သူရဦးေရႊမန္း ေကာ္မရွင္ ျပည္ေထာင္စုအဆင့္ တိုးျမွင့္


သူရဦးေရႊမန္း ဥကၠ႒ အျဖစ္ ေဆာင္ရြက္ေနတဲ႔ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာစမ္းစစ္ သံုးသပ္ေရး ေကာ္မရွင္ကို ျပည္ေထာင္စုအဆင့္ ဖဲြ႔စည္းဖို႔ မေန႔က ျပည္ေထာင္စုလြတ္ေတာ္မွာ ကန္႔ကြက္သူမရွိ အတည္ျပဳလိုက္ၾကပါတယ္။ ဒီေကာ္မရွင္ဟာ ပထမအၾကိမ္လြတ္ေတာ္သက္တမ္းမွာ ျပည္သူ႔လြတ္ေတာ္ အဆင့္သာရွိျပီးေတာ့အခုလို ဒုတိယအၾကိမ္ လြတ္ေတာ္က်မွ ျပည္ေထာင္စုလြတ္ေတာ္မွာ အတည္ျပဳလိုက္တာဟာ အမ်ိဳးသားလြတ္ေတာ္နဲ႔ ျပည္သူ႔လြတ္ေတာ္ေတြရဲ႕ တည္ဆဲဥပေဒေတြကို ေလ့လာစမ္းစစ္သံုးသပ္ေရးေတြမွာ ပိုမိုအားေကာင္းလာႏိုင္တယ္လို႔ လြတ္ေတာ္ကိုယ္စားလွယ္ေဟာင္းတစ္ဦးက သံုးသပ္ပါတယ္။ အျပည့္အစံုကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုထက္ေအာင္က တင္ျပေပးမွာပါ။

ေဖဖ၀ါရီလ ၄ ရက္ေန႔က ဒုတိယအၾကိမ္ ျပည္သူ႔လြတ္ေတာ္မွာ ဖဲြ႔စည္းခဲ႔တဲ႔ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာ ဆန္းစစ္ သံုးသပ္ေရး ေကာ္မရွင္ကို ျပည္ေထာင္စုအဆင့္ျပဌာန္းဖို႔ မေန႔ မတ္လ ၁ ရက္ေန့က ကန္႔ကြက္သူမရွိ ျပည္ေထာင္စု လြတ္ေတာ္မွာ အတည္ျပဳလိုက္ပါတယ္။ ဒုတိယအႀကိမ္ျပည္သူ႔လႊတ္ေတာ္က ဖဲြ႕လိုက္တဲ့ ေကာ္မရွင္မွာေတာ့ အရင္ ျပည္ေထာင္စု လႊတ္ေတာ္နာယကေဟာင္း သူရဦးေရႊမန္းကို ဥကၠ႒ အျဖစ္ ခန္႔အပ္ ထားခဲ့ၿပီး။ အဖဲြ႔၀င္အမ်ားစုဟာ သူရဦးေရႊမန္းနဲ႔ နီးစပ္တဲ့ ပုဂၢိဳလ္ေတြ ျဖစ္ၾကပါတယ္။


ျပည္သူ႔လႊတ္ေတာ္အဆင့္ ေကာ္္မရွင္ကေန အခုလို ျပည္ေထာင္စု အဆင့္ အတည္ျပဳျပဌာန္းလိုက္တာဟာ လြတ္ေတာ္ ၂ ရပ္လံုးရဲ႔ ဥပေဒေရးရာ ကိစၥရပ္ေတြကို ပိုမိုထိန္းေက်ာင္းလာႏိုင္တယ္လို႔ ျပည္သူ႔လြတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ဦးခိုင္ေမာင္ရည္က ေျပာပါတယ္။

“ဒီေကာ္မရွင္ထဲမွာပါတဲ့သူေတြက ေဆာင္ရြက္မႈေတြကို သက္ဆိုင္ရာ ၀န္ႀကီးက႑ ေတြကို ေခၚယူၿပီး ၾကားနာလို႔ရတဲ့ ကိစၥေတြ ရွိတယ္ဆိုေတာ့ ဒီေကာ္မရွင္ရဲ႕ ဥကၠ႒ကလည္း အရင္ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ သူရဦးေရႊမန္း ျဖစ္တဲ့အတြက္ ဒီေကာ္မရွင္ဟာ အင္အားေကာင္းေကာင္း ဒီလႊတ္ေတာ္ကို ပံ့ပိုး အင္အားေကာင္းေကာင္းလူေတြကို တစုတေ၀းထဲ စုစည္းထားတဲ့အဖြဲ႔အစည္းလို႔ အဲလိုပဲျမင္တယ္ဗ်ာ။ အဲဒီအတြက္ေတာ့ ပိုၿပီးေတာ့ မွ လုပ္ေဆာင္မႈေတြ ဥပေဒေရးရာ ကိစၥေတြနဲ႔ လႊတ္ေတာ္ကို ထိန္းေက်ာင္းႏိုင္တဲ့ကိစၥ ပိုအားေကာင္းလာမယ္လို႔ က်ေနာ္ထင္ပါတယ္ ခင္ဗ်။”

ျပီးခဲ႔တဲ႔ ပထမအၾကိမ္ လြတ္ေတာ္သက္တမ္းမွာတုန္းက ဒီေကာ္မရွင္ကို ျပည္သူ႔ လြတ္ေတာ္မွာ ျပဌာန္းထားျပီးေတာ့ အဲဒီ႔ အခ်ိန္တုန္းကေတာ့ ဦးေရႊမန္းရဲ႔သား ဦးတိုးႏိုင္မန္းနဲ႔ ဥပေဒပညာရွင္အမ်ားစုက ေဆာင္ရြက္ခဲ႔ၾကတာပါ။ သူရဦးေရႊမန္း ျပည္သူ႔လႊတ္ေတာ္ဥကၠဌျဖစ္ခ်ိန္တုန္းက ဖဲြ႔စည္းခဲ့တဲ့ ေကာ္မရွင္ျဖစ္သလို၊ သူရဦးေရႊမန္းစိတ္ႀကိဳက္ ဖဲြ႔စည္းထားတဲ့ ေကာ္မရွင္ျဖစ္တယ္ဆိုၿပီး ေ၀ဖန္မႈေတြ ရိွခဲ့ပါတယ္။

ဒါ့အျပင္ ျပည္သူ႔လႊတ္ေတာ္ဥပေဒျပဌာန္းေရးကိစၥရပ္ေတြမွာလည္း ဒီေကာ္မရွင္ဟာ အေရးပါခဲ့ပါတယ္။ ဒါေပမဲ႔လည္း အဲဒီ႔အခ်ိန္တုန္းက ျပည္သူ႔လြတ္ေတာ္ မွာပဲ ေဆာင္ရြက္ခဲ႔တာျဖစ္ၿပီး အမ်ိဳးသားလြတ္ေတာ္မွာေတာ့ သီးျခားေကာ္မတီဖဲြ႔ျပီး လုပ္ေဆာင္ခဲ႔ၾကတာပါ။ လက္ရွိမွာေတာ့ ဒီေကာ္မရွင္ကို ျပည္ေထာင္စု လြတ္ေတာ္မွာ အတည္ျပဳ ျပဌားန္လိုက္တာနဲ႔ ပတ္သတ္လို႔ ေကာ္မရွင္ရဲ႕ ဒုတိယဥကၠ႒ လည္းျဖစ္ အမ်ိဳးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ပါတီရဲ႔ ပဲခူးတိုင္းေဒသၾကီး မဲဆႏၵနယ္အမွတ္ ၄ က အမ်ိဳးသားလြတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ၀င္းျမတ္ေအးက အခုလိုေျပာပါတယ္။

“တည္ဆဲဥပေဒေတြကို ေလ့လာဆန္းစစ္သံုးသပ္ၿပီးေတာ့ ျပင္ဆင္သင့္တာ ထည့္သင့္တာ အသစ္ျပဌာန္းသင့္တာေတြကို လုပ္မွာေပါ့ေနာ္။ ဒါေပမယ့္ တခု ထူးျခားတာကေတာ့ သူက ျပည္ေထာင္စုလႊတ္ေတာ္တို႔ ျပည္သူ႔လႊတ္ေတာ္တို႔ အမ်ိဳးသားလႊတ္ေတာ္တို႔နဲ႔ မကိုင္တြယ္တဲ့ တခ်ိဳ႕ဟာေလးေတြလည္း ဒီမွာ ပါမွာေပါ့ေနာ္၊ အဲဒီသေဘာမ်ိဳးေပါ့။ ဒါေပမယ့္ က်ေနာ္တို႔ လုပ္မယ့္ဟာေတြကေတာ့ ရွင္းပါတယ္။ ဒီႏိုင္ငံသူ ႏိုင္ငံသားအက်ိဳးအတြက္ပဲ လုပ္မွာပဲေလ။”

ဒီေကာ္မရွင္ဟာ တည္ဆဲဥပေဒေတြကို ေလ့လာဆန္းစစ္သံုးသပ္ျပီးျပင္ဆင္ေရး၊ ပယ္ဖ်က္ေရး အသစ္ျပဌာန္းေရးေတြကို ျပည္ေထာင္စုလြတ္ေတာ္ နာယက ၊ ျပည္သူ႔လြတ္ေတာ္နဲ႔ အမ်ိးသားလြတ္ေတာ္ ဥကၠဌတို႔ကေနတစ္ဆင့္ သက္ဆိုင္ရာ လြတ္ေတာ္ေတြကို တင္ျပရမွာျဖစ္ပါတယ္။ ေကာ္မရွင္ရဲ႔ လုပ္ငန္းေဆာင္တာေတြနဲ႔ ပတ္သက္လို႔ ေဒါက္တာ၀င္းျမတ္ေအး ေျပာတာက

“ျပည္ေထာင္စု လႊတ္ေတာ္မွာပဲ ဒီဟာ တစုတည္းထဲ လုပ္ထားတာက ပိုၿပီးေတာ့ လုပ္ငန္းရြက္တဲ့ေနရာမွာ ပိုၿပီးေတာ့ ထိေရာက္ဖို႔ေလ။ ဒါကေတာ့ ရွင္းရွင္းေလးပဲ ဒီရည္ရြယ္ခ်က္ကေတာ့ ပိုၿပီးေတာ့ ထိထိေရာက္ေရာက္ေဆာင္ရြက္ႏိုင္မယ္လို႔ ယူဆၿပီးေတာ့ အဲဒီလို တေပါင္းတည္းလုပ္လိုက္တာေလ။”

ျပည္ေထာင္စုလြတ္ေတာ္ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့လာ ဆန္းစစ္သံုးသပ္ေရးေကာ္မရွင္ရဲ႕သက္တမ္းဟာ တစ္ႏွစ္သက္တမး္ျဖစ္ျပီး လုပ္ငန္းတာ၀န္ေဆာင္ရြက္မႈ အေျခအေနအရ လိုအပ္ရင္ သက္တမ္းတိုးႏိုင္တာလည္း ျဖစ္ပါတယ္။ ျပည္ေထာာင္စု လြတ္ေတာ္ နာယကက ေကာ္မရွင္ရဲ႔ သက္တမ္းကာလအတြင္း အဖဲြ႔၀င္ေတြကို သင့္ေလ်ာ္သလို ျပင္ဆင္ဖဲြ႔စည္းႏိုင္တယ္လို႔ ဥပေဒေတြမွာ ျပဌားန္းထားပါတယ္။

ဒီေကာ္မရွင္ကို ျပည္ေထာင္စု အဆင့္ျပဌာန္း လိုက္တာေၾကာင့္ ျပည္သူ႔ လြတ္ေတာ္မွာ ဖဲြ႔စည္းထားတဲ႔ ဥပေဒေရးရာနဲ႔ အထူးကိစၥရပ္မ်ား ေလ့ေလာ ဆန္းစစ္သံုးသပ္ေရး ေကာ္မရွင္ကိုေတာ့ မတ္လ ၁ ရက္ေန့မွာ ဖ်က္သိမ္းလိုက္ျပီျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဥကၠ႒ သူရဦးေရႊမန္း အပါအ၀င္ အဖဲြ႔၀င္ ၃၅ ဦးနဲ႔ ဒီေကာ္မရွင္ကို ဖဲြ႔စည္းထားတာျဖစ္ပါတယ္။

ထက္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.....................................


သူရဦးရွှေမန်း ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာစမ်းစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့် ဖွဲ့စည်းဖို့ မနေ့က ပြည်ထောင်စုလွတ်တော်မှာ ကန့်ကွက်သူမရှိ အတည်ပြုလိုက်ကြပါတယ်။ ဒီကော်မရှင်ဟာ ပထမအကြိမ်လွတ်တော်သက်တမ်းမှာ ပြည်သူ့လွတ်တော် အဆင့်သာရှိပြီးတော့အခုလို ဒုတိယအကြိမ် လွတ်တော်ကျမှ ပြည်ထောင်စုလွတ်တော်မှာ အတည်ပြုလိုက်တာဟာ အမျိုးသားလွတ်တော်နဲ့ ပြည်သူ့လွတ်တော်တွေရဲ့ တည်ဆဲဥပဒေတွေကို လေ့လာစမ်းစစ်သုံးသပ်ရေးတွေမှာ ပိုမိုအားကောင်းလာနိုင်တယ်လို့ လွတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက သုံးသပ်ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဖေဖဝါရီလ ၄ ရက်နေ့က ဒုတိယအကြိမ် ပြည်သူ့လွတ်တော်မှာ ဖွဲ့စည်းခဲ့တဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို ပြည်ထောင်စုအဆင့်ပြဌာန်းဖို့ မနေ့ မတ်လ ၁ ရက်နေ့က ကန့်ကွက်သူမရှိ ပြည်ထောင်စု လွတ်တော်မှာ အတည်ပြုလိုက်ပါတယ်။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်က ဖွဲ့လိုက်တဲ့ ကော်မရှင်မှာတော့ အရင် ပြည်ထောင်စု လွှတ်တော်နာယကဟောင်း သူရဦးရွှေမန်းကို ဥက္ကဋ္ဌ အဖြစ် ခန့်အပ် ထားခဲ့ပြီး။ အဖွဲ့ဝင်အများစုဟာ သူရဦးရွှေမန်းနဲ့ နီးစပ်တဲ့ ပုဂ္ဂိုလ်တွေ ဖြစ်ကြပါတယ်။



ပြည်သူ့လွှတ်တော်အဆင့် ကော််မရှင်ကနေ အခုလို ပြည်ထောင်စု အဆင့် အတည်ပြုပြဌာန်းလိုက်တာဟာ လွတ်တော် ၂ ရပ်လုံးရဲ့ ဥပဒေရေးရာ ကိစ္စရပ်တွေကို ပိုမိုထိန်းကျောင်းလာနိုင်တယ်လို့ ပြည်သူ့လွတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခိုင်မောင်ရည်က ပြောပါတယ်။

“ဒီကော်မရှင်ထဲမှာပါတဲ့သူတွေက ဆောင်ရွက်မှုတွေကို သက်ဆိုင်ရာ ၀န်ကြီးကဏ္ဍ တွေကို ခေါ်ယူပြီး ကြားနာလို့ရတဲ့ ကိစ္စတွေ ရှိတယ်ဆိုတော့ ဒီကော်မရှင်ရဲ့ ဥက္ကဋ္ဌကလည်း အရင်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဖြစ်တဲ့အတွက် ဒီကော်မရှင်ဟာ အင်အားကောင်းကောင်း ဒီလွှတ်တော်ကို ပံ့ပိုး အင်အားကောင်းကောင်းလူတွေကို တစုတဝေးထဲ စုစည်းထားတဲ့အဖွဲ့အစည်းလို့ အဲလိုပဲမြင်တယ်ဗျာ။ အဲဒီအတွက်တော့ ပိုပြီးတော့ မှ လုပ်ဆောင်မှုတွေ ဥပဒေရေးရာ ကိစ္စတွေနဲ့ လွှတ်တော်ကို ထိန်းကျောင်းနိုင်တဲ့ကိစ္စ ပိုအားကောင်းလာမယ်လို့ ကျနော်ထင်ပါတယ် ခင်ဗျ။”

ပြီးခဲ့တဲ့ ပထမအကြိမ် လွတ်တော်သက်တမ်းမှာတုန်းက ဒီကော်မရှင်ကို ပြည်သူ့ လွတ်တော်မှာ ပြဌာန်းထားပြီးတော့ အဲဒီ့ အချိန်တုန်းကတော့ ဦးရွှေမန်းရဲ့သား ဦးတိုးနိုင်မန်းနဲ့ ဥပဒေပညာရှင်အများစုက ဆောင်ရွက်ခဲ့ကြတာပါ။ သူရဦးရွှေမန်း ပြည်သူ့လွှတ်တော်ဥက္ကဌဖြစ်ချိန်တုန်းက ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်ဖြစ်သလို၊ သူရဦးရွှေမန်းစိတ်ကြိုက် ဖွဲ့စည်းထားတဲ့ ကော်မရှင်ဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့လွှတ်တော်ဥပဒေပြဌာန်းရေးကိစ္စရပ်တွေမှာလည်း ဒီကော်မရှင်ဟာ အရေးပါခဲ့ပါတယ်။ ဒါပေမဲ့လည်း အဲဒီ့အချိန်တုန်းက ပြည်သူ့လွတ်တော် မှာပဲ ဆောင်ရွက်ခဲ့တာဖြစ်ပြီး အမျိုးသားလွတ်တော်မှာတော့ သီးခြားကော်မတီဖွဲ့ပြီး လုပ်ဆောင်ခဲ့ကြတာပါ။ လက်ရှိမှာတော့ ဒီကော်မရှင်ကို ပြည်ထောင်စု လွတ်တော်မှာ အတည်ပြု ပြဌားန်လိုက်တာနဲ့ ပတ်သတ်လို့ ကော်မရှင်ရဲ့ ဒုတိယဥက္ကဋ္ဌ လည်းဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၄ က အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဒေါက်တာ ၀င်းမြတ်အေးက အခုလိုပြောပါတယ်။

“တည်ဆဲဥပဒေတွေကို လေ့လာဆန်းစစ်သုံးသပ်ပြီးတော့ ပြင်ဆင်သင့်တာ ထည့်သင့်တာ အသစ်ပြဌာန်းသင့်တာတွေကို လုပ်မှာပေါ့နော်။ ဒါပေမယ့် တခု ထူးခြားတာကတော့ သူက ပြည်ထောင်စုလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ အမျိုးသားလွှတ်တော်တို့နဲ့ မကိုင်တွယ်တဲ့ တချို့ဟာလေးတွေလည်း ဒီမှာ ပါမှာပေါ့နော်၊ အဲဒီသဘောမျိုးပေါ့။ ဒါပေမယ့် ကျနော်တို့ လုပ်မယ့်ဟာတွေကတော့ ရှင်းပါတယ်။ ဒီနိုင်ငံသူ နိုင်ငံသားအကျိုးအတွက်ပဲ လုပ်မှာပဲလေ။”

ဒီကော်မရှင်ဟာ တည်ဆဲဥပဒေတွေကို လေ့လာဆန်းစစ်သုံးသပ်ပြီးပြင်ဆင်ရေး၊ ပယ်ဖျက်ရေး အသစ်ပြဌာန်းရေးတွေကို ပြည်ထောင်စုလွတ်တော် နာယက ၊ ပြည်သူ့လွတ်တော်နဲ့ အမျိးသားလွတ်တော် ဥက္ကဌတို့ကနေတစ်ဆင့် သက်ဆိုင်ရာ လွတ်တော်တွေကို တင်ပြရမှာဖြစ်ပါတယ်။ ကော်မရှင်ရဲ့ လုပ်ငန်းဆောင်တာတွေနဲ့ ပတ်သက်လို့ ဒေါက်တာဝင်းမြတ်အေး ပြောတာက

“ပြည်ထောင်စု လွှတ်တော်မှာပဲ ဒီဟာ တစုတည်းထဲ လုပ်ထားတာက ပိုပြီးတော့ လုပ်ငန်းရွက်တဲ့နေရာမှာ ပိုပြီးတော့ ထိရောက်ဖို့လေ။ ဒါကတော့ ရှင်းရှင်းလေးပဲ ဒီရည်ရွယ်ချက်ကတော့ ပိုပြီးတော့ ထိထိရောက်ရောက်ဆောင်ရွက်နိုင်မယ်လို့ ယူဆပြီးတော့ အဲဒီလို တပေါင်းတည်းလုပ်လိုက်တာလေ။”

ပြည်ထောင်စုလွတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင်ရဲ့သက်တမ်းဟာ တစ်နှစ်သက်တမး်ဖြစ်ပြီး လုပ်ငန်းတာဝန်ဆောင်ရွက်မှု အခြေအနေအရ လိုအပ်ရင် သက်တမ်းတိုးနိုင်တာလည်း ဖြစ်ပါတယ်။ ပြည်ထောာင်စု လွတ်တော် နာယကက ကော်မရှင်ရဲ့ သက်တမ်းကာလအတွင်း အဖွဲ့ဝင်တွေကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်တယ်လို့ ဥပဒေတွေမှာ ပြဌားန်းထားပါတယ်။

ဒီကော်မရှင်ကို ပြည်ထောင်စု အဆင့်ပြဌာန်း လိုက်တာကြောင့် ပြည်သူ့ လွတ်တော်မှာ ဖွဲ့စည်းထားတဲ့ ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လော ဆန်းစစ်သုံးသပ်ရေး ကော်မရှင်ကိုတော့ မတ်လ ၁ ရက်နေ့မှာ ဖျက်သိမ်းလိုက်ပြီဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဥက္ကဋ္ဌ သူရဦးရွှေမန်း အပါအဝင် အဖွဲ့ဝင် ၃၅ ဦးနဲ့ ဒီကော်မရှင်ကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ထက်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)