မာန္ေအာင္ စမုံတဲ တိုးခ်ဲ႕ေလယာဥ္ကြင္းအတြက္ အိမ္အခ်ိဳ႕ကို ဖယ္ရွားရန္ အမိန္႕ထုတ္


နိရဥၥရာ၊ မတ္လ ၂၂

ရခိုင္ျပည္နယ္ မာန္ေအာင္ျမိဳ႕ စမံုတဲေလယာဥ္ကြင္းကို တိုးခ်ဲ႕ရန္ အတြက္ အိမ္အခ်ိဳ႕ကို ေနရာမွ ဖယ္ေပးရန္ သက္ဆိုင္ရာမွ ညႊန္ၾကားထားရာတြင္ ေတာင္းဆိုေသာ ေလ်ာ္ေၾကးေငြအား အျပည့္မရသျဖင့္ မဖယ္ရွားဘဲ ဆက္လက္ ေနထိုင္ေနေသာ မိသားစု အခ်ိဳ႕ကို မတ္လ အတြင္း ေနာက္ဆံုးထားျပီး ေရႊ႕ေျပာင္းရန္ ထပ္မံ အမိန္႕ထုတ္ထားသည္ဟု သတင္း ရရွိသည္။

၎အမိန္႕အား ေက်းရြာ အုပ္စု လယ္ယာေျမစီမံခန္႕ခြဲေရး အဖြဲ႕ ဥကၠ႒ ဦးတင္ေအာင္မွ လက္မွတ္ေရထိုး ထုတ္ျပန္သျဖင့္ ဦးတင္ေအာင္အား နိရဥၥရာက ဆက္သြယ္ ေမးျမန္းရာ သူက “ ဟုတ္ပါတယ္။ မတ္လ ၂၇ ရက္ေန႕ကို ေနာက္ဆံုးထားျပီး ေရႊ႕ေျပာင္းေပးဖို႕ အမိန္႕ထုတ္ထားပါတယ္။ အထက္က ညႊန္ၾကားခ်က္အရ ျဖစ္ပါတယ္။ အထက္က ညႊန္ၾကားခ်က္ဆိုတာ ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဆီက ညႊန္ၾကားခ်က္ ျဖစ္ပါတယ္” ဟု ေျပာသည္။

မာန္ေအာင္ျမိဳ႕ စမံုတဲ့ ေလယာဥ္ကြင္း တိုးခ်ဲ႕ရန္အတြက္ စမံုတဲေက်းရြာ အုပ္စု၊ ျမတ္မေခ်ာင္ ေက်းရြာရွိ အိမ္ ၁၁ လံုးကို ေရႊ႕ေျပာင္းရန္ သက္ဆိုင္ရာက အမိန္႕ ထုတ္ထားခဲ့သည္ဟု ဆိုသည္။



ထိုသို႕ ေရႊ႕ေျပာင္းရန္ အမိန္႕ထုတ္ရာတြင္ အိမ္ရွစ္ေဆာင္က အာဏာပိုင္မ်ားက ေပးေသာ ေလ်ာ္ေၾကးေငြမ်ားကုိ သေဘာတူ လက္ခံျပီး ေရႊ႕ေျပာင္းခဲ့ၾကေသာ္လည္း က်န္ သံုးအိမ္သံုးေဆာင္မွာ ေလ်ာ္ေၾကးေငြ ပမာဏ နည္းပါးသည္ဟု ဆိုကာ ေျပာင္းေရႊ႕ရန္ ျငင္းဆိုရာမွ အာဏာပိုင္မ်ားက ၎ေျမမ်ားမွာ လယ္ေျမမ်ား ျဖစ္သည္ဟု ဆိုကာ ထပ္မံအမိန္႕ထုတ္ျပီး ဖယ္ရွားရန္ စီစဥ္လာျခင္း ျဖစ္သည္။

ဧရိယာ (၀.၄၁) ဧက ပိုင္ရွင္ ဦးတင္ႏုက သူတုိ႕ ေျပာင္းေရႊ႕ရန္ ျငင္းဆိုျခင္းမွာ ယခင္ ေလ်ာ္ေၾကးေပးမည္ဟု ကတိကို ေဖါက္ဖ်က္ျပီး ေလ်ာ္ေၾကးကို ေလ်ာ့ ေပးရာမွ လက္ခံရန္ ျငင္းဆိုျခင္း ျဖစ္ေၾကာင္း ဦးတင္ႏုက ေျပာသည္။

“ ကၽြန္ေတာ္တို႕ေနတာက လယ္မဟုတ္ပါဘူး။ ဥယာဥ္ျခံေျမ ျဖစ္ပါတယ္။ ပံုစံ(၇) မွာလည္း ဥယာဥ္ျခံေျမလို႕ ေရထားပါတယ္။ ဘိုးေဘာင္စဥ္ ေနလာတာ ႏွစ္ေပါင္း ၁၅၀ ရွိပါျပီ။ ကၽြန္ေတာ္ျခံမွာ သံပုရာ၊ မညင္း၊ ဒညင္းပင္၊ သရက္ မာလာကာ အစံုရွိပါတယ္။ ကြမ္းသီးပင္က ၄၃၀ ရွိပါတယ္။ အုန္းပင္က ၂၂ ရွိပါတယ္။ အားလံုး အပင္စုံက ၇၃၀ ရွိပါတယ္။ အစကေတာ့ အပင္လိုက္ ေလ်ာ္မယ္ဆိုျပီး ေနာက္က်ေတာ့ စုစုေပါင္း က်ပ္သိန္း ၈၂ ေပးမယ္ဆိုျပီး ျဖစ္လာပါတယ္။ ကၽြန္ေတာ္တို႕က တန္ရာတန္ဖိုး သိန္း ၃၀၀ ေက်ာ္ေလာက္ လိုခ်င္ပါတယ္”ဟု ဦးတင္ႏုကဆိုသည္။

ပထမပိုင္းတြင္ ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးႏွင့္ အဖြဲ႕မွ သံပုရာ တစ္ပင္ ႏွစ္ေသာင္းခြဲ၊ သရက္ တစ္ပင္ ႏွစ္ေသာင္း၊ မညင္းတစ္ပင္ ေလးေသာင္းခဲြ စသျဖင့္ ေက်ာ္ေၾကးေပးမည္ ဟု ကတိျပဳခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ၎ေလ်ာ္ေၾကးေပးမည့္ အစီအစဥ္ကုိ ဖ်က္ျပီး သိန္း ၈၂ သိန္းသာ ေလ်ာ္ေတာ့မည္ဟု ေျပာဆိုေၾကာင္း သူက ဆိုသည္။

၎ျပင္ ေလ်ာ္ေၾကးရမည့္ က်ပ္ ၈၂ သိန္းမွာ အိမ္ေျမ တစ္ကြက္ကို ျပန္၀ယ္၍ေတာင္ မရပါေၾကာင္း၊ ၎ျပင္ ႏွစ္ေပါင္းရာခ်ီ စိုက္ပ်ိဳးထားေသာ ဥယာဥ္ျခံေျမရိွ သီးပင္၊ စားပင္မ်ားကိုလည္း လက္လြတ္ဆံုးရံႈးရေတာ့မည္ ျဖစ္၍ ၀င္ေငြ မရွိဘဲ ျဖစ္ေတာ့မည္ ျဖစ္ရာ က်ပ္ ၈၂ သိန္းျဖင့္ မိသားစုမ်ား ရပ္တည္ ေနထိုင္စားေသာက္ေရးမွာ လံုး၀ မျဖစ္ႏိုင္၍ တန္ရာတန္ေၾကးကို ေတာင္းဆိုရျခင္း ျဖစ္ေၾကာင္း ဦးေက်ာ္ႏုက ေျပာဆိုသည္။

အိမ္တန္ရာ တန္ဖိုးကို ရရွိလုိေသာ ဦးတင္ႏု ကုိ မတ္လ ၂၇ ရက္ေန႕ ေနာက္ဆံုး ဖယ္ေပးရန္လည္းေကာင္း၊ တစ္ျခားႏွစ္ဦးျဖစ္သည့္ ဦးျဖဴသီးခိုင္၊ ဦးတာနီ တို႕ကို မတ္လ ၂၅ ရက္ေန႕ကုိ ေနာက္ဆံုးထားျပီး အိမ္ေနရာမွ ဖယ္ရွားေပးရန္ အမိန္႕စာ ေရာက္ရွိေနသည္ဟု သိရသည္။

Arakan State
https://www.facebook.com/NarinjaraNews/

(ျဖိဳဖ်က္ရမည့္ အိမ္မ်ားႏွင့္ ႏို႕တစ္စာ)


.............................


နိရဥ္စရာ၊ မတ်လ ၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့ စမုံတဲလေယာဉ်ကွင်းကို တိုးချဲ့ရန် အတွက် အိမ်အချို့ကို နေရာမှ ဖယ်ပေးရန် သက်ဆိုင်ရာမှ ညွှန်ကြားထားရာတွင် တောင်းဆိုသော လျော်ကြေးငွေအား အပြည့်မရသဖြင့် မဖယ်ရှားဘဲ ဆက်လက် နေထိုင်နေသော မိသားစု အချို့ကို မတ်လ အတွင်း နောက်ဆုံးထားပြီး ရွှေ့ပြောင်းရန် ထပ်မံ အမိန့်ထုတ်ထားသည်ဟု သတင်း ရရှိသည်။

၎င်းအမိန့်အား ကျေးရွာ အုပ်စု လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်မှ လက်မှတ်ရေထိုး ထုတ်ပြန်သဖြင့် ဦးတင်အောင်အား နိရဥ္စရာက ဆက်သွယ် မေးမြန်းရာ သူက “ ဟုတ်ပါတယ်။ မတ်လ ၂၇ ရက်နေ့ကို နောက်ဆုံးထားပြီး ရွှေ့ပြောင်းပေးဖို့ အမိန့်ထုတ်ထားပါတယ်။ အထက်က ညွှန်ကြားချက်အရ ဖြစ်ပါတယ်။ အထက်က ညွှန်ကြားချက်ဆိုတာ မြို့နယ် အုပ်ချုပ်ရေးမှူး ဆီက ညွှန်ကြားချက် ဖြစ်ပါတယ်” ဟု ပြောသည်။

မာန်အောင်မြို့ စမုံတဲ့ လေယာဉ်ကွင်း တိုးချဲ့ရန်အတွက် စမုံတဲကျေးရွာ အုပ်စု၊ မြတ်မချောင် ကျေးရွာရှိ အိမ် ၁၁ လုံးကို ရွှေ့ပြောင်းရန် သက်ဆိုင်ရာက အမိန့် ထုတ်ထားခဲ့သည်ဟု ဆိုသည်။


ထိုသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်ရာတွင် အိမ်ရှစ်ဆောင်က အာဏာပိုင်များက ပေးသော လျော်ကြေးငွေများကို သဘောတူ လက်ခံပြီး ရွှေ့ပြောင်းခဲ့ကြသော်လည်း ကျန် သုံးအိမ်သုံးဆောင်မှာ လျော်ကြေးငွေ ပမာဏ နည်းပါးသည်ဟု ဆိုကာ ပြောင်းရွှေ့ရန် ငြင်းဆိုရာမှ အာဏာပိုင်များက ၎င်းမြေများမှာ လယ်မြေများ ဖြစ်သည်ဟု ဆိုကာ ထပ်မံအမိန့်ထုတ်ပြီး ဖယ်ရှားရန် စီစဉ်လာခြင်း ဖြစ်သည်။

ဧရိယာ (၀.၄၁) ဧက ပိုင်ရှင် ဦးတင်နုက သူတို့ ပြောင်းရွှေ့ရန် ငြင်းဆိုခြင်းမှာ ယခင် လျော်ကြေးပေးမည်ဟု ကတိကို ဖေါက်ဖျက်ပြီး လျော်ကြေးကို လျော့ ပေးရာမှ လက်ခံရန် ငြင်းဆိုခြင်း ဖြစ်ကြောင်း ဦးတင်နုက ပြောသည်။

“ ကျွန်တော်တို့နေတာက လယ်မဟုတ်ပါဘူး။ ဥယာဉ်ခြံမြေ ဖြစ်ပါတယ်။ ပုံစံ(၇) မှာလည်း ဥယာဉ်ခြံမြေလို့ ရေထားပါတယ်။ ဘိုးဘောင်စဉ် နေလာတာ နှစ်ပေါင်း ၁၅၀ ရှိပါပြီ။ ကျွန်တော်ခြံမှာ သံပုရာ၊ မညင်း၊ ဒညင်းပင်၊ သရက် မာလာကာ အစုံရှိပါတယ်။ ကွမ်းသီးပင်က ၄၃၀ ရှိပါတယ်။ အုန်းပင်က ၂၂ ရှိပါတယ်။ အားလုံး အပင်စုံက ရ၃၀ ရှိပါတယ်။ အစကတော့ အပင်လိုက် လျော်မယ်ဆိုပြီး နောက်ကျတော့ စုစုပေါင်း ကျပ်သိန်း ၈၂ ပေးမယ်ဆိုပြီး ဖြစ်လာပါတယ်။ ကျွန်တော်တို့က တန်ရာတန်ဖိုး သိန်း ၃၀၀ ကျော်လောက် လိုချင်ပါတယ်”ဟု ဦးတင်နုကဆိုသည်။

ပထမပိုင်းတွင် မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့မှ သံပုရာ တစ်ပင် နှစ်သောင်းခွဲ၊ သရက် တစ်ပင် နှစ်သောင်း၊ မညင်းတစ်ပင် လေးသောင်းခွဲ စသဖြင့် ကျော်ကြေးပေးမည် ဟု ကတိပြုခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်းလျော်ကြေးပေးမည့် အစီအစဉ်ကို ဖျက်ပြီး သိန်း ၈၂ သိန်းသာ လျော်တော့မည်ဟု ပြောဆိုကြောင်း သူက ဆိုသည်။

၎င်းပြင် လျော်ကြေးရမည့် ကျပ် ၈၂ သိန်းမှာ အိမ်မြေ တစ်ကွက်ကို ပြန်ဝယ်၍တောင် မရပါကြောင်း၊ ၎င်းပြင် နှစ်ပေါင်းရာချီ စိုက်ပျိုးထားသော ဥယာဉ်ခြံမြေရှိ သီးပင်၊ စားပင်များကိုလည်း လက်လွတ်ဆုံးရှုံးရတော့မည် ဖြစ်၍ ၀င်ငွေ မရှိဘဲ ဖြစ်တော့မည် ဖြစ်ရာ ကျပ် ၈၂ သိန်းဖြင့် မိသားစုများ ရပ်တည် နေထိုင်စားသောက်ရေးမှာ လုံးဝ မဖြစ်နိုင်၍ တန်ရာတန်ကြေးကို တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးကျော်နုက ပြောဆိုသည်။

အိမ်တန်ရာ တန်ဖိုးကို ရရှိလိုသော ဦးတင်နု ကို မတ်လ ၂၇ ရက်နေ့ နောက်ဆုံး ဖယ်ပေးရန်လည်းကောင်း၊ တစ်ခြားနှစ်ဦးဖြစ်သည့် ဦးဖြူသီးခိုင်၊ ဦးတာနီ တို့ကို မတ်လ ၂၅ ရက်နေ့ကို နောက်ဆုံးထားပြီး အိမ်နေရာမှ ဖယ်ရှားပေးရန် အမိန့်စာ ရောက်ရှိနေသည်ဟု သိရသည်။

Arakan State
https://www.facebook.com/NarinjaraNews/

(ဖြိုဖျက်ရမည့် အိမ်များနှင့် နို့တစ်စာ)

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)