏၵနဲ႔ တက္လာတဲ့ အရပ္သားအစိုးရ ပထဆံုးအႀကိမ္ အာဏာလဲႊေျပာင္း ရယူတဲ့အခမ္းအနားဟာ ျမန္မာႏိုင္ငံအတြက္အေရးပါတဲ့သမိုင္း၀င္အစဥ္အလာေကာင္းအျဖစ္ ဂုဏ္ယူမိေၾကာင္း NLD နာယကႀကီး သူရဦးတင္ဦးကေျပာပါတယ္။

“ႏွစ္ေပါင္းမ်ားစြာ စစ္အာဏာရွင္အုပ္ခ်ဳပ္မႈေအာက္ ကေန ျပည္သူလူထုဆႏၵနဲ႔ အညီ ေရြးခ်ယ္တင္ေျမွာက္တဲ့ ဒီမိုကေရစီစနစ္ဘက္ကို ကူးေျပာင္းလာတဲ့ အတြက္ သမိုင္းအရ အင္မတန္မွအေရးႀကီး တဲ့အေျပာင္းအလဲတခု ကို ေျပာင္းလဲလာတယ္ လို႔ပဲ ၀မ္းေျမာက္၀မ္းသာခံယူမိပါတယ္။”

လႊတ္ေတာ္မွာက်င္းပတဲ့ ကတိသစၥာျပဳအခမ္းအနားကို ဧည့္သည္ေတာ္ေတြ အျဖစ္တက္ေရာက္မယ့္သူေတြထဲမွာ ႏိုင္ငံေက်ာ္အႏုပညာရွင္ေတြလည္း ပါ၀င္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္မယ့္ အစိုးရသစ္လက္ထက္မွာ အေကာင္းေတြျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေၾကာင္း အခမ္းအနားကို တက္ေရာက္လာတဲ့ ႏိုင္ငံေက်ာ္အဆိုေတာ္ မမီမီ၀င္းေဖက ေျပာပါတယ္။

“ဒါက ပထမဦးဆံုးအေနနဲ႔ အရပ္သားအစိုးရျဖစ္တဲ့အတြက္ မမီတို႔အတြက္လည္း ကိုယ္တိုင္တက္ေရာက္သိခြင့္ရတဲ့အတြက္လည္း စိတ္၀င္စား ပါ တယ္။ ေနာက္ ေမွ်ာ္လင့္ခ်က္အေနနဲ႔ အဆိုးေတြၿပီးသြားေတာ့ အေကာင္းေတြ လာလိမ့္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။”

တိုင္းျပည္ရဲ႕ အနာဂတ္အတြက္အေကာင္းဆံုးျဖစ္ေအာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ၀ိုင္းရံအားေပးခဲ့တာျဖစ္တယ္လို႔ ေျပာလာသူကေတာ့ အခမ္းအနားကို တက္ေရာက္ ခြင့္ရလို႔ ဂုဏ္ယူ၀မ္းသာေန တဲ့ ႏိုင္ငံေက်ာ္ အဆိုေတာ္ ေကာ္နီျဖစ္ပါတယ္။

“အတိုင္းမသိေပ်ာ္တာေပါ့။ မေကာ္တို႔က ေအာင္ႏိုင္ေရးခရီးစဥ္ေတြမွာ အမ်ားႀကီးပါခဲ့တာေလ။ ဒီလူေတြကိုပဲ ျပန္ၿပီးေခၚတယ္ဆိုေတာ့ အတိုင္းမသိ အရမ္း၀မ္းသာတယ္၊ ဂုဏ္ယူတယ္ေပါ့ေနာ္။ တိုင္းျပည္အတြက္ လည္းေမွ်ာ္လင့္မိ ပါတယ္။ တိုင္းျပည္ေကာင္းရင္ အကုန္ေကာင္းတာပဲ။ အစကတည္းကလည္း အေမ့ကို ေမွ်ာ္လင့္ခ်က္နဲ႔၀န္းရံခဲ့ၾကတာမဟုတ္ဘူး။ ကိုယ္ေတြဘာျဖစ္မယ္မွန္းမသိပဲ နဲ႔ တစိတ္တ၀မ္းတည္း၀န္းရံခဲ့တာျဖစ္တဲ့အတြက္ တိုင္းျပည္ေကာင္းရင္ ေက်နပ္တယ္ေလ။”


အႏုပညာရွင္ေတြအေနနဲ႔ က်မ္းသစၥာက်ိန္ဆိုပဲြအခမ္းအနားအျပင္ သမၼတအိမ္ေတာ္ မွာက်င္းပမယ့္ ဂုဏ္ျပဳညစာစားပဲြမွာလည္း ပါ၀င္သီဆိုေဖ်ာ္ေျဖၾကမွာျဖစ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ အဆိုေတာ္သံသာ၀င္းေျပာျပတာက

“ပါ၀င္သီဆိုရတာကေတာ့ အတိုင္းထက္အလြန္ေပါ့။ အရမ္းလည္းဂုဏ္ယူ တယ္။ ႏွစ္ငါးဆယ္ေက်ာ္အတြင္း ကိုယ္ေတြလိုခ်င္တဲ့ အစိုးရတက္လာေတာ့ ဂုဏ္ယူတယ္ေပါ့ေနာ္။”

ျပည္ေထာင္စုလႊတ္ေတာ္မွာေတာ့ ပထမဆံုးအစီအစဥ္အရ မနက္ပိုင္း မွာ ေရြးေကာက္တင္ေျမွာက္ခံရတဲ့ သမၼတဦးထင္ေက်ာ္၊ ဒုတိယသမၼတေတြျဖစ္တဲ့ ဦးျမင့္ေဆြနဲ႔ ဦးဟင္နရီဗန္ထီးယူ တို႔က ျပည္ေထာင္စု လႊတ္ေတာ္ နာယက ေရွ႕ေမွာက္မွာ ကတိသစၥာျပဳၾကမွာျဖစ္ပါတယ္။ အဲဒီေနာက္ ျပည္ေထာင္စု၀န္ႀကီး (၁၈)ဦးအပါအ၀င္ ဖဲြ႕စည္းပံုအေျခခံဥပေဒဆိုင္ရာ ခံုရံုးဥကၠဌနဲ႔ အဖဲြ႕၀င္ေတြ၊ ေရြးေကာက္ပဲြေကာ္မရွင္ဥကၠဌနဲ႔ အဖဲြ႔၀င္ေတြ အားလံုး ကတိသစၥာျပဳၾကမွာျဖစ္ပါတယ္။ တတိယအစီအစဥ္အျဖစ္ သမၼတဦးထင္ေက်ာ္ မိန္႔ခြန္းေျပာၾကားမွာျဖစ္ပါတယ္။

အဲဒီေနာက္ ေန႕လည္ပိုင္းမွာေတာ့ အရင္သမၼတ ဦးသိန္းစိန္ေစာင့္ႀကိဳေန မယ့္ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္မွာ အာဏာလဲႊေျပာင္းတဲ့ အခမ္းအနားက်င္းပမွာျဖစ္ပါတယ္။ ညေနပိုင္းမွာေတာ့ သမၼတဦးထင္ေက်ာ္ တည့္ခင္းဧည့္ခံမယ့္ ဂုဏ္ျပဳညစာစားပဲြကို သမၼတအိမ္ေတာ္မွာဆက္လက္ က်င္းပမွာျဖစ္ပါတယ္။ ဧည့္သည္ေတာ္စုစုေပါင္း (၃၀၀)ေလာက္ ဖိတ္ၾကားထားတယ္လို႔ NLD ပါတီတာ၀န္ရွိ သူေတြက ေျပာ ပါတယ္။သမၼတဦးထင္ေက်ာ္အစိုးရအဖဲြ႕ဟာ ဧၿပီလ (၁)ရက္ေန႔မွာ စတင္တာ၀န္ထမ္းေဆာင္မွာျဖစ္ပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..............................................................................


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအဖွဲ့ဟာ တရားဝင်တာဝန်တွေ စတင်ထမ်းဆောင်ဖို့ ပြည်ထောင်စု လွှတ်တော်မှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ကျမ်းသစ္စာကျိန်ဆိုကြတော့မှာပါ။

နှစ်ပေါင်း (၅၀)ကျော်အတွင်း ပြည်သူတွေ တခက်နက်တည်း မဲပေးရွေးချယ်ခဲ့တဲ့ အရပ်သားအစိုးရ အာဏာလွှဲပြောင်းယူမယ့် သမိုင်းဝင်အခမ်းအနားကို နိုင်ငံပိုင် ရုပ်သံ၊ ရေဒီယိုနဲ့ လွှတ်တော်channel တို့ကနေ တိုက်ရိုက်ထုတ်လွှင့်ပြသ မှာဖြစ်ပါတယ်။

၂၀၁၁ခုနှစ်မှာ စတင်တင်တာဝန်ယူခဲ့တဲ့ သမ္မတဦးသိန်းစိန်ရဲ့ ကြံခိုင်ဖွံဖြိုးရေးပါတီ အစိုးရအာဏာကို ၂၀၁၅ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရခဲ့တဲ့ NLD ပါတီ အစိုးရအဖွဲ့က ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ တရားဝင်လွှဲပြောင်းရယူမှာ  ဖြစ်ပါတယ်။

နှစ်ပေါင်း (၅၀)ကျော် စစ်အာဏာရှင်တွေကြီးစိုးခဲ့တဲ့ တိုင်းပြည်မှာ ပြည်သူတွေရဲ့ မဲဆန္ဒနဲ့ တက်လာတဲ့ အရပ်သားအစိုးရ ပထဆုံးအကြိမ် အာဏာလွှဲပြောင်း ရယူတဲ့အခမ်းအနားဟာ မြန်မာနိုင်ငံအတွက်အရေးပါတဲ့သမိုင်းဝင်အစဉ်အလာကောင်းအဖြစ် ဂုဏ်ယူမိကြောင်း NLD နာယကကြီး သူရဦးတင်ဦးကပြောပါတယ်။

“နှစ်ပေါင်းများစွာ စစ်အာဏာရှင်အုပ်ချုပ်မှုအောက် ကနေ ပြည်သူလူထုဆန္ဒနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ ဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းလာတဲ့ အတွက် သမိုင်းအရ အင်မတန်မှအရေးကြီး တဲ့အပြောင်းအလဲတခု ကို ပြောင်းလဲလာတယ် လို့ပဲ ၀မ်းမြောက်ဝမ်းသာခံယူမိပါတယ်။”

လွှတ်တော်မှာကျင်းပတဲ့ ကတိသစ္စာပြုအခမ်းအနားကို ဧည့်သည်တော်တွေ အဖြစ်တက်ရောက်မယ့်သူတွေထဲမှာ နိုင်ငံကျော်အနုပညာရှင်တွေလည်း ပါ၀င်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်မယ့် အစိုးရသစ်လက်ထက်မှာ အကောင်းတွေဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံကျော်အဆိုတော် မမီမီဝင်းဖေက ပြောပါတယ်။

“ဒါက ပထမဦးဆုံးအနေနဲ့ အရပ်သားအစိုးရဖြစ်တဲ့အတွက် မမီတို့အတွက်လည်း ကိုယ်တိုင်တက်ရောက်သိခွင့်ရတဲ့အတွက်လည်း စိတ်ဝင်စား ပါ တယ်။ နောက် မျှော်လင့်ချက်အနေနဲ့ အဆိုးတွေပြီးသွားတော့ အကောင်းတွေ လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။”

တိုင်းပြည်ရဲ့ အနာဂတ်အတွက်အကောင်းဆုံးဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းရံအားပေးခဲ့တာဖြစ်တယ်လို့ ပြောလာသူကတော့ အခမ်းအနားကို တက်ရောက် ခွင့်ရလို့ ဂုဏ်ယူဝမ်းသာနေ တဲ့ နိုင်ငံကျော် အဆိုတော် ကော်နီဖြစ်ပါတယ်။

“အတိုင်းမသိပျော်တာပေါ့။ မကော်တို့က အောင်နိုင်ရေးခရီးစဉ်တွေမှာ အများကြီးပါခဲ့တာလေ။ ဒီလူတွေကိုပဲ ပြန်ပြီးခေါ်တယ်ဆိုတော့ အတိုင်းမသိ အရမ်းဝမ်းသာတယ်၊ ဂုဏ်ယူတယ်ပေါ့နော်။ တိုင်းပြည်အတွက် လည်းမျှော်လင့်မိ ပါတယ်။ တိုင်းပြည်ကောင်းရင် အကုန်ကောင်းတာပဲ။ အစကတည်းကလည်း အမေ့ကို မျှော်လင့်ချက်နဲ့ဝန်းရံခဲ့ကြတာမဟုတ်ဘူး။ ကိုယ်တွေဘာဖြစ်မယ်မှန်းမသိပဲ နဲ့ တစိတ်တဝမ်းတည်းဝန်းရံခဲ့တာဖြစ်တဲ့အတွက် တိုင်းပြည်ကောင်းရင် ကျေနပ်တယ်လေ။”



အနုပညာရှင်တွေအနေနဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားအပြင် သမ္မတအိမ်တော် မှာကျင်းပမယ့် ဂုဏ်ပြုညစာစားပွဲမှာလည်း ပါ၀င်သီဆိုဖျော်ဖြေကြမှာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ အဆိုတော်သံသာဝင်းပြောပြတာက

“ပါ၀င်သီဆိုရတာကတော့ အတိုင်းထက်အလွန်ပေါ့။ အရမ်းလည်းဂုဏ်ယူ တယ်။ နှစ်ငါးဆယ်ကျော်အတွင်း ကိုယ်တွေလိုချင်တဲ့ အစိုးရတက်လာတော့ ဂုဏ်ယူတယ်ပေါ့နော်။”

ပြည်ထောင်စုလွှတ်တော်မှာတော့ ပထမဆုံးအစီအစဉ်အရ မနက်ပိုင်း မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတဦးထင်ကျော်၊ ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ တို့က ပြည်ထောင်စု လွှတ်တော် နာယက ရှေ့မှောက်မှာ ကတိသစ္စာပြုကြမှာဖြစ်ပါတယ်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီး (၁၈)ဦးအပါအဝင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဌနဲ့ အဖွဲ့ဝင်တွေ၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌနဲ့ အဖွဲ့ဝင်တွေ အားလုံး ကတိသစ္စာပြုကြမှာဖြစ်ပါတယ်။ တတိယအစီအစဉ်အဖြစ် သမ္မတဦးထင်ကျော် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အဲဒီနောက် နေ့လည်ပိုင်းမှာတော့ အရင်သမ္မတ ဦးသိန်းစိန်စောင့်ကြိုနေ မယ့် နိုင်ငံတော်သမ္မတအိမ်တော်မှာ အာဏာလွှဲပြောင်းတဲ့ အခမ်းအနားကျင်းပမှာဖြစ်ပါတယ်။ ညနေပိုင်းမှာတော့ သမ္မတဦးထင်ကျော် တည့်ခင်းဧည့်ခံမယ့် ဂုဏ်ပြုညစာစားပွဲကို သမ္မတအိမ်တော်မှာဆက်လက် ကျင်းပမှာဖြစ်ပါတယ်။ ဧည့်သည်တော်စုစုပေါင်း (၃၀၀)လောက် ဖိတ်ကြားထားတယ်လို့ NLD ပါတီတာဝန်ရှိ သူတွေက ပြော ပါတယ်။သမ္မတဦးထင်ကျော်အစိုးရအဖွဲ့ဟာ ဧပြီလ (၁)ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်မှာဖြစ်ပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)