သမၼတတာ၀န္လႊဲေျပာင္းယူမည့္အစီအစဥ္ သေဘာတူညီခ်က္ရ

၄..၃..၁၆

ေရြးေကာက္ပြဲအႏိုင္ရ အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ အစိုးရအၾကား ညိႇႏိႈင္းေနတဲ့ ႏုိင္ငံေတာ္အႀကီးအကဲ သမၼတတာ၀န္လႊဲေျပာင္းယူမယ့္ အစီအစဥ္နဲ႔ ပတ္သက္ၿပီး သေဘာတူညီမႈရသြားၿပီလို႔ အဖြဲ႔ခ်ဳပ္ေျပာခြင့္ရသူ ဗဟိုအလုပ္အမႈေဆာင္ ဦး၀င္းထိန္က မီဒီယာေတြကို ေျပာပါတယ္။

ဒီကေန႔ မနက္က ေနျပည္ေတာ္ရွိ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေနအိမ္မွာ အန္အယ္လ္ဒီ ဗဟိုအလုပ္အမႈေဆာင္ေတြျဖစ္တဲ့ ဦး၀င္းထိန္၊ ဦး၀င္းျမင့္၊ ေဒါက္တာ မ်ဳိးေအာင္၊ ေဒါက္တာေဇာ္ျမင့္ေမာင္တို႔ ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ဆံုၿပီးေနာက္ ဦး၀င္းထိန္က ေျပာၾကားခဲ့တာပါ။

သမၼတတာ၀န္လႊဲေျပာင္းယူမယ့္ အခမ္းအနားကို မတ္လ ၃၀ရက္ေန႔ လႊတ္ေတာ္မွာ က်င္းပၿပီးေနာက္ လက္ရွိ သမၼတဦးသိန္းစိန္ကေတာ့က လႊတ္ေတာ္ကို လာေရာက္မွာ မဟုတ္ဘဲ သမၼတ အိမ္ေတာ္ကေနေစာင့္ၿပီး သမၼတသစ္ကို တာ၀န္လႊဲေပးမွာျဖစ္တယ္လုိ႔ ဦး၀င္းထိန္က ေျပာပါတယ္။

“အေရြးခ်ယ္ခံထားတဲ့ပါတီက သမၼတက လည္းတရား၀င္သမၼတ၊ သမၼတ ေဟာင္းကလည္း မတ္လ ၃၁
ရက္ေန႔အထိတရား၀င္တုန္းပဲ၊ သမၼတ ေဟာင္းက မတ္လ ၃၁ ရက္အထိ တာ၀န္ရွိတယ္။ ဒါေပမယ့္
သမၼတေဟာင္းကေန သမၼတ သစ္ကို တာ၀န္လႊဲတယ္ဆိုတာ သူတို႔မွာ လုပ္ပိုင္ခြင့္မရွိဘူး။ လႊတ္ေတာ္မွာပဲတာ၀န္ရွိတယ္။ အခုေတာ့ သေဘာတူလိုက္ၿပီး လႊတ္ေတာ္မွာပဲ လုပ္မယ္။ အဲဒီကၿပီးေတာ့မွ သမၼတသစ္က အိမ္ေတာ္သြားမယ္”

သမၼတ တာ၀န္လႊဲေျပာင္းေပးၿပီးေနာက္ သမၼတအိမ္ေတာ္မွာ ညစာစားပြဲ က်င္းပဖို႔ရွိတယ္လို႔ လည္းေျပာပါတယ္။

သမၼတတာ၀န္လႊဲေျပာင္းပြဲကို အန္အယ္လ္ဒီက ကုန္က်စရိတ္နည္းနည္းနဲ႔ ရိုးရိုးရွင္းရွင္း လႊတ္ေတာ္မွာသာက်င္းပဖို႔ ဆႏၵရွိေနတာျဖစ္ၿပီး အစိုးရက သမၼတအိမ္ေတာ္မွာ ခမ္းခမ္းနားနားက်င္းပဖို႔ဆႏၵရွိေနတာ ျဖစ္ပါတယ္။

By ဒီဗီြဘီ
..................
သမ္မတတာဝန်လွှဲပြောင်းယူမည့်အစီအစဉ် သဘောတူညီချက်ရ

၄..၃..၁၆

ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အစိုးရအကြား ညှိနှိုင်းနေတဲ့ နိုင်ငံတော်အကြီးအကဲ သမ္မတတာဝန်လွှဲပြောင်းယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး သဘောတူညီမှုရသွားပြီလို့ အဖွဲ့ချုပ်ပြောခွင့်ရသူ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က မီဒီယာတွေကို ပြောပါတယ်။

ဒီကနေ့ မနက်က နေပြည်တော်ရှိ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဦးဝင်းမြင့်၊ ဒေါက်တာ မျိုးအောင်၊ ဒေါက်တာဇော်မြင့်မောင်တို့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ဦးဝင်းထိန်က ပြောကြားခဲ့တာပါ။

သမ္မတတာဝန်လွှဲပြောင်းယူမယ့် အခမ်းအနားကို မတ်လ ၃၀ရက်နေ့ လွှတ်တော်မှာ ကျင်းပပြီးနောက် လက်ရှိ သမ္မတဦးသိန်းစိန်ကတော့က လွှတ်တော်ကို လာရောက်မှာ မဟုတ်ဘဲ သမ္မတ အိမ်တော်ကနေစောင့်ပြီး သမ္မတသစ်ကို တာဝန်လွှဲပေးမှာဖြစ်တယ်လို့ ဦးဝင်းထိန်က ပြောပါတယ်။

“အရွေးချယ်ခံထားတဲ့ပါတီက သမ္မတက လည်းတရားဝင်သမ္မတ၊ သမ္မတ ဟောင်းကလည်း မတ်လ ၃၁ရက်နေ့အထိတရားဝင်တုန်းပဲ၊ သမ္မတ ဟောင်းက မတ်လ ၃၁ ရက်အထိ တာဝန်ရှိတယ်။ ဒါပေမယ့် သမ္မတဟောင်းကနေ သမ္မတ သစ်ကို တာဝန်လွှဲတယ်ဆိုတာ သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး။ လွှတ်တော်မှာပဲတာဝန်ရှိတယ်။ အခုတော့ သဘောတူလိုက်ပြီး လွှတ်တော်မှာပဲ လုပ်မယ်။ အဲဒီကပြီးတော့မှ သမ္မတသစ်က အိမ်တော်သွားမယ်”

သမ္မတ တာဝန်လွှဲပြောင်းပေးပြီးနောက် သမ္မတအိမ်တော်မှာ ညစာစားပွဲ ကျင်းပဖို့ရှိတယ်လို့ လည်းပြောပါတယ်။

သမ္မတတာဝန်လွှဲပြောင်းပွဲကို အန်အယ်လ်ဒီက ကုန်ကျစရိတ်နည်းနည်းနဲ့ ရိုးရိုးရှင်းရှင်း လွှတ်တော်မှာသာကျင်းပဖို့ ဆန္ဒရှိနေတာဖြစ်ပြီး အစိုးရက သမ္မတအိမ်တော်မှာ ခမ်းခမ်းနားနားကျင်းပဖို့ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)