ေျမာက္ဦးတြင္ လူတစ္ဦး ခႏၶာကိုယ္ေပၚ ဓာတ္ဆီသြန္၍ မီးရိႈ႕ေသဆံုး


​မီးေလာင္ေနတဲ့ ​န​မူ​နာ ​ဓာတ္​ပံု​သာ ​ျဖစ္​ၿပီး ​အ​ခု မီးေလာင္ေသဆုံးသူရဲပုံ ​မ​ဟုတ္​ပါ။
နိရဥၥရာ၊ မတ္လ ၂၅

ရခိုင္ျပည္နယ္ ေျမာက္ဦးျမိဳ႕ ေက်ာက္ရစ္ေက အရပ္တြင္ အသက္(၄၀) အရြယ္ လူတစ္ဦးသည္ ၎၏ ခႏၶာကိုယ္ေပၚ ဓာတ္ဆီသြန္၍ မီးရိႈ႕ေသဆံုးသြားသည္ဟု သတင္း ရရွိသည္။

ေသဆံုးသူမွာ ဦးထြန္းထြန္းျမင့္ (၄၁ ႏွစ္) (ဘ) ဦးေအာင္ေက်ာ္ထြန္း၏ သားျဖစ္ေၾကာင္း ေျမာက္ဦးျမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးက အတည္ျပဳ ေျပာၾကားသည္။

“ ဒီေန႕ ေန႕လယ္ ၁၂ နာရီ ၁၅ မိနစ္က ဓာတ္ဆီ တစ္လီတာကို ခႏၶာကိုယ္ေပၚမွာ သြန္ျပီး မီးရိႈ႕ ေသဆံုးသြားပါတယ္။ သတင္းအရ လိုက္သြားေတာ့ ၁၂ နာရီ ၄၅ မိနစ္မွာ ေရာက္တယ္။ ေသေနပါျပီ။ အေလာင္းကိုေတာ့ ခရိုင္ေဆးရံုကို ပို႕လိုက္ပါျပီ” ဟု ရဲမွဴးက အတည္ျပဳ ေျပာၾကားသည္။

ရဲတပ္ဖြဲ႕၀င္မ်ား ေရာက္သြားခ်ိန္တြင္ ေသဆံုးေနျပီ ျဖစ္ေၾကာင္း၊ အခင္း ျဖစ္ပြားရာေနရာမွာ ေက်ာက္ရစ္ေက ေက်းရြာ သူ႕ဖခင္ ဦးေအာင္ေက်ာ္ထြန္းေနအိမ္ေရွ႕တြင္ ျဖစ္ေၾကာင္း၊ ေသဆံုးသူမွာ အရက္မူးေနသည္ဟု သိရွိရေၾကာင္း ျမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးက ေျပာသည္။

မ်က္ျမင္မ်ား၏ အေျပာအရ ဓာတ္ဆီ ခႏၶာကိုယ္ေပၚသို႕ ေလာင္းခ်ိန္တြင္ အေပၚပိုင္း ခႏၶာကိုယ္တြင္ အက်ၤီ မရွိဘဲ လံုခ်ည္ကို ၀တ္ထားေၾကာင္း၊ အရက္လည္း မူးေနေၾကာင္း၊ တစ္လီတာခန္႕ရွိေသာ ဓာတ္ဆီကို ခႏၶာကိုယ္ေပၚ သြန္ကာ မီးရွိဳ႕ ေသဆံုးသြားခဲ့ေၾကာင္း ေျပာဆိုသည္။

မိသားစုမ်ားမွ ဦးထြန္းထြန္းျငိမ္းသည္ အရက္မူးလ်င္ စိတ္ေဖာက္ျပန္တတ္ေၾကာင္း၊ ေသမႈေသခင္း အရ အမႈအမွတ္ ၄ / ၂၀၁၆ ျဖင့္ အမႈဖြင့္ထားေၾကာင္း ျမိဳ႕နယ္ ရဲတပ္ဖြဲ႕မွဴးက ေျပာဆိုသည္။

သူငါ (ေျမာက္ဦး)
Arakan State
https://www.facebook.com/NarinjaraNews
...................

​မီးလောင်နေတဲ့ ​န​မူ​နာ ​ဓာတ်​ပုံ​သာ ​ဖြစ်​ပြီး ​အ​ခု မီးလောင်သေဆုံးသူရဲပုံ ​မ​ဟုတ်​ပါ။
နိရဥ္စရာ၊ မတ်လ ၂၅

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ကျောက်ရစ်ကေ အရပ်တွင် အသက်(၄၀) အရွယ် လူတစ်ဦးသည် ၎င်း၏ ခန္ဓာကိုယ်ပေါ် ဓာတ်ဆီသွန်၍ မီးရှို့သေဆုံးသွားသည်ဟု သတင်း ရရှိသည်။

သေဆုံးသူမှာ ဦးထွန်းထွန်းမြင့် (၄၁ နှစ်) (ဘ) ဦးအောင်ကျော်ထွန်း၏ သားဖြစ်ကြောင်း မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြု ပြောကြားသည်။

“ ဒီနေ့ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ဓာတ်ဆီ တစ်လီတာကို ခန္ဓာကိုယ်ပေါ်မှာ သွန်ပြီး မီးရှို့ သေဆုံးသွားပါတယ်။ သတင်းအရ လိုက်သွားတော့ ၁၂ နာရီ ၄၅ မိနစ်မှာ ရောက်တယ်။ သေနေပါပြီ။ အလောင်းကိုတော့ ခရိုင်ဆေးရုံကို ပို့လိုက်ပါပြီ” ဟု ရဲမှူးက အတည်ပြု ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ ရောက်သွားချိန်တွင် သေဆုံးနေပြီ ဖြစ်ကြောင်း၊ အခင်း ဖြစ်ပွားရာနေရာမှာ ကျောက်ရစ်ကေ ကျေးရွာ သူ့ဖခင် ဦးအောင်ကျော်ထွန်းနေအိမ်ရှေ့တွင် ဖြစ်ကြောင်း၊ သေဆုံးသူမှာ အရက်မူးနေသည်ဟု သိရှိရကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောသည်။

မျက်မြင်များ၏ အပြောအရ ဓာတ်ဆီ ခန္ဓာကိုယ်ပေါ်သို့ လောင်းချိန်တွင် အပေါ်ပိုင်း ခန္ဓာကိုယ်တွင် အကျင်္ီ မရှိဘဲ လုံချည်ကို ၀တ်ထားကြောင်း၊ အရက်လည်း မူးနေကြောင်း၊ တစ်လီတာခန့်ရှိသော ဓာတ်ဆီကို ခန္ဓာကိုယ်ပေါ် သွန်ကာ မီးရှို့ သေဆုံးသွားခဲ့ကြောင်း ပြောဆိုသည်။

မိသားစုများမှ ဦးထွန်းထွန်းငြိမ်းသည် အရက်မူးလျင် စိတ်ဖောက်ပြန်တတ်ကြောင်း၊ သေမှုသေခင်း အရ အမှုအမှတ် ၄ / ၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောဆိုသည်။

သူငါ (မြောက်ဦး)
Arakan State
https://www.facebook.com/NarinjaraNews
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)