ခရမ္းလြန္ေရာင္ျခည္ အညႊန္းကိန္းမွာ ရန္ကုန္တုိင္းေဒသႀကီး အပါအဝင္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ၇ ခုတြင္ လြန္ကဲအဆင့္သုိ ့ေရာက္ရွိလာ

 ခရမ္းလြန္ေရာင္ျခည္ အညႊန္းကိန္းမွာ ရန္ကုန္တုိင္းေဒသႀကီး အပါအဝင္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ၇ ခုတြင္ လြန္ကဲအဆင့္သုိ ့ေရာက္ရွိလာ
    ရန္ကုန္ ၊ မတ္ ၃ ရက္ (ဆင္ဟြာ)

    ယခု ေႏြရာသီကာလသုိ ့ဝင္ေရာက္လာသည္ႏွင့္ ရန္ကုန္တုိင္းေဒသႀကီး အပါအဝင္ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္ ၇ ခုတြင္ ခရမ္းလြန္ ေရာင္ျခည္ အညႊန္းကိန္း အေျခအေနမွာ လြန္ကဲ အဆင့္သုိ ့ေရာက္ရွိလာခဲ့ၿပီး က်န္ေဒသမ်ားတြင္ အလြန္ျမင့္မားသည့္ အဆင့္တြင္ ရွိေနေၾကာင္း မုိးဇလပညာရွင္ ေဒါက္တာ ထြန္းလြင္က ယေန ့မတ္လ ၃ ရက္တြင္ ဆင္ဟြာသုိ ့ေျပာသည္။

ခရမ္းလြန္ေရာင္ျခည္ အညႊန္းကိန္း လြန္ကဲ (Extreme) အဆင့္သုိ ့ေရာက္ရွိႏုိင္ေသာ တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွာ ဧရာဝတီတုိင္းေဒသႀကီး၊ ပဲခူးတုိင္းေဒသႀကီး၊ ရန္ကုန္တုိင္းေဒသႀကီး၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ ႏွင့္ တနသၤာရီ တုိင္းေဒသႀကီးတို႕ ျဖစ္ေၾကာင္း မုိးဇလ ပညာရွင္ ေဒါက္တာ ထြန္းလြင္က ခန္ ့မွန္းထားသည္။

“ခရမ္းလြန္ေရာင္ျခည္ အညႊန္းကိန္း အေျခအေနက ေနာက္ပုိင္းဆုိရင္ ဇြန္လေလာက္အထိ တစ္တုိင္းျပည္လုံး လြန္ကဲအဆင့္ကုိ ျဖစ္သြားမွာပါပဲ”ဟု ေဒါက္တာ ထြန္းလြင္က ဆင္ဟြာသုိ ့ေျပာသည္။

ခရမ္းလြန္ေရာင္ျခည္ အညႊန္းကိန္း 11+ ႏွင့္ အထက္အဆင့္ကို အျမင့္ဆံုး အဆင့္ျဖစ္ေသာ လြန္ကဲ အဆင့္ (Extreme) ျဖစ္ၿပီး ေနေရာင္ျခည္ထဲတြင္  ႀကာျမင့္စြာ ရွိေနပါက အႏၱရာယ္ အလြန္ႀကီးမားႏုိင္ၿပီး ကာကြယ္မႈ အေနျဖင့္  ေနေရာင္ျခည္ထဲတြင္ တိုက္ရိုက္ မထိေတြ႕မိရန္ ေရွာင္ရွားျခင္း သုိ ့မဟုတ္ အခ်ိန္ အၾကာႀကီး မေနမိရန္ လုိအပ္ေၾကာင္း သိရသည္။

အညႊန္းကိန္း ျမင့္မားသည့္ ခရမ္းလြန္ ေရာင္ျခည္မ်ားမွာ လူ႕ခႏၶာကိုယ္အေပၚသုိ ့လြန္ကဲစြာ က်ေရာက္မိပါက အေရျပားကင္ဆာ ၊ အရြယ္မတိုင္မီ အေရျပားမ်ား ရင့္ေရာ္ျခင္း ၊ မ်က္စိတိမ္စြဲျခင္း ၊ မ်က္စိကင္ဆာ ၊ snow blindness ႏွင့္ မ်ိဳးပြား ဗီဇပ်က္စီးျခင္း စသည့္ က်န္းမာေရးဆိုင္ရာ ျပႆနာမ်ား ႀကံဳေတြ႕ႏိုင္ေၾကာင္း သိရသည္။ 

(Xinhua)
http://www.xinhuamyanmar.com

.....................................


 ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းမှာ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ရ ခုတွင် လွန်ကဲအဆင့်သို ့ရောက်ရှိလာ
    ရန်ကုန် ၊ မတ် ၃ ရက် (ဆင်ဟွာ)

    ယခု နွေရာသီကာလသို ့ဝင်ရောက်လာသည်နှင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ရ ခုတွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း အခြေအနေမှာ လွန်ကဲ အဆင့်သို ့ရောက်ရှိလာခဲ့ပြီး ကျန်ဒေသများတွင် အလွန်မြင့်မားသည့် အဆင့်တွင် ရှိနေကြောင်း မိုးဇလပညာရှင် ဒေါက်တာ ထွန်းလွင်က ယနေ ့မတ်လ ၃ ရက်တွင် ဆင်ဟွာသို ့ပြောသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲ (Extreme) အဆင့်သို ့ရောက်ရှိနိုင်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် နှင့် တနင်္သာရီ တိုင်းဒေသကြီးတို့ ဖြစ်ကြောင်း မိုးဇလ ပညာရှင် ဒေါက်တာ ထွန်းလွင်က ခန် ့မှန်းထားသည်။

“ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အခြေအနေက နောက်ပိုင်းဆိုရင် ဇွန်လလောက်အထိ တစ်တိုင်းပြည်လုံး လွန်ကဲအဆင့်ကို ဖြစ်သွားမှာပါပဲ”ဟု ဒေါက်တာ ထွန်းလွင်က ဆင်ဟွာသို ့ပြောသည်။

ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း 11+ နှင့် အထက်အဆင့်ကို အမြင့်ဆုံး အဆင့်ဖြစ်သော လွန်ကဲ အဆင့် (Extreme) ဖြစ်ပြီး နေရောင်ခြည်ထဲတွင်  ကြာမြင့်စွာ ရှိနေပါက အန္တရာယ် အလွန်ကြီးမားနိုင်ပြီး ကာကွယ်မှု အနေဖြင့်  နေရောင်ခြည်ထဲတွင် တိုက်ရိုက် မထိတွေ့မိရန် ရှောင်ရှားခြင်း သို ့မဟုတ် အချိန် အကြာကြီး မနေမိရန် လိုအပ်ကြောင်း သိရသည်။

အညွှန်းကိန်း မြင့်မားသည့် ခရမ်းလွန် ရောင်ခြည်များမှာ လူ့ခန္ဓာကိုယ်အပေါ်သို ့လွန်ကဲစွာ ကျရောက်မိပါက အရေပြားကင်ဆာ ၊ အရွယ်မတိုင်မီ အရေပြားများ ရင့်ရော်ခြင်း ၊ မျက်စိတိမ်စွဲခြင်း ၊ မျက်စိကင်ဆာ ၊ snow blindness နှင့် မျိုးပွား ဗီဇပျက်စီးခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ ကြုံတွေ့နိုင်ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)