ပဲခူးေဆးရံုမွာ ကေလးေသဆံုးမႈ စံုစမ္းစစ္ေဆး

ပဲခူးတုိင္းေဒသႀကီး ပဲခူးၿမိဳ႕နယ္ အေထြေထြေရာဂါကုေဆးရံုႀကီးကို ေတြ႔ရစဥ္။ Photo:Bago Mintha Mintha(facebook)
ပဲခူးတုိင္းေဒသႀကီး ပဲခူးၿမိဳ႕နယ္ အေထြေထြေရာဂါကုေဆးရံုႀကီးမွာ ၿပီးခဲ႔တဲ႔ရက္ပိုင္းက ဘီပိုးကာကြယ္ေဆး ထိုးခံခဲ့ရတဲ့ ေမြးကင္းစကေလးငယ္ ၃ ဦး ေသဆံုးသြားတဲ႔ ကိစၥနဲ႔ပတ္သက္ၿပီး ျပည္သူ႔လႊတ္ေတာ္ က်န္းမာေရးနဲ႔ အားကစားဖြံ႔ၿဖိဳးတိုးတက္ေရး ေကာ္မတီက စံုစမ္းစစ္ေဆးတာေတြ လုပ္ေနပါတယ္။

ဒီကေန႔ အမ်ိဳးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္က လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ပဲခူးေဆးရံုမွာ သြားေရာက္စံုစမ္းခဲ့ၿပီး ေတြ႔ ရွိထားတဲ႔ အခ်က္လက္ေတြကို ျပည္သူ႔လႊတ္ေတာ္ က်န္းမာေရးနဲ႔ အားကစားဖြ႔ံၿဖိဳးတိုးတက္ေရးေကာ္မတီ အစည္းအေဝးမွာ တင္ျပသြားမယ္လို႔ အဲ့ဒီေကာ္မတီဝင္ တစ္ဦးျဖစ္တဲ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးျမင့္ဦးက ေျပာပါတယ္။

"ဒီေဆးထိုးတဲ့ ကေလးေတြပဲျဖစ္တယ္၊ ေဆးမထိုးတဲ့ ကေလးေတြ ျဖစ္တာမေတြ႔ဘူး၊ ဒါျဖစ္တဲ့အခါ သံုးသပ္ၾကည့္တဲ့အခါက်ေတာ့ ေဆးမွာေတာ့ အျပစ္တစ္ခုခုရွိတယ္ဆိုတယ္ဆိုတာမ်ိဳးကို ေပၚလြင္ေနတယ္၊ သို႔ေသာ္ ေဆးရဲ႕နမူနာမရဘူး၊ အမွန္တကယ္ဆိုလို႔ရွိရင္ ဒီေဆးရဲ႕လက္က်န္ေပါ့ ဒီေဆးေရာင္းတဲ့ဆိုင္မွာ ရွိရဦးမွာ၊ ဒါေပမဲ့ ေဆးနမူနာမရတဲ့အတြက္ ေဆးေၾကာင့္လို႔ေျပာဖို႔လည္း အျပည့္အဝေတာ့ေျပာလို႔ေတာ့ မခိုင္လံုဘူးလို႔ထင္တယ္ေလ၊ အန္ကယ္လ္က ကိုယ္တိုင္က က်န္းမာေရးနဲ႔ အားကစားဖြံ႔ၿဖိဳး တိုးတက္ေရး ေကာ္မတီဝင္ဆိုေတာ့ အန္ကယ္လ္တို႔ အစည္းအေဝးက်လို႔ရွိရင္ အခု ဒီေန႔သြား ၿပီးေတာ့ ေလ့လာခဲ့တဲ့ဟာေလးကို ေကာ္မတီမွာ အန္ကယ္လ္ တင္ျပေပးမွာေပါ့"

ၿပီးခဲ႔တဲ႔ မတ္ ၇ ရက္ေန႔က ပဲခူးၿမိဳ႕ အေထြေထြေရာဂါကုေဆးရံုႀကီးမွာ ေမြးကင္းစကေလးငယ္ ၂၈ ဦးကို ျပင္ပေဆး ဆိုင္ကေန ဘီပိုးကာကြယ္ေဆးထုိးၿပီးေနာက္ ကေလး ၃ ဦး ေသဆံုးခဲ႔ပါတယ္။

က်န္းမာေရးဝန္ႀကီးဌာနက ကြင္းဆင္းစစ္ေဆးရာမွာ ေမြးကင္းစကေလးငယ္ေတြဟာ ပိုးဝင္ၿပီး ေသြးအဆိပ္ တတ္တဲ့ လကၡဏာေတြ ေတြ႔ရတာေၾကာင့္ ဘီပိုးကာကြယ္ေဆးထုိးတာနဲ႔ ဆက္စပ္မႈရွိ မရွိကို ဆက္ၿပီး စံုစမ္းေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက မတ္လ ၁၄ ရက္ေန႔က ထုတ္ျပန္ထားပါတယ္။

ဒီေန႔ ပဲခူးအေထြေထြေရာဂါကုေဆးရံုႀကီးကို ျပည္သူ႔လႊတ္ေတာ္ က်န္းမာေရးႏွင့္ အားကစားဖြံ႔ၿဖိဳး တုိးတက္ေရး ေကာ္မတီဝင္ ဦးျမင့္ဦး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဒၚေရႊပံု၊ ေဒါက္တာ စန္းေမာင္ေမာင္ တုိ႔က သြားေရာက္ေလ့လာခဲ႔ၾကတာျဖစ္ပါတယ္။

RFA Burmese
http://www.rfa.org/burmese
................
 ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးကို တွေ့ရစဉ်။ Photo:Bago Mintha Mintha(facebook)
ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ဘီပိုးကာကွယ်ဆေး ထိုးခံခဲ့ရတဲ့ မွေးကင်းစကလေးငယ် ၃ ဦး သေဆုံးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက စုံစမ်းစစ်ဆေးတာတွေ လုပ်နေပါတယ်။

ဒီကနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ ပဲခူးဆေးရုံမှာ သွားရောက်စုံစမ်းခဲ့ပြီး တွေ့ ရှိထားတဲ့ အချက်လက်တွေကို ပြည်သူ့လွှတ်တော် ကျန်းမာရေးနဲ့ အားကစားဖွ့ံဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးမှာ တင်ပြသွားမယ်လို့ အဲ့ဒီကော်မတီဝင် တစ်ဦးဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ပြောပါတယ်။

"ဒီဆေးထိုးတဲ့ ကလေးတွေပဲဖြစ်တယ်၊ ဆေးမထိုးတဲ့ ကလေးတွေ ဖြစ်တာမတွေ့ဘူး၊ ဒါဖြစ်တဲ့အခါ သုံးသပ်ကြည့်တဲ့အခါကျတော့ ဆေးမှာတော့ အပြစ်တစ်ခုခုရှိတယ်ဆိုတယ်ဆိုတာမျိုးကို ပေါ်လွင်နေတယ်၊ သို့သော် ဆေးရဲ့နမူနာမရဘူး၊ အမှန်တကယ်ဆိုလို့ရှိရင် ဒီဆေးရဲ့လက်ကျန်ပေါ့ ဒီဆေးရောင်းတဲ့ဆိုင်မှာ ရှိရဦးမှာ၊ ဒါပေမဲ့ ဆေးနမူနာမရတဲ့အတွက် ဆေးကြောင့်လို့ပြောဖို့လည်း အပြည့်အဝတော့ပြောလို့တော့ မခိုင်လုံဘူးလို့ထင်တယ်လေ၊ အန်ကယ်လ်က ကိုယ်တိုင်က ကျန်းမာရေးနဲ့ အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင်ဆိုတော့ အန်ကယ်လ်တို့ အစည်းအဝေးကျလို့ရှိရင် အခု ဒီနေ့သွား ပြီးတော့ လေ့လာခဲ့တဲ့ဟာလေးကို ကော်မတီမှာ အန်ကယ်လ် တင်ပြပေးမှာပေါ့"

ပြီးခဲ့တဲ့ မတ် ရ ရက်နေ့က ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှာ မွေးကင်းစကလေးငယ် ၂၈ ဦးကို ပြင်ပဆေး ဆိုင်ကနေ ဘီပိုးကာကွယ်ဆေးထိုးပြီးနောက် ကလေး ၃ ဦး သေဆုံးခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ကွင်းဆင်းစစ်ဆေးရာမှာ မွေးကင်းစကလေးငယ်တွေဟာ ပိုးဝင်ပြီး သွေးအဆိပ် တတ်တဲ့ လက္ခဏာတွေ တွေ့ရတာကြောင့် ဘီပိုးကာကွယ်ဆေးထိုးတာနဲ့ ဆက်စပ်မှုရှိ မရှိကို ဆက်ပြီး စုံစမ်းနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးကို ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင် ဦးမြင့်ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ရွှေပုံ၊ ဒေါက်တာ စန်းမောင်မောင် တို့က သွားရောက်လေ့လာခဲ့ကြတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)