မီးစက္အိပ္ေဇာ မီးပြားလြင္႕စင္ရာမွ မီးေလာင္မႈျဖစ္ပြား လူေနအိမ္ ၄ဝ ခန္႔မီးေလာင္၊ အမ်ဳိးသားတစ္ဦးေသဆံုး


ၿမိတ္ မတ္ ၂

တနသၤာရီတိုင္းေဒသႀကီး ၿမိတ္ခ႐ိုင္ ကြၽန္းစုၿမိဳ႕နယ္ ကံေမာ္နယ္ ေျမရဲစခန္း၏ အေနာက္ေျမာက္ဘက္ ေရမိုင္ ၂ဝ ခန္႔အကြာ စခန္းသစ္ ေက်းရြာအုပ္စု ေတာင္ၿပိဳေက်းရြာတြင္ မတ္ ၁ ရက္ ည ၁ဝ နာရီ မိနစ္ ၂ဝ ခန္႔က မီးေလာင္မႈျဖစ္ပြားရာ အိမ္ေျခအလုံး ၄ဝ ခန္႔ မီးေလာင္ဆံုး ႐ံႈးခဲ့ၿပီး အမ်ဳိးသားတစ္ဦး မီးေလာင္ ကြၽမ္းေသဆံုးခဲ့ေၾကာင္း ၿမိတ္ခ႐ိုင္ မီးသတ္ဦးစီးဌာန၏ အတည္ျပဳခ်က္ အရသိရသည္။

ျဖစ္စဥ္မွာ ၿမိတ္ခ႐ိုင္ ကြၽန္းစုၿမိဳ႕ နယ္ စခန္းသစ္ေက်းရြာအုပ္စု ေတာင္ၿပိဳေက်းရြာတြင္ မတ္ ၁ ရက္ ည ၁ဝ နာရီ မိနစ္၂ဝ ခန္႔က ဦးအာဇိ(၅၈)ႏွစ္ ၿမိတ္ၿမိဳ႕ေနသူပိုင္ ဆိုင္ေသာ ေနအိမ္တြင္ ေနထိုင္သည့္ ဦးစိုးစိုး(၃၆)ႏွစ္ ဥယ်ာဥ္လုပ္ ေတာင္ၿပိဳေက်းရြာေနသူသည္ မတ္ ၁ ရက္ ညေန ၆ နာရီခြဲခန္႔တြင္ ေနအိမ္ ၌ မီးအသံုးျပဳရန္အတြက္ မီးစက္ေမာင္းထားၿပီး ေနအိမ္အေပၚထပ္တြင္ TV ၾကည့္ခဲ့ရာ ည ၁ဝ နာရီ မိနစ္၂ဝ ခန္႔တြင္ မီးစက္မွ ေရပိုက္ျပဳတ္ထြက္၍ အပူလြန္ကဲကာ အိပ္ေဇာပိုက္မွ ထြက္လာေသာ မီးပြားမ်ားမွတစ္ဆင့္ မီးစက္႐ံုအမိုး (ဓနိဖက္)အား မီးေလာင္ကြၽမ္းကာ မီးစက္ေမာင္းရန္ ထားရွိေသာ ဆီပံုးအား မီးကူးစက္၍ မီးစတင္ ေလာင္ကြၽမ္းျခင္းျဖစ္ေၾကာင္း သိရသည္။

မီးေလာင္ကြၽမ္းမႈ ျဖစ္ပြားရာေနရာသို႔ စခန္းသစ္ေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္ဝင္း၊ အရန္မီးသတ္ တပ္ခြဲမွဴး ဦးခင္စိုးတို႔ ဦးေဆာင္ေသာ စခန္းသစ္ေက်းရြာ ေရကန္ေအာ္ ေက်းရြာတို႔မွ အရန္မီးသတ္တပ္ဖြဲ႕ ဝင္မ်ား စုစုေပါင္းအင္အား ၅ဝ ႏွင့္ ရြာသူ/ရြာသားမ်ား ပူးေပါင္းၿပီး အေပါ့စား မီးသတ္ေရစုပ္စက္ငါး လံုးတို႕ျဖင့္ ဝိုင္းဝန္းၿငိႇမ္းသတ္ခဲ့ရာ ည ၁၁ နာရီ ၄၅ မိနစ္ခန္႔တြင္ မီးၫြန္႔ က်ဳိးသြားခဲ့ၿပီး မတ္ ၂ ရက္ နံနက္ ဝဝ နာရီ ၂၅ မိနစ္ခန္႔တြင္ မီးၿငိမ္းသြားခဲ့ေၾကာင္း သိရသည္။

အဆိုပါ မီးေလာင္မႈေၾကာင့္ ဦးမန္လာ(၄၁)ႏွစ္ (စိတ္မႏွံသူ)မွာ မီးစတင္ ေလာင္ကြၽမ္းခဲ့သည့္ ေနအိမ္တြင္ အိပ္ေပ်ာ္ေနခဲ့ရာမွ မီးေလာင္ကြၽမ္းခံခဲ့ရသျဖင့္ ေသဆံုးသြားခဲ့ေၾကာင္းသိရၿပီး မီးေလာင္ကြၽမ္းမႈေၾကာင့္ အိမ္ေျခ ၄ဝ ခန္႔ မီး ေလာင္ကြၽမ္းခဲ့ကာ အိမ္ေထာင္စု(၅၉)စုတို႔မွ မီးေဘးသင့္အိမ္ေထာင္စုမ်ားအား ေက်းရြာရွိ မူလတန္းလြန္ေက်ာင္း၌ ယာယီကယ္ဆယ္ေရးစခန္း ဖြင့္လွစ္ကာ တာဝန္ရွိသူမ်ားက ကူညီေစာင့္ေရွာက္ေပးလ်က္ရွိေၾကာင္း သိရသည္။

ျမင့္ဦး(ၿမိတ္)
The Mirror Daily
https://www.facebook.com/TheMirrorDaily
...........


မြိတ် မတ် ၂

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကံမော်နယ် မြေရဲစခန်း၏ အနောက်မြောက်ဘက် ရေမိုင် ၂ဝ ခန့်အကွာ စခန်းသစ် ကျေးရွာအုပ်စု တောင်ပြိုကျေးရွာတွင် မတ် ၁ ရက် ည ၁ဝ နာရီ မိနစ် ၂ဝ ခန့်က မီးလောင်မှုဖြစ်ပွားရာ အိမ်ခြေအလုံး ၄ဝ ခန့် မီးလောင်ဆုံး ရှုံးခဲ့ပြီး အမျိုးသားတစ်ဦး မီးလောင် ကျွမ်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် မီးသတ်ဦးစီးဌာန၏ အတည်ပြုချက် အရသိရသည်။

ဖြစ်စဉ်မှာ မြိတ်ခရိုင် ကျွန်းစုမြို့ နယ် စခန်းသစ်ကျေးရွာအုပ်စု တောင်ပြိုကျေးရွာတွင် မတ် ၁ ရက် ည ၁ဝ နာရီ မိနစ်၂ဝ ခန့်က ဦးအာဇိ(၅၈)နှစ် မြိတ်မြို့နေသူပိုင် ဆိုင်သော နေအိမ်တွင် နေထိုင်သည့် ဦးစိုးစိုး(၃၆)နှစ် ဥယျာဉ်လုပ် တောင်ပြိုကျေးရွာနေသူသည် မတ် ၁ ရက် ညနေ ၆ နာရီခွဲခန့်တွင် နေအိမ် ၌ မီးအသုံးပြုရန်အတွက် မီးစက်မောင်းထားပြီး နေအိမ်အပေါ်ထပ်တွင် TV ကြည့်ခဲ့ရာ ည ၁ဝ နာရီ မိနစ်၂ဝ ခန့်တွင် မီးစက်မှ ရေပိုက်ပြုတ်ထွက်၍ အပူလွန်ကဲကာ အိပ်ဇောပိုက်မှ ထွက်လာသော မီးပွားများမှတစ်ဆင့် မီးစက်ရုံအမိုး (ဓနိဖက်)အား မီးလောင်ကျွမ်းကာ မီးစက်မောင်းရန် ထားရှိသော ဆီပုံးအား မီးကူးစက်၍ မီးစတင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ စခန်းသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ အရန်မီးသတ် တပ်ခွဲမှူး ဦးခင်စိုးတို့ ဦးဆောင်သော စခန်းသစ်ကျေးရွာ ရေကန်အော် ကျေးရွာတို့မှ အရန်မီးသတ်တပ်ဖွဲ့ ဝင်များ စုစုပေါင်းအင်အား ၅ဝ နှင့် ရွာသူ/ရွာသားများ ပူးပေါင်းပြီး အပေါ့စား မီးသတ်ရေစုပ်စက်ငါး လုံးတို့ဖြင့် ဝိုင်းဝန်းငြိှမ်းသတ်ခဲ့ရာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မီးညွန့် ကျိုးသွားခဲ့ပြီး မတ် ၂ ရက် နံနက် ဝဝ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးမန်လာ(၄၁)နှစ် (စိတ်မနှံသူ)မှာ မီးစတင် လောင်ကျွမ်းခဲ့သည့် နေအိမ်တွင် အိပ်ပျော်နေခဲ့ရာမှ မီးလောင်ကျွမ်းခံခဲ့ရသဖြင့် သေဆုံးသွားခဲ့ကြောင်းသိရပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၄ဝ ခန့် မီး လောင်ကျွမ်းခဲ့ကာ အိမ်ထောင်စု(၅၉)စုတို့မှ မီးဘေးသင့်အိမ်ထောင်စုများအား ကျေးရွာရှိ မူလတန်းလွန်ကျောင်း၌ ယာယီကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကာ တာဝန်ရှိသူများက ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)