ယာဥ္ေမာင္း ဖုန္းေျပာရာမွ လားရႈိးၿမိဳ႕ေရွာင္လမ္းတြင္ မွန္လုံယာဥ္တစ္စီးတိမ္းေမွာက္


လား႐ႈိး မတ္ ၆

ရွမ္းျပည္နယ္ ေျမာက္ပုိင္း ေတာင္ေပၚေဒသ လား႐ႈိးၿမိဳ႕နယ္ မယ္ဟန္ေက်းရြာအနီး လား႐ႈိးၿမိဳ႕ ေရွာင္လမ္း မုိင္တုိင္အမွတ္ ၂/၆ႏွင့္ ၂/၇ ၾကား အေရာက္တြင္ ယေန႔ နံနက္ ၅ နာရီခန္႔က ရတနာစုိး ခရီး သည္တင္ မွန္လုံယာဥ္အမွတ္ YGN 8J/---- ယာဥ္တိမ္းေမွာက္ခဲ့ ေၾကာင္း သိရသည္။

အဆုိပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ လား႐ႈိးၿမိဳ႕နယ္ရဲစခန္းက သြားေရာက္ စစ္ေဆးရာ ယာဥ္ေမာင္း ဖုိးတုတ္ (စုံစမ္းဆဲ) ေမာင္းႏွင္လာသည့္ ယာဥ္မွာ မႏၲေလးမွ မူဆယ္သုိ႔ ထြက္ခြာလာစဥ္ လား႐ႈိးၿမိဳ႕ေရွာင္ လမ္းအေရာက္တြင္ ဖုန္းေျပာရာမွ ယာဥ္ကို အရွိန္မထိန္းႏုိင္ဘဲ လမ္းေဘး ထုိးက်တိမ္းေမွာက္ခဲ့ ျခင္းျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္း ဖုိးတုတ္ႏွင့္ ယာဥ္ေနာက္ လုိက္ ေနလင္းဦးတုိ႔ ႏွစ္ဦးမွာ ထြက္ေျပးတိမ္းေရွာင္သြားၿပီး ယာဥ္ ေပၚပါ ခရီးသည္ အမ်ိဳးသား ၃၆ ဦး၊ အမ်ိဳးသမီး ၁၆ ဦး စုစုေပါင္း ၅ဝ အနက္ ႏွစ္ဦးေသဆုံးၿပီး အမ်ိဳးသား ေလးဦးႏွင့္ အမ်ိဳးသမီးငါးဦး စုစုေပါင္း ကိုးဦးမွာ ဒဏ္ရာမ်ားရရွိကာ လား႐ႈိး ၿမိဳ႕ ျပည္သူ႔ေဆး႐ုံႀကီး၌ ေဆးကုသမႈ ခံယူလ်က္ရွိေၾကာင္း သိရသည္။

အဆုိပါယာဥ္တိမ္းေမွာက္မႈႏွင့္ပတ္သက္၍ သက္ဆုိင္ရာက အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရ သည္။

သန္႔ဇင္(မူဆယ္)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
.................


လားရှိုး မတ် ၆

ရှမ်းပြည်နယ် မြောက်ပိုင်း တောင်ပေါ်ဒေသ လားရှိုးမြို့နယ် မယ်ဟန်ကျေးရွာအနီး လားရှိုးမြို့ ရှောင်လမ်း မိုင်တိုင်အမှတ် ၂/၆နှင့် ၂/၇ ကြား အရောက်တွင် ယနေ့ နံနက် ၅ နာရီခန့်က ရတနာစိုး ခရီး သည်တင် မှန်လုံယာဉ်အမှတ် YGN 8J/---- ယာဉ်တိမ်းမှောက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လားရှိုးမြို့နယ်ရဲစခန်းက သွားရောက် စစ်ဆေးရာ ယာဉ်မောင်း ဖိုးတုတ် (စုံစမ်းဆဲ) မောင်းနှင်လာသည့် ယာဉ်မှာ မန္တလေးမှ မူဆယ်သို့ ထွက်ခွာလာစဉ် လားရှိုးမြို့ရှောင် လမ်းအရောက်တွင် ဖုန်းပြောရာမှ ယာဉ်ကို အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး ထိုးကျတိမ်းမှောက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ဖိုးတုတ်နှင့် ယာဉ်နောက် လိုက် နေလင်းဦးတို့ နှစ်ဦးမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး ယာဉ် ပေါ်ပါ ခရီးသည် အမျိုးသား ၃၆ ဦး၊ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၅ဝ အနက် နှစ်ဦးသေဆုံးပြီး အမျိုးသား လေးဦးနှင့် အမျိုးသမီးငါးဦး စုစုပေါင်း ကိုးဦးမှာ ဒဏ်ရာများရရှိကာ လားရှိုး မြို့ ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့်ပတ်သက်၍ သက်ဆိုင်ရာက အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရ သည်။

သန့်ဇင်(မူဆယ်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)