အမွတ္(၄/၅)ဘဝသစ္ဆင္ျဖဴရွင္စခန္း၌ မီးေလာင္မႈျဖစ္ပြား


တနသၤာရီ မတ္လ ၁၈

တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ခရိုင္ တနသၤာရီၿမိဳ့နယ္ သိန္ခြန္းေက်းရြာအုပ္စု-ထံုခါးေက်းရြာရွိအမွတ္(၄/၅) ဘဝသစ္ဆင္ျဖဴရွင္ စိုက္ပ်ိဳးေမြးျမဴေရးႏွင့္ အသက္ေမြးမႈအတတ္သင္စခန္းတြင္ တာဝန္ခံဦးစီးအရာရွိ ဦးေအာင္မင္း ေနအိမ္ မီးဖိုမီးၾကြင္းမီးက်န္မွစ၍ မတ္လ ၁၈ ရက္ မြန္းလႊဲ ၂ နာရီ ၄၅ မိနစ္အခ်ိန္ မီးေလာင္ကၽြမ္း မႈျဖစ္ပြားခဲ့ရာ ပုဂၢလိကပိုင္ေရသယ္ယာဥ္ႏွစ္စီးႏွင့္ အရန္မီးသတ္တပ္ဖြဲ႔ဝင္မ်ား၊ ေဒသခံမ်ားစုေပါင္း ၍ မီးၿငိမ္းသတ္ၾကရာ မြန္းလႊဲ ၃နာရီ ၃ဝအခ်ိန္တြင္ မီးၿငိမ္းသတ္နိုင္ခဲ့ေၾကာင္း သိရသည္။



ထိုသို႔မီးေလာင္ကၽြမ္းမႈေၾကာင့္ တာဝန္ခံဦးစီးအရာရွိ ဦးေအာင္မင္း ေနအိမ္(၃၅)ေပ ပတ္လည္(တစ္)လံုး၊ ရံုးခန္း(တစ္)လံုး၊ ရဲဘက္ဝန္ထမ္းမ်ား၏ အဝတ္အစားမ်ားသိုေလွာင္ထားသည့္(၅ဝေပx၂ဝေပ)ရွိ ဂိုေဒါင္(တစ္လံုး)၊ အက်ဥ္းသားရိကၡာဆန္ဂိုေဒါင္(၁၅ဝေပ)အနံ(၄၅ေပ)ရွိ(တစ္)လံုး၊ စပါးတလင္းဂိုေဒါင္အလ်ား(၁၅ဝေပ)၊အနံ(၄၅ေပ) ရွိ(ႏွစ္)လံုး၊ (မီးစက္၊ စပါးေျခြစက္၊ လက္တြန္းထြန္စက္မ်ား) ထားရွိရာ မီးစက္ဂိုေဒါင္(တစ္)လံုးႏွင့္ အတူ မ်ိဳးစပါး (ေက်ာ္ေဇယ်စပါးမ်ိဳး၊ ပသွ်ဴးမ်ိဳး)(၄၅ဝ)တင္း၊ ဆန္(၂ဝဝ)အိတ္ ခန္႔ႏွင့္လုပ္အားရွင္ဝတ္စံု(၆ဝဝ)စံုခန္႔တို႔ မီးေလာင္ ဆံုးရႈံးခဲ့ေၾကာင္း သိရသည္။



၄င္းမီးေလာင္မႈအခင္းျဖစ္ပြားရာသို႔ ၿမိဳ့နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းမင္းႏိုင္၊ ၿမိဳ့နယ္ရဲတပ္ဖြဲ႔မွဴးယာယီရဲမွဴး- ေစာေမာင္ ၊ ၿမိဳ့မစခန္းမွဴး ရဲအုပ္ေမာင္ေမာင္ ႏွင့္တပ္ဖြဲ႔ဝင္မ်ား ၊ အမွတ္(၅၅၈)ေျချမန္တပ္ရင္းမွ တပ္မေတာ္သား၊ ၿမိဳ့နယ္မီးသတ္ဦးစီးဌာန ဦးစီးမွဴး ဦးမ်ိဳးမ်ိဳးႏိုင္ ႏွင့္သေႏၶမီးသတ္တပ္ဖြဲ႔ဝင္မ်ား သည္ မီးသတ္ယာဥ္မ်ားႏွင့္အတူ မြန္းလြဲ ၃နာရီ ၃ဝ မိနစ္ အခ်ိန္တြင္ သြားေရာက္၍ ႀကီးၾကပ္ေဆာင္ရြက္ေပးၾကေၾကာင္း သတင္း ရရွိသည္။

နန္းသာရီ-(ျပန္ဆက္)
ဓါတ္ပံု- ၿမိဳ့နယ္ရဲတပ္ဖြဲ႔
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
..............


တနင်္သာရီ မတ်လ ၁၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စု-ထုံခါးကျေးရွာရှိအမှတ်(၄/၅) ဘဝသစ်ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းတွင် တာဝန်ခံဦးစီးအရာရှိ ဦးအောင်မင်း နေအိမ် မီးဖိုမီးကြွင်းမီးကျန်မှစ၍ မတ်လ ၁၈ ရက် မွန်းလွှဲ ၂ နာရီ ၄၅ မိနစ်အချိန် မီးလောင်ကျွမ်း မှုဖြစ်ပွားခဲ့ရာ ပုဂ္ဂလိကပိုင်ရေသယ်ယာဉ်နှစ်စီးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများစုပေါင်း ၍ မီးငြိမ်းသတ်ကြရာ မွန်းလွှဲ ၃နာရီ ၃ဝအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


ထိုသို့မီးလောင်ကျွမ်းမှုကြောင့် တာဝန်ခံဦးစီးအရာရှိ ဦးအောင်မင်း နေအိမ်(၃၅)ပေ ပတ်လည်(တစ်)လုံး၊ ရုံးခန်း(တစ်)လုံး၊ ရဲဘက်ဝန်ထမ်းများ၏ အဝတ်အစားများသိုလှောင်ထားသည့်(၅ဝပေx၂ဝပေ)ရှိ ဂိုဒေါင်(တစ်လုံး)၊ အကျဉ်းသားရိက္ခာဆန်ဂိုဒေါင်(၁၅ဝပေ)အနံ(၄၅ပေ)ရှိ(တစ်)လုံး၊ စပါးတလင်းဂိုဒေါင်အလျား(၁၅ဝပေ)၊အနံ(၄၅ပေ) ရှိ(နှစ်)လုံး၊ (မီးစက်၊ စပါးခြွေစက်၊ လက်တွန်းထွန်စက်များ) ထားရှိရာ မီးစက်ဂိုဒေါင်(တစ်)လုံးနှင့် အတူ မျိုးစပါး (ကျော်ဇေယျစပါးမျိုး၊ ပသျှူးမျိုး)(၄၅ဝ)တင်း၊ ဆန်(၂ဝဝ)အိတ် ခန့်နှင့်လုပ်အားရှင်ဝတ်စုံ(၆ဝဝ)စုံခန့်တို့ မီးလောင် ဆုံးရှုံးခဲ့ကြောင်း သိရသည်။


၄င်းမီးလောင်မှုအခင်းဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး- စောမောင် ၊ မြို့မစခန်းမှူး ရဲအုပ်မောင်မောင် နှင့်တပ်ဖွဲ့ဝင်များ ၊ အမှတ်(၅၅၈)ခြေမြန်တပ်ရင်းမှ တပ်မတော်သား၊ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးမျိုးနိုင် နှင့်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ သည် မီးသတ်ယာဉ်များနှင့်အတူ မွန်းလွဲ ၃နာရီ ၃ဝ မိနစ် အချိန်တွင် သွားရောက်၍ ကြီးကြပ်ဆောင်ရွက်ပေးကြကြောင်း သတင်း ရရှိသည်။

နန်းသာရီ-(ပြန်ဆက်)
ဓါတ်ပုံ- မြို့နယ်ရဲတပ်ဖွဲ့
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)