ကုကၠိဳပင္လွဲရာမွ သစ္ပင္ပိ၍ လူတစ္ဦးေသဆုံး

ယခုေဖာ္ျပထားတဲ့ ဓါတ္ပုံမွာ နမူနာ ဓါတ္ပုံသာ ျဖစ္ပါတယ္။ ဓါတ္ပုံ - Google Images
သုံးခြ မတ္ ၂၄

ရန္ကုန္ေတာင္ပိုင္းခ႐ိုင္ သုံးခြၿမိဳ႕နယ္ ကြၽဲတဲကုန္းေက်းရြာအုပ္စု သနပ္ကုန္းေက်းရြာ ၌ မတ္၂၃ ရက္ မြန္းတည့္ ၁၂ နာရီက ကုကၠိဳပင္ ခုတ္လွဲရာမွ သစ္ပင္ပိ၍ လူတစ္ဦးေသဆုံးသြားေၾကာင္း သိရသည္။

ေသဆုံးသူမွာ ဦးျမဟန္ (၄၈)ႏွစ္ျဖစ္ၿပီး သနပ္ကုန္းေက်းရြာ ဦးတင္ဝင္း ၏ ေနအိမ္ဝင္းအတြင္း အျမင့္ ၁၅ ေပ၊ လံုးပတ္ ေျခာက္ေပခန္႔ရွိ ကုကိၠဳပင္ အား ဦးျမဟန္ႏွင့္ ဦးေအာင္တို႔က ခုတ္လွဲၾကရာ ဦးျမဟန္မွာ သစ္ပင္ အျမစ္ ေျမႀကီး တြင္းတူးေနစဥ္ သစ္ပင္မွာ ေလျပင္းတိုက္ခတ္သျဖင့္ လဲက်ခဲ့ရာ သစ္ပင္ပိ၍ ေသဆုံးသြားေၾကာင္း ဦးေအာင္ႏွင့္ အိမ္ရွင္ျဖစ္သူ ဦးတင္ဝင္း တို႔၏ ေျပာျပခ်က္အရ သိရသည္။

ေသဆုံးသူအား တာဝန္ရွိသူမ်ားက စစ္ေဆးၾကည့္ရာ ဝမ္းဗိုက္ညိဳမည္း ဒဏ္ရာႏွင့္ယာလက္ေမာင္းပြန္းပဲ့ဒဏ္ရာ၊ ညာဘက္ေပါင္ပြန္းပဲ့ဒဏ္ရာမ်ား ရရွိကာ ေသဆုံးေနသည္ကိုေတြ႕ရသျဖင့္ သုံးခြၿမိဳ႕မရဲစခန္းက အမႈဖြင့္၍ ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္၊ မဟုတ္ စုံစမ္းစစ္ေဆးအေရးယူထားေၾကာင္း သိရသည္။

(ၾကည္စိုးလြင္-သုံးခြ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
..........
 ယခုဖော်ပြထားတဲ့ ဓါတ်ပုံမှာ နမူနာ ဓါတ်ပုံသာ ဖြစ်ပါတယ်။ ဓါတ်ပုံ - Google Images
သုံးခွ မတ် ၂၄

ရန်ကုန်တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ကျွဲတဲကုန်းကျေးရွာအုပ်စု သနပ်ကုန်းကျေးရွာ ၌ မတ်၂၃ ရက် မွန်းတည့် ၁၂ နာရီက ကုက္ကိုပင် ခုတ်လှဲရာမှ သစ်ပင်ပိ၍ လူတစ်ဦးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူမှာ ဦးမြဟန် (၄၈)နှစ်ဖြစ်ပြီး သနပ်ကုန်းကျေးရွာ ဦးတင်ဝင်း ၏ နေအိမ်ဝင်းအတွင်း အမြင့် ၁၅ ပေ၊ လုံးပတ် ခြောက်ပေခန့်ရှိ ကုက္ကိုပင် အား ဦးမြဟန်နှင့် ဦးအောင်တို့က ခုတ်လှဲကြရာ ဦးမြဟန်မှာ သစ်ပင် အမြစ် မြေကြီး တွင်းတူးနေစဉ် သစ်ပင်မှာ လေပြင်းတိုက်ခတ်သဖြင့် လဲကျခဲ့ရာ သစ်ပင်ပိ၍ သေဆုံးသွားကြောင်း ဦးအောင်နှင့် အိမ်ရှင်ဖြစ်သူ ဦးတင်ဝင်း တို့၏ ပြောပြချက်အရ သိရသည်။

သေဆုံးသူအား တာဝန်ရှိသူများက စစ်ဆေးကြည့်ရာ ဝမ်းဗိုက်ညိုမည်း ဒဏ်ရာနှင့်ယာလက်မောင်းပွန်းပဲ့ဒဏ်ရာ၊ ညာဘက်ပေါင်ပွန်းပဲ့ဒဏ်ရာများ ရရှိကာ သေဆုံးနေသည်ကိုတွေ့ရသဖြင့် သုံးခွမြို့မရဲစခန်းက အမှုဖွင့်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စုံစမ်းစစ်ဆေးအရေးယူထားကြောင်း သိရသည်။

(ကြည်စိုးလွင်-သုံးခွ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)