မႏၱေလး၊ ဧရာ၀တီ အစိုးရအဖဲြ႔ စာရင္းမ်ား ဒီလ ၂၄ ရက္ေန႔ တင္သြင္းမည္

ဒုတိယအႀကိမ္ မႏၱေလးတိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေဝး က်င္းပေနစဥ္။ Photo: Hset Paing Toe/RFA
လာမယ့္ မတ္လ ၂၄ ရက္ေန႔မွာ က်င္းပမယ့္ မႏၱေလးနဲ႔ ဧရာ၀တီတိုင္းေဒသႀကီး လႊတ္ေတာ္အစည္းအေ၀းေတြမွာ တိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္နဲ႔ ၀န္ႀကီးအဖြဲ႔အမည္စာရင္းေတြကို တင္သြင္းမွာျဖစ္တယ္လို႔ တိုင္းလႊတ္ေတာ္ဥကၠဌေတြ က ေျပာပါတယ္။

မႏၱေလးတိုင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္နဲ႔ ၀န္ႀကီးအဖဲြ႔အမည္စာရင္း တင္သြင္းဖို႔နဲ႔ က်မ္းသစၥာက်ိန္ဆုိဖို႔အတြက္ တိုင္းေဒ သႀကီးလႊတ္ေတာ္ အစည္းအေ၀းကို လာမယ့္ မတ္လ ၂၄ ရက္ေန႔ နဲ႔ ၂၅ ရက္ေန႔မွာ က်င္းပမွာျဖစ္တယ္လို႔ တုိင္းလႊတ္ေတာ္ ဥကၠဌ ဦးေအာင္ေက်ာ္ဦး က ေျပာပါတယ္။

"ေနျပည္ေတာ္မွာ အစည္းအေဝးလုပ္ေနၾကတယ္၊ ဝန္ႀကီးအဖြဲ႕ေတြထြက္ၿပီးရင္ ဝန္ႀကီးခ်ဳပ္စာရင္းေတြ ထြက္လိမ့္ မယ္၊ ဝန္ႀကီးခ်ဳပ္ ထြက္ၿပီးတဲ့အခါက်မွ ဝန္ႀကီးခ်ဳပ္က ျပည္နယ္နဲ႔ တိုင္းဝန္ႀကီးေတြကို စာရင္းတင္ရမွာေပါ့ေနာ္၊ စာရင္းတင္တဲ့အခါက်မွ ႏိုင္ငံေတာ္သမၼတကေန ခန္႔ၿပီးတဲ့အခါက်မွ က်ေနာ္တို႔ဆီမွာ တိုင္းအေနနဲ႔က တရား ဝင္ျဖစ္မွာ၊ က်ေနာ္တို႔က ၂၄၊ ၂၅ မွာေတာ့ က်မ္းက်ိန္ဖို႔အတြက္ တိုင္းလႊတ္ေတာ္က်င္းပဖို႔ ေခၚထားပါတယ္၊ က်မ္းက်ိန္ၿပီးမွ ၁ ရက္ ၄ လမွာ က်ေနာ္တို႔ အာဏာလႊဲေျပာင္းျဖစ္မွာ အဲ့ဒါအရန္သင့္ျဖစ္ေအာင္ပါ"

အလားတူ မတ္လ ၂၄ ေန႔မွာ ဧရာ၀တီတုိင္း၀န္ႀကီးခ်ဳပ္နဲ႔ ၀န္ႀကီးအဖြဲ႔စာရင္းေတြကို ဧရာ၀တီတိုင္းလႊတ္ေတာ္ထံ တင္သြင္းမွာျဖစ္ၿပီး တိုင္းအစိုးရအဖဲြ႔သစ္ဟာ မတ္လကုန္မွာ က်မ္းသစၥာက်ိန္ဆိုသြားမွာျဖစ္တယ္လို႔ ဧရာ၀တီတိုင္း လႊတ္ေတာ္ ဒုတိယဥကၠဌ ဦးစံမင္းေအာင္ က အတည္ျပဳေျပာပါတယ္။

က်န္တဲ့တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြရဲ့ ၀န္ႀကီးခ်ဳပ္နဲ႔ ၀န္ႀကီးအဖြဲ႔စာရင္း တင္သြင္းမယ့္ရက္ အတိအက်ကို မသိရေသးပါဘူး။

လက္ရွိ တိုင္းေဒသႀကီး/ျပည္နယ္ေတြမွာ အစိုးရအဖဲြ႔ကို ၀န္ႀကီးခ်ဳပ္ အပါအ၀င္ ၁၀ ဦးစီနဲ႔ ဖဲြ႔စည္းတာ၀န္ေပးထား တာျဖစ္ပါတယ္။

တိုင္း/ျပည္နယ္ ၀န္ႀကီးခ်ဳပ္ေတြကို အန္အယ္ဒီပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲကသာ ခန္႔အပ္သြား မွာျဖစ္ေၾကာင္း ပါတီေခါင္းေဆာင္ေတြက ေျပာၾကားထားၿပီး မႏၱေလးတိုင္း၀န္ႀကီးခ်ဳပ္အျဖစ္ ေဒါက္တာေဇာ္ျမင့္ေမာင္ ၊ ရခိုင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္အျဖစ္ ဦးညီပု၊ စစ္ကိုင္းတုိင္း၀န္ႀကီးခ်ဳပ္အျဖစ္ ေဒါက္တာျမင့္ႏုိင္၊ ကရင္ျပည္နယ္ ၀န္ႀကီးခ်ဳပ္အျဖစ္ ေဒၚနန္းခင္ေထြးျမင့္ ၊ မေကြးတုိင္း၀န္ႀကီးခ်ဳပ္အျဖစ္ ေဒါက္တာေအာင္မုိးညိဳ တို႔ကို လ်ာထားေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။

RFA Burmese
http://www.rfa.org/burmese

...................................................


ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်။ Photo: Hset Paing Toe/RFA
လာမယ့် မတ်လ ၂၄ ရက်နေ့မှာ ကျင်းပမယ့် မန္တလေးနဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွေမှာ တိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့အမည်စာရင်းတွေကို တင်သွင်းမှာဖြစ်တယ်လို့ တိုင်းလွှတ်တော်ဥက္ကဌတွေ က ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့အမည်စာရင်း တင်သွင်းဖို့နဲ့ ကျမ်းသစ္စာကျိန်ဆိုဖို့အတွက် တိုင်းဒေ သကြီးလွှတ်တော် အစည်းအဝေးကို လာမယ့် မတ်လ ၂၄ ရက်နေ့ နဲ့ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်တယ်လို့ တိုင်းလွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး က ပြောပါတယ်။

"နေပြည်တော်မှာ အစည်းအဝေးလုပ်နေကြတယ်၊ ဝန်ကြီးအဖွဲ့တွေထွက်ပြီးရင် ဝန်ကြီးချုပ်စာရင်းတွေ ထွက်လိမ့် မယ်၊ ဝန်ကြီးချုပ် ထွက်ပြီးတဲ့အခါကျမှ ဝန်ကြီးချုပ်က ပြည်နယ်နဲ့ တိုင်းဝန်ကြီးတွေကို စာရင်းတင်ရမှာပေါ့နော်၊ စာရင်းတင်တဲ့အခါကျမှ နိုင်ငံတော်သမ္မတကနေ ခန့်ပြီးတဲ့အခါကျမှ ကျနော်တို့ဆီမှာ တိုင်းအနေနဲ့က တရား ဝင်ဖြစ်မှာ၊ ကျနော်တို့က ၂၄၊ ၂၅ မှာတော့ ကျမ်းကျိန်ဖို့အတွက် တိုင်းလွှတ်တော်ကျင်းပဖို့ ခေါ်ထားပါတယ်၊ ကျမ်းကျိန်ပြီးမှ ၁ ရက် ၄ လမှာ ကျနော်တို့ အာဏာလွှဲပြောင်းဖြစ်မှာ အဲ့ဒါအရန်သင့်ဖြစ်အောင်ပါ"

အလားတူ မတ်လ ၂၄ နေ့မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့စာရင်းတွေကို ဧရာဝတီတိုင်းလွှတ်တော်ထံ တင်သွင်းမှာဖြစ်ပြီး တိုင်းအစိုးရအဖွဲ့သစ်ဟာ မတ်လကုန်မှာ ကျမ်းသစ္စာကျိန်ဆိုသွားမှာဖြစ်တယ်လို့ ဧရာဝတီတိုင်း လွှတ်တော် ဒုတိယဥက္ကဌ ဦးစံမင်းအောင် က အတည်ပြုပြောပါတယ်။

ကျန်တဲ့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ ၀န်ကြီးချုပ်နဲ့ ၀န်ကြီးအဖွဲ့စာရင်း တင်သွင်းမယ့်ရက် အတိအကျကို မသိရသေးပါဘူး။

လက်ရှိ တိုင်းဒေသကြီး/ပြည်နယ်တွေမှာ အစိုးရအဖွဲ့ကို ၀န်ကြီးချုပ် အပါအဝင် ၁၀ ဦးစီနဲ့ ဖွဲ့စည်းတာဝန်ပေးထား တာဖြစ်ပါတယ်။

တိုင်း/ပြည်နယ် ၀န်ကြီးချုပ်တွေကို အန်အယ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေထဲကသာ ခန့်အပ်သွား မှာဖြစ်ကြောင်း ပါတီခေါင်းဆောင်တွေက ပြောကြားထားပြီး မန္တလေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာဇော်မြင့်မောင် ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဦးညီပု၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာမြင့်နိုင်၊ ကရင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဒေါ်နန်းခင်ထွေးမြင့် ၊ မကွေးတိုင်းဝန်ကြီးချုပ်အဖြစ် ဒေါက်တာအောင်မိုးညို တို့ကို လျာထားကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)