စက္ယႏၱရားတင္သြင္းမႈနဲ႔ ပတ္သက္ၿပီးအေရးယူ


ကခ်င္ျပည္နယ္ ဖားကန္႔ေက်ာက္စိမ္းတြင္းလုပ္ကြက္ေတြမွာ အသံုးျပဳမယ့္ ယာဥ္စက္ယႏၱရားေတြကို တရားမဝင္ တင္သြင္းခြင့္ျပဳရာမွာ ပါဝင္ပတ္သက္မႈရွိတဲ့ ျပည္နယ္အစိုးရအဖဲြ႔၊ ဘ႑ာေရးနဲ႔ အခြန္၀န္ႀကီးဌာန၊ စီးပြားေရးနဲ႔ ကူးသန္းေရာင္း ၀ယ္ေရး၀န္ႀကီးဌာနတုိ႔က အရာရွိေတြကို အေရးယူေနတယ္လို႔ သိရပါတယ္။

ျပည္ထဲေရး၀န္ႀကီးဌာနက စစ္ေဆးၿပီး သက္ဆုိင္ရာ၀န္ၾကီးဌာနက ပါ၀င္ပတ္သက္တဲ့ အရာရွိအေတာ္မ်ားမ်ားကို အေရးယူေနတာျဖစ္တယ္လို႔ ႏုိင္ငံေတာ္သမၼတရံုး ဒုတိယညႊန္ၾကားေရးမႈးခ်ဳပ္ ဦးေဇာ္ေဌး က ေျပာပါတယ္။

"က်ေနာ္တို႔ကအဖြဲ႔ ၂ ဖြဲ႔လုပ္တာကို၊ ပဏာမ ဦးဝင္းထြန္းနဲ႔ ေနာက္ေတာ့ ဗိုလ္ႀကီးဝင္းရွိန္နဲ႔ လုပ္တယ္၊ အေရးယူတာက ျပည္ထဲေရးကယူတယ္၊ ဘ႑ာခြန္ကယူတယ္၊ အဲ့ဒါေတြရွိတယ္၊ ေနာက္စီးပြားကူးသန္းက အေရးယူတာေတြရွိတယ္၊ အမ်ိဳးစံုေပါ့ေနာ္"

အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ကခ်င္ျပည္နယ္ အစိုးရအဖဲြ႔ အတြင္းေရးမွဴးကို ၿပီးခဲ့တဲ့ ေဖေဖာ္၀ါရီလ ၂၉ ရက္ေန႔က တာဝန္ကေန ထုတ္ပယ္လိုက္တယ္လို႔ ကခ်င္ျပည္နယ္ စီမံကိန္းနဲ႔ စီးပြားေရးဝန္ႀကီး ေဒါက္တာ ခင္ေမာင္ထြန္းက ေျပာပါတယ္။

"က်ေနာ္သိထားတာက မဆိုးဘူးဗ်၊ ေပါင္းသင္းဆက္ဆံေရးေရာ၊ စိတ္သေဘာထားေရာ ႏူးညံ႔သိမ္ေမြ႔တယ္၊ ႏွေမ်ာတယ္၊ အေၾကာင္းေၾကာင္းေတြေၾကာင့္ ျဖစ္သြားတယ္လို႔ ဒီလိုပဲျမင္တယ္၊ သူ႔တစ္ေယာက္ထဲပဲၾကားတယ္၊ ကခ်င္ျပည္နယ္အစိုးရအဖြဲ႔အေနနဲ႔ နစ္နာတာေပါ့ဗ်ာ၊ ရပ္ဆိုင္းတယ္ဆိုတာကေတာ့ တစ္ေလာကလာစစ္သြားတဲ့ စက္ယႏၱရားကိစၥေပါ့ဗ်ာ၊ ဒီလိုပဲ သံုးသပ္တယ္၊ တျခားေထြေထြထူးထူးေတာ့ ဘာမွမၾကားဘူး၊ ဒါမ်ိဳးဆိုတာ က်ေနာ္တို႔သိထားတဲ့အလုပ္မွမဟုတ္တာ"

ေက်ာက္စိမ္းတူးေဖာ္ရာမွာ အသံုးျပဳတဲ႔ ယာဥ္ယႏၱရားေတြကို ဖားကန္႔ကို သယ္ယူႏိုင္ဖို႔ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ရဲ႕ညႊန္ၾကားမႈနဲ႔ အစိုးရအဖဲြ႔ အတြင္းေရးမွဴးက လက္မွတ္ေရးထိုးၿပီး ခြင့္ျပဳမိန္႔ေတြကို ထုတ္ေပးခဲ႔တဲ႔အတြက္ တာဝန္ကေန အနားေပးခံရတဲ႔ သေဘာျဖစ္တယ္လို႔ ျပည္နယ္အရာရွိတခ်ိဳ႕ကေျပာပါတယ္။

ယာဥ္ယႏၱရားကိစၥေတြနဲ႔ ပတ္သက္ၿပီး ပတ္ဝန္းက်င္ထိန္းသိမ္းေရးနဲ႔ သစ္ေတာေရးရာဝန္ႀကီး႒ာန ျပည္ေထာင္စုဝန္ႀကီး ဦးဝင္းထြန္း၊ ဘ႑ာေရးနဲ႔ အခြန္၀န္ၾကီး ဦး၀င္းရွိန္၊ ျပည္ထဲေရးဝန္ႀကီး႒ာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ ေအာင္စိုး တို႔ဦးေဆာင္တဲ႔ အဖြဲ႔ေတြဟာ ၿပီးခဲ႔တဲ႔ႏွစ္ ဒီဇင္ဘာလကစၿပီး ျမစ္ႀကီးနား၊ ကန္ပိုက္တီ နဲ႔ ဖားကန္႔ေဒသမွာ ကြင္းဆင္းစစ္ေဆးခဲ့တာျဖစ္ပါတယ္။

ျပည္ေထာင္စုအစိုးရက ေစလြတ္ခဲ့တဲ့ အထူးကြင္းဆင္းစစ္ေဆးေရးအဖြဲ႔ေတြဟာ ၿပီးခဲ႔တဲ႔ ႏွစ္ ဒီဇင္ဘာလ နဲ႔ အခုႏွစ္ ဇန္နဝါရီလအတြင္းမွာ ကခ်င္ျပည္နယ္ ဝန္ႀကီး သံုးဦးကို ျမစ္ႀကီးနားမွာ စစ္ေဆးေမးျမန္းခဲ႔သလို ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုလည္း ျပည္ေထာင္စုအစိုးရက ေနျပည္ေတာ္ကို ေခၚယူစစ္ေဆးခဲ႔ပါတယ္။

ေက်ာက္မ်က္တူးေဖာ္တဲ့ စက္ယႏၱရားေတြ သယ္ယူႏိုင္ဖို႔ နဲ႔ ေက်ာက္တူးေဖာ္ခြင့္ ရရွိဖို႔အတြက္ အစိုးရ႒ာနဆိုင္ရာေတြကို ေငြေၾကးေပးရသလို ကခ်င္လြတ္ေျမာက္ေရးတပ္မေတာ္ ေကအိုင္ေအ အဖြဲ႔ကိုလည္း ျမန္မာက်ပ္ေငြ အျပင္ တရုတ္ယြမ္ေငြ သန္းနဲ႔ခ်ီ ေပးရတယ္လို႔ အမည္မေဖာ္လိုတဲ႔ ေက်ာက္မ်က္ တူးေဖာ္ေရးကုမၸဏီေတြက ေျပာပါတယ္။

ဖားကန္႔ေဒသမွာ ေက်ာက္စိမ္းတူးေဖာ္ေရးအတြက္ အေသးစားယာဥ္ အပါအဝင္ ယာဥ္ယႏၱရားမ်ိဳးစံု တစ္ေသာင္းေက်ာ္ကို ကြင္းဆင္းစစ္ေဆးေရးအဖြဲ႔က စာရင္းေကာက္ယူရရွိခဲ့တယ္လို႔ သိရပါတယ္။ ယာဥ္စက္ယႏၱရားေတြကို တရုတ္-ျမန္မာ နယ္စပ္ ကန္ပိုက္တီးဂိတ္ကေနတဆင့္ တင္သြင္းတာျဖစ္တယ္လို႔ သိရပါတယ္။

ယာဥ္၊ စက္ယႏၱရားေတြကို တရုတ္-ျမန္မာ နယ္စပ္ ကန္ပိုက္တီနယ္စပ္ကုန္သြယ္ေရးစခန္းကေန သယ္ယူမႈေတြရွိသလို ရန္ကုန္ နဲ႔ မႏၱေလး ကေနတဆင့္ ေရလမ္း၊ ကုန္လမ္းေတြနဲ႔ ဖားကန္႔ေဒသဘက္ သယ္ယူခဲ႔တာျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese

..........................................


ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေမှာ အသုံးပြုမယ့် ယာဉ်စက်ယန္တရားတွေကို တရားမဝင် တင်သွင်းခွင့်ပြုရာမှာ ပါဝင်ပတ်သက်မှုရှိတဲ့ ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာနတို့က အရာရှိတွေကို အရေးယူနေတယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက စစ်ဆေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပါ၀င်ပတ်သက်တဲ့ အရာရှိအတော်များများကို အရေးယူနေတာဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ဒုတိယညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေး က ပြောပါတယ်။

"ကျနော်တို့ကအဖွဲ့ ၂ ဖွဲ့လုပ်တာကို၊ ပဏာမ ဦးဝင်းထွန်းနဲ့ နောက်တော့ ဗိုလ်ကြီးဝင်းရှိန်နဲ့ လုပ်တယ်၊ အရေးယူတာက ပြည်ထဲရေးကယူတယ်၊ ဘဏ္ဍာခွန်ကယူတယ်၊ အဲ့ဒါတွေရှိတယ်၊ နောက်စီးပွားကူးသန်းက အရေးယူတာတွေရှိတယ်၊ အမျိုးစုံပေါ့နော်"

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၉ ရက်နေ့က တာဝန်ကနေ ထုတ်ပယ်လိုက်တယ်လို့ ကချင်ပြည်နယ် စီမံကိန်းနဲ့ စီးပွားရေးဝန်ကြီး ဒေါက်တာ ခင်မောင်ထွန်းက ပြောပါတယ်။

"ကျနော်သိထားတာက မဆိုးဘူးဗျ၊ ပေါင်းသင်းဆက်ဆံရေးရော၊ စိတ်သဘောထားရော နူးညံ့သိမ်မွေ့တယ်၊ နှမျောတယ်၊ အကြောင်းကြောင်းတွေကြောင့် ဖြစ်သွားတယ်လို့ ဒီလိုပဲမြင်တယ်၊ သူ့တစ်ယောက်ထဲပဲကြားတယ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ နစ်နာတာပေါ့ဗျာ၊ ရပ်ဆိုင်းတယ်ဆိုတာကတော့ တစ်လောကလာစစ်သွားတဲ့ စက်ယန္တရားကိစ္စပေါ့ဗျာ၊ ဒီလိုပဲ သုံးသပ်တယ်၊ တခြားထွေထွေထူးထူးတော့ ဘာမှမကြားဘူး၊ ဒါမျိုးဆိုတာ ကျနော်တို့သိထားတဲ့အလုပ်မှမဟုတ်တာ"

ကျောက်စိမ်းတူးဖော်ရာမှာ အသုံးပြုတဲ့ ယာဉ်ယန္တရားတွေကို ဖားကန့်ကို သယ်ယူနိုင်ဖို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ညွှန်ကြားမှုနဲ့ အစိုးရအဖွဲ့ အတွင်းရေးမှူးက လက်မှတ်ရေးထိုးပြီး ခွင့်ပြုမိန့်တွေကို ထုတ်ပေးခဲ့တဲ့အတွက် တာဝန်ကနေ အနားပေးခံရတဲ့ သဘောဖြစ်တယ်လို့ ပြည်နယ်အရာရှိတချို့ကပြောပါတယ်။

ယာဉ်ယန္တရားကိစ္စတွေနဲ့ ပတ်သက်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သစ်တောရေးရာဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန်၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်စိုး တို့ဦးဆောင်တဲ့ အဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး မြစ်ကြီးနား၊ ကန်ပိုက်တီ နဲ့ ဖားကန့်ဒေသမှာ ကွင်းဆင်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရက စေလွတ်ခဲ့တဲ့ အထူးကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွေဟာ ပြီးခဲ့တဲ့ နှစ် ဒီဇင်ဘာလ နဲ့ အခုနှစ် ဇန်နဝါရီလအတွင်းမှာ ကချင်ပြည်နယ် ဝန်ကြီး သုံးဦးကို မြစ်ကြီးနားမှာ စစ်ဆေးမေးမြန်းခဲ့သလို ပြည်နယ်ဝန်ကြီးချုပ်ကိုလည်း ပြည်ထောင်စုအစိုးရက နေပြည်တော်ကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။

ကျောက်မျက်တူးဖော်တဲ့ စက်ယန္တရားတွေ သယ်ယူနိုင်ဖို့ နဲ့ ကျောက်တူးဖော်ခွင့် ရရှိဖို့အတွက် အစိုးရဋ္ဌာနဆိုင်ရာတွေကို ငွေကြေးပေးရသလို ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ အဖွဲ့ကိုလည်း မြန်မာကျပ်ငွေ အပြင် တရုတ်ယွမ်ငွေ သန်းနဲ့ချီ ပေးရတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်မျက် တူးဖော်ရေးကုမ္ပဏီတွေက ပြောပါတယ်။

ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးအတွက် အသေးစားယာဉ် အပါအဝင် ယာဉ်ယန္တရားမျိုးစုံ တစ်သောင်းကျော်ကို ကွင်းဆင်းစစ်ဆေးရေးအဖွဲ့က စာရင်းကောက်ယူရရှိခဲ့တယ်လို့ သိရပါတယ်။ ယာဉ်စက်ယန္တရားတွေကို တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီးဂိတ်ကနေတဆင့် တင်သွင်းတာဖြစ်တယ်လို့ သိရပါတယ်။

ယာဉ်၊ စက်ယန္တရားတွေကို တရုတ်-မြန်မာ နယ်စပ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းကနေ သယ်ယူမှုတွေရှိသလို ရန်ကုန် နဲ့ မန္တလေး ကနေတဆင့် ရေလမ်း၊ ကုန်လမ်းတွေနဲ့ ဖားကန့်ဒေသဘက် သယ်ယူခဲ့တာဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)