သဲက်င္းထဲ၌ ေခတၱလဲေလ်ာင္းေနစဥ္ သဲက်င္းပိ၍ အမ်ိဳးသမီးတစ္ဦး ေသဆံုး


ေညာင္ေလးပင္ မတ္ ၂၉

ပဲခူးတိုင္းေဒသႀကီး ေညာင္ေလးပင္ၿမိဳ႕နယ္ စမ္းကေလးေက်းရြာအနီး သဲက်င္းတြင္ မတ္ ၂၈ ရက္ ညေန ၄ နာရီခန္႔က သဲက်င္းအတြင္း နားေနစဥ္ သဲက်င္းပိ၍ အမ်ဳိးသမီးတစ္ဦး ေသဆံုးခဲ့သည္။

ေညာင္ေလးပင္ၿမိဳ႕ ၿမိဳ႕မရဲစခန္း၌ ဒုရဲအုပ္ဝင္းေအာင္ တာဝန္မွဴးအျဖစ္ ေဆာင္ရြက္ေနစဥ္ သဲက်င္းပိ၍ေသဆုံးသူတစ္ဦး ေဆး႐ုံသုိ႔ေရာက္ရွိေန ေၾကာင္း သတင္းအရ သြားေရာက္စစ္ေဆးရာ ေသဆုံးသူမွာ မျမခင္(၃၈ ႏွစ္) ေညာင္ေလးပင္ၿမိဳ႕ေနသူျဖစ္ေၾကာင္း သိရသည္။

ျဖစ္စဥ္မွာ ေသဆုံးသူႏွင့္အတူ အလုပ္လုပ္သူ မၾကည္ၾကည္ဦး၊ မခ်စ္ၿပဳံး၊ ၿမိဳ႕မ(၁)ရပ္ကြက္ ေညာင္ေလးပင္ၿမိဳ႕ေနသူတို႔၏ ေျပာျပခ်က္အရ ၄င္းတို႔ သုံးဦးမွာ သဲက်င္းထဲရွိသဲမ်ားကို ကားေပၚသုိ႔တင္ၿပီး သဲက်င္းထဲ၌ ေခတၱ နားေနစဥ္ သဲက်င္းၿပိဳက်ရာ မၾကည္ၾကည္ဦးႏွင့္ မခ်စ္ၿပဳံးတို႔မွာ ႐ုန္းထြက္ ခဲ့ၿပီး သဲက်င္းပိက်န္ေနခဲ့သူ မျမခင္အား ဆြဲထုတ္၍ ေဆး႐ုံသုိ႔ ပုိ႔ေဆာင္စဥ္ ေဆး႐ုံ၌ ေသဆုံးသြားေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဓမၼတာအတုိင္း ဟုတ္၊ မဟုတ္ အမႈဖြင့္စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

 ေနလင္း(ေညာင္ေလးပင္)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

..........................................................


ညောင်လေးပင် မတ် ၂၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် စမ်းကလေးကျေးရွာအနီး သဲကျင်းတွင် မတ် ၂၈ ရက် ညနေ ၄ နာရီခန့်က သဲကျင်းအတွင်း နားနေစဉ် သဲကျင်းပိ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

ညောင်လေးပင်မြို့ မြို့မရဲစခန်း၌ ဒုရဲအုပ်ဝင်းအောင် တာဝန်မှူးအဖြစ် ဆောင်ရွက်နေစဉ် သဲကျင်းပိ၍သေဆုံးသူတစ်ဦး ဆေးရုံသို့ရောက်ရှိနေ ကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ သေဆုံးသူမှာ မမြခင်(၃၈ နှစ်) ညောင်လေးပင်မြို့နေသူဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူနှင့်အတူ အလုပ်လုပ်သူ မကြည်ကြည်ဦး၊ မချစ်ပြုံး၊ မြို့မ(၁)ရပ်ကွက် ညောင်လေးပင်မြို့နေသူတို့၏ ပြောပြချက်အရ ၄င်းတို့ သုံးဦးမှာ သဲကျင်းထဲရှိသဲများကို ကားပေါ်သို့တင်ပြီး သဲကျင်းထဲ၌ ခေတ္တ နားနေစဉ် သဲကျင်းပြိုကျရာ မကြည်ကြည်ဦးနှင့် မချစ်ပြုံးတို့မှာ ရုန်းထွက် ခဲ့ပြီး သဲကျင်းပိကျန်နေခဲ့သူ မမြခင်အား ဆွဲထုတ်၍ ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံ၌ သေဆုံးသွားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဓမ္မတာအတိုင်း ဟုတ်၊ မဟုတ် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 နေလင်း(ညောင်လေးပင်)

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)