ဖရဲသီးခိုးစားသည္ဟုဆိုကာ သံုးႏွစ္အရြယ္ကေလးငယ္ကို ဓားျဖင့္မႊန္းသတ္ေသာ အမ်ဳိးသမီးကို ဖမ္းမိ

ဖရဲသီးခုိးစားသည္ဟုဆုိကာ သံုးႏွစ္အရြယ္ ကေလးငယ္၏ ၀မ္းဗိုက္ကုိဓားျဖင့္ မႊန္းၿပီး လည္ပင္းညစ္သတ္ကာ အေလာင္းေဖ်ာက္ရန္ၾကံစည္ခဲ့ေသာ အသက္(၂၁)ႏွစ္အရြယ္ အမ်ဳိးသမီးကုိ သန္လ်င္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေက်းရြာ၌ ယေန႔(မတ္ ၆ ရက္) နံနက္ ၁ နာရီက ဖမ္းမိခဲ့ေၾကာင္း ရန္ကုန္တုိင္းေတာင္ပုိင္းခ႐ိုင္ရဲတပ္ဖြဲ႕မွ ဒုရဲမွဴးႀကီးၾကည္လြင္က ေျပာၾကားသည္။
အသတ္ခံရသည့္ ကေလးငယ္မွာ ယင္းရပ္ကြက္ ေရႊေညာင္ပင္လမ္းတြင္ ေနေသာ မခတၱာလိႈင္ျဖစ္ၿပီး မတ္ ၅ ရက္ နံနက္ ၁၀ နာရီခြဲက ၎၏ သူငယ္ခ်င္းထံ သြားေရာက္ကစားစဥ္ ယင္းအိမ္မွဖရဲသီးကို ယူစားခဲ့ေသာေၾကာင့္ ကစားေဖာ္၏ အေမေဒၚလဲ့လဲ့ဝင္းက ဝမ္းဗိုက္ကို ဓားျဖင့္မႊန္းျပီး လည္ပင္းညစ္သတ္ခဲ့ေၾကာင္း ရဲစခန္းတြင္ ဝန္ခံထြက္ဆိုခ်က္မ်ားအရ သိရွိရသည္။
“အေဖအတြက္ ဝယ္ထားတဲ့ ဖရဲသီးေတြ ခတၱာလိႈင္က ခိုးစားတယ္လို႔ သူ႔ကစားေဖာ္က အသတ္ခံရတဲ့ကေလးရဲ႕ အိမ္လာတိုင္တယ္။ ျပန္ဝယ္ေပးပါ့မယ္လို႔ ေျပာလိုက္ေပမယ့္ ကေလးက ညေနအထိ ျပန္မလာလို႔ သူတို႔အိမ္ကို သြားေမးတယ္။ ျပန္သြားတာ ၾကာျပီလို႔ ျပန္ေျဖေပမယ့္ ကေလးမက ရွာမေတြ႔ေတာ့ဘူး။ မသကၤာလို႔ သူတို႔အိမ္နား ေစာင့္ၾကည့္ရာက ပီနံအိတ္နဲ႔ အေလာင္းကို ထုတ္ျပီး အျပင္သြားပစ္မယ့္အခ်ိန္မွာ ဖမ္းမိခဲ့တာ” ဟု ဗိုလ္ခ်ဳပ္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴးရံုးမွ အဖြဲ႔ဝင္ တစ္ဦးက ေျပာၾကားသည္။
အဆုိပါျပစ္မႈက်ဴးလြန္သူကုိ သန္လ်င္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးလ်က္ရွိၿပီး ယင္းလူသတ္မႈႏွင့္ပတ္သက္ၿပီး တာ၀န္ရွိသူမ်ားထံ အခ်ိန္မီအသိေပးခဲ့သည့္ ၎၏ခင္းပြန္းကုိလည္း အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း ေတာင္ပုိင္းခ႐ိုင္ရဲတပ္ဖြဲ႕ထံမွ သိရသည္။
The Voice Weekly
...................
ဖရဲသီးခိုးစားသည်ဟုဆိုကာ သုံးနှစ်အရွယ်ကလေးငယ်ကို ဓားဖြင့်မွှန်းသတ်သော အမျိုးသမီးကို ဖမ်းမိ

ဖရဲသီးခိုးစားသည်ဟုဆိုကာ သုံးနှစ်အရွယ် ကလေးငယ်၏ ၀မ်းဗိုက်ကိုဓားဖြင့် မွှန်းပြီး လည်ပင်းညစ်သတ်ကာ အလောင်းဖျောက်ရန်ကြံစည်ခဲ့သော အသက်(၂၁)နှစ်အရွယ် အမျိုးသမီးကို သန်လျင်မြို့ ဗိုလ်ချုပ်ကျေးရွာ၌ ယနေ့(မတ် ၆ ရက်) နံနက် ၁ နာရီက ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းတောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီးကြည်လွင်က ပြောကြားသည်။
အသတ်ခံရသည့် ကလေးငယ်မှာ ယင်းရပ်ကွက် ရွှေညောင်ပင်လမ်းတွင် နေသော မခတ္တာလှိုင်ဖြစ်ပြီး မတ် ၅ ရက် နံနက် ၁၀ နာရီခွဲက ၎င်း၏ သူငယ်ချင်းထံ သွားရောက်ကစားစဉ် ယင်းအိမ်မှဖရဲသီးကို ယူစားခဲ့သောကြောင့် ကစားဖော်၏ အမေဒေါ်လဲ့လဲ့ဝင်းက ဝမ်းဗိုက်ကို ဓားဖြင့်မွှန်းပြီး လည်ပင်းညစ်သတ်ခဲ့ကြောင်း ရဲစခန်းတွင် ဝန်ခံထွက်ဆိုချက်များအရ သိရှိရသည်။
“အဖေအတွက် ဝယ်ထားတဲ့ ဖရဲသီးတွေ ခတ္တာလှိုင်က ခိုးစားတယ်လို့ သူ့ကစားဖော်က အသတ်ခံရတဲ့ကလေးရဲ့ အိမ်လာတိုင်တယ်။ ပြန်ဝယ်ပေးပါ့မယ်လို့ ပြောလိုက်ပေမယ့် ကလေးက ညနေအထိ ပြန်မလာလို့ သူတို့အိမ်ကို သွားမေးတယ်။ ပြန်သွားတာ ကြာပြီလို့ ပြန်ဖြေပေမယ့် ကလေးမက ရှာမတွေ့တော့ဘူး။ မသင်္ကာလို့ သူတို့အိမ်နား စောင့်ကြည့်ရာက ပီနံအိတ်နဲ့ အလောင်းကို ထုတ်ပြီး အပြင်သွားပစ်မယ့်အချိန်မှာ ဖမ်းမိခဲ့တာ” ဟု ဗိုလ်ချုပ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
အဆိုပါပြစ်မှုကျူးလွန်သူကို သန်လျင်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ယင်းလူသတ်မှုနှင့်ပတ်သက်ပြီး တာဝန်ရှိသူများထံ အချိန်မီအသိပေးခဲ့သည့် ၎င်း၏ခင်းပွန်းကိုလည်း အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း တောင်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရသည်။
The Voice Weekly
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)