မူးယစ္ေဆး၀ါး စံခ်ိန္တင္အေရအတြက္ ရန္ကုန္နဲ႔ မႏၲေလးမွာ ဖမ္းမိ

ရန္ကုန္တုိင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္တြင္ စိတ္ၾကြရူးသြပ္ေဆးျပား ၆ သိန္းေက်ာ္ ဖမ္းဆီးရမိ(ဓါတ္ပံု- Yangon Police Facebook)
ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္မွာ စိတ္ၾကြ ရူးသြပ္ေဆးျပား ၆ သိန္းေက်ာ္ ဖမ္းဆီးရမိတဲ့အမႈကေန တဆင့္ ၿပီးခဲ့တဲ့ မတ္လ ၅ ရက္ စေနေန႕က မႏၱေလးတိုင္း ေဒသႀကီး၊ ျပည္ၾကီးတံခြန္ၿမိဳ႕နယ္မွာ စံခ်ိန္တင္အေရအတြက္နဲ႔ စိတ္ၾကြရူးသြပ္ေဆးျပား ၆ သန္းေက်ာ္ အပါအ၀င္ တျခား မူးယစ္ေဆး၀ါးေတြကို ထပ္ၿပီး ဖမ္းဆီးရမိခဲ့တယ္လို႕ မူးယစ္ေဆး၀ါး တားဆီးႏွိမ္ႏွင္းေရး တပ္ဖြဲ႕ တာ၀န္ရွိသူေတြက ေျပာပါတယ္။ သတင္းအျပည့္အစံုကို ဆက္သြယ္ေမးျမန္းထားတဲ့ ကိုရဲေခါင္က ေျပာျပပါမယ္။

ၿပီးခဲ့တဲ့ မတ္လ ၃ရက္ေန႕က မရမ္းကုန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔နဲ႔ မူးယစ္တပ္ဖြဲ႕၀င္ ေတြဟာ ရန္ကုန္တိုင္းေဒသႀကီး၊ မရမ္းကုန္းၿမိဳ႕နယ္မွာ စိတ္ၾကြရူးသြပ္ေဆးျပား ၆ သိန္းေက်ာ္ကို သံသယရွိသူ ၆ ဦးနဲ႕အတူ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။ အဲဒီအမႈနဲ႕ ဆက္စပ္ၿပီး ဖမ္းဆီးထားသူေတြရဲ႕ သတင္းေပးေဖာ္ထုတ္ခ်က္အရ မတ္လ ၅ ရက္ေန႕မွာ မႏၲေလးၿမိဳ႕၊ ျပည္ႀကီးတံခြန္ ၿမိဳ႕နယ္က အိမ္တစ္အိမ္ကို ၀င္ေရာက္ရွာေဖြခဲ့ရာမွာ စိတ္ႀကြရူးသြပ္ေဆးျပား ၆ သန္းေက်ာ္နဲ႕ မက္သာ ဖက္တမင္း ဟိုက္ဒရို ကလိုရိုဒ္ ကီလိုဂရမ္ ၈၀ ေက်ာ္ကို ထပ္ၿပီး ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။

အခုလို ရန္ကုန္နဲ႕ မႏၱေလး ခ်ိတ္ဆက္ၿပီး ေရာင္း၀ယ္ေနၾကတဲ့ မူးယစ္ေဆး၀ါးေရာင္း၀ယ္သူေတြကို စံခ်ိန္တင္ အေရအတြက္ အမ်ားအျပား စိတ္ၾကြရူးသြပ္ေဆးျပားေတြနဲ႕အတူ ဖမ္းဆီးရမိတာနဲ႕ ပတ္သက္လို႕ ျမန္မာႏိုင္ငံ မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ဒုတိယ တာ၀န္မွဴး ရဲမွဴးႀကီး ျမင့္သိန္းက ဗြီအိုေအကို ခုလို ေျပာျပပါတယ္။

“က်ေနာ္တို႔ အဓိကေျပာရမယ္ဆိုရင္ေတာ့ ရန္ကုန္မွာ မိတာ မက္သာ ဖက္တမင္းကလိုရိုဒ္ က ၄၄ ဂရမ္ ၊ ဘိန္းမဲက ၅၂ ဂရမ္ ၊ ေငြကေတာ့ သိန္း ၁၀၀ ၊ ယာဥ္ကေတာ့ ၂ စီး က်ေနာ္တို႔ သိမ္းဆီးရမိခဲ့တယ္ ခင္ဗ်ာ။ ေနာက္ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၆ သန္းေက်ာ္ေပါ့ေနာ္၊ မက္သာ ဖက္တမင္းကလိုရိုဒ္ က ၈၂ ကီလို ၊ ဘိန္းျဖဴကေတာ့ ၂၄ ကီလို ၊ ေနာက္ဘိန္းဆီခဲကေတာ့ ၁၅ ကီလိုေက်ာ္ကို သိမ္းဆီးရမိခဲ့ပါတယ္။”

မႏၱေလးၿမိဳ႕မွာ စံခ်ိန္တင္ဖမ္းဆီးရမိခဲ့တဲ့ စိတ္ၾကြ႐ူးသြပ္ေဆးျပား ၆ သန္းေက်ာ္နဲ႕ အျခား မူးယစ္ေဆး၀ါးေတြဟာကာလတန္ဖိုးအရ က်ပ္ ၃၇ ဘီလ်ံ နီးပါး တန္ဖိုးရွိတယ္လို႕ ဒီအမႈကို စစ္ေဆးေနတဲ့ မႏၲေလး မူးယစ္တပ္ဖဲြ႕က တာ၀န္ရွိသူတစ္ဦးကလည္း ခုလို ေျပာျပပါတယ္။

“က်ေနာ္တို႔ ရန္ကုန္ကေန ဖမ္းမိကတည္းကေန လိုက္ခဲ့တယ္ေလ။ သူတို႔ေပးတဲ့ လိပ္စာအတိုင္း သြားရာတယ္။ ကားေပၚမွာ ရွိတဲ့ ပစၥည္းေတြ လည္းဖမ္းမိခဲ့တယ္ေလ။ တန္ဖိုးက ၃၆.၉၆၈၄၉ ဘီလီယံ ခန္႔ေပါ့။”

ၿပီးခဲ့တဲ့ႏွစ္ကလည္း ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒံုၿမိဳ႕နယ္မွာ ကြန္တိန္နာကားႀကီးနဲ့အတူ မူယစ္ေဆး၀ါးေတြဖမ္းဆီးရမိတာဟာ ကမာၻေပၚမွာ ဒုတိယအမ်ားဆံုး ဖမ္းဆီးရမိတာ ျဖစ္တဲ့အေၾကာင္းလည္း ျမန္မာႏိုင္ငံ ရဲတပ္ဖဲြ႔က ေျပာဆုိထားတာပါ။ လက္ရွိမွာေတာ့ အခုလို ပမာဏ မ်ားျပားလွတဲ့ မူယစ္ေဆး၀ါးေတြ ဆက္တိုက္ ဖမ္းဆီးရမိေနတာနဲ႕ ပတ္သက္ၿပီး ျမန္မာႏိုင္ငံ မူးယစ္ေဆး၀ါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႕က ရဲမွဴးႀကီး ျမင့္သိန္းက ခုလို ေျပာျပပါတယ္။

“ဒါကေတာ့ က်ေနာ္တို႔ တားဆီးႏွိမ္နင္းေရးအဖြဲ႔ေတြရဲ႕ ေဆာင္ရြက္မႈေၾကာင့္လို႔ သတင္းအရ ေျပာလို႔ရပါတယ္ခင္ဗ်ာ။”

အေမရိကန္ႏိုင္ငံျခားေရး ၀န္ႀကီးဌာနက ႏွစ္စဥ္ထုတ္ျပန္တဲ့ ၂၀၁၅ ခုႏွစ္အတြက္ အစီရင္ခံစာအရ ျမန္မာႏိုင္ငံဟာ ကမၻာေပၚမွာ ဘိန္းထုတ္လုပ္မႈ ဒုတိယ အမ်ားဆုံး ႏိုင္ငံျဖစ္ေန ဆဲျဖစ္တဲ့အျပင္ မူးယစ္ေဆး၀ါးကို ထိထိေရာက္ေရာက္ တိုက္ဖ်က္ဖုိ႔ ပ်က္ကြက္ခဲ့တယ္ လို႔ ေဖာ္ျပထားပါတယ္။

ရဲေခါင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

................................


ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကျော် ဖမ်းဆီးရမိ(ဓါတ်ပုံ- Yangon Police Facebook)
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာ စိတ်ကြွ ရူးသွပ်ဆေးပြား ၆ သိန်းကျော် ဖမ်းဆီးရမိတဲ့အမှုကနေ တဆင့် ပြီးခဲ့တဲ့ မတ်လ ၅ ရက် စနေနေ့က မန္တလေးတိုင်း ဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စံချိန်တင်အရေအတွက်နဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော် အပါအဝင် တခြား မူးယစ်ဆေးဝါးတွေကို ထပ်ပြီး ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ သတင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုရဲခေါင်က ပြောပြပါမယ်။

ပြီးခဲ့တဲ့ မတ်လ ၃ရက်နေ့က မရမ်းကုန်းမြို့နယ်ရဲတပ်ဖွဲ့နဲ့ မူးယစ်တပ်ဖွဲ့ဝင် တွေဟာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်းကျော်ကို သံသယရှိသူ ၆ ဦးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။ အဲဒီအမှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးထားသူတွေရဲ့ သတင်းပေးဖော်ထုတ်ချက်အရ မတ်လ ၅ ရက်နေ့မှာ မန္တလေးမြို့၊ ပြည်ကြီးတံခွန် မြို့နယ်က အိမ်တစ်အိမ်ကို ၀င်ရောက်ရှာဖွေခဲ့ရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော်နဲ့ မက်သာ ဖက်တမင်း ဟိုက်ဒရို ကလိုရိုဒ် ကီလိုဂရမ် ၈၀ ကျော်ကို ထပ်ပြီး ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

အခုလို ရန်ကုန်နဲ့ မန္တလေး ချိတ်ဆက်ပြီး ရောင်းဝယ်နေကြတဲ့ မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို စံချိန်တင် အရေအတွက် အများအပြား စိတ်ကြွရူးသွပ်ဆေးပြားတွေနဲ့အတူ ဖမ်းဆီးရမိတာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ဒုတိယ တာဝန်မှူး ရဲမှူးကြီး မြင့်သိန်းက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

“ကျနော်တို့ အဓိကပြောရမယ်ဆိုရင်တော့ ရန်ကုန်မှာ မိတာ မက်သာ ဖက်တမင်းကလိုရိုဒ် က ၄၄ ဂရမ် ၊ ဘိန်းမဲက ၅၂ ဂရမ် ၊ ငွေကတော့ သိန်း ၁၀၀ ၊ ယာဉ်ကတော့ ၂ စီး ကျနော်တို့ သိမ်းဆီးရမိခဲ့တယ် ခင်ဗျာ။ နောက် စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော်ပေါ့နော်၊ မက်သာ ဖက်တမင်းကလိုရိုဒ် က ၈၂ ကီလို ၊ ဘိန်းဖြူကတော့ ၂၄ ကီလို ၊ နောက်ဘိန်းဆီခဲကတော့ ၁၅ ကီလိုကျော်ကို သိမ်းဆီးရမိခဲ့ပါတယ်။”

မန္တလေးမြို့မှာ စံချိန်တင်ဖမ်းဆီးရမိခဲ့တဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၆ သန်းကျော်နဲ့ အခြား မူးယစ်ဆေးဝါးတွေဟာကာလတန်ဖိုးအရ ကျပ် ၃၇ ဘီလျံ နီးပါး တန်ဖိုးရှိတယ်လို့ ဒီအမှုကို စစ်ဆေးနေတဲ့ မန္တလေး မူးယစ်တပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးကလည်း ခုလို ပြောပြပါတယ်။

“ကျနော်တို့ ရန်ကုန်ကနေ ဖမ်းမိကတည်းကနေ လိုက်ခဲ့တယ်လေ။ သူတို့ပေးတဲ့ လိပ်စာအတိုင်း သွားရာတယ်။ ကားပေါ်မှာ ရှိတဲ့ ပစ္စည်းတွေ လည်းဖမ်းမိခဲ့တယ်လေ။ တန်ဖိုးက ၃၆.၉၆၈၄၉ ဘီလီယံ ခန့်ပေါ့။”

ပြီးခဲ့တဲ့နှစ်ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှာ ကွန်တိန်နာကားကြီးနဲ့အတူ မူယစ်ဆေးဝါးတွေဖမ်းဆီးရမိတာဟာ ကမ္ဘာပေါ်မှာ ဒုတိယအများဆုံး ဖမ်းဆီးရမိတာ ဖြစ်တဲ့အကြောင်းလည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ပြောဆိုထားတာပါ။ လက်ရှိမှာတော့ အခုလို ပမာဏ များပြားလှတဲ့ မူယစ်ဆေးဝါးတွေ ဆက်တိုက် ဖမ်းဆီးရမိနေတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ရဲမှူးကြီး မြင့်သိန်းက ခုလို ပြောပြပါတယ်။

“ဒါကတော့ ကျနော်တို့ တားဆီးနှိမ်နင်းရေးအဖွဲ့တွေရဲ့ ဆောင်ရွက်မှုကြောင့်လို့ သတင်းအရ ပြောလို့ရပါတယ်ခင်ဗျာ။”

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်တဲ့ ၂၀၁၅ ခုနှစ်အတွက် အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေ ဆဲဖြစ်တဲ့အပြင် မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖော်ပြထားပါတယ်။

ရဲခေါင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)