လူငယ် ၀န်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် မေးမြန်းချက်


သမ္မတ အဖြစ် ရွေးကောက်ခံ ထားရသူ ဦးထင်ကျော် လက်မှတ်ထိုး အတည်ပြု ထားတဲ့ ပြည်နယ်တိုင်း လွှတ်တော် အသီးသီးမှာ အန်အယ်လ်ဒီက တင်သွင်းတဲ့ ၀န်ကြီးချုပ် အမည် စာရင်း တွေမှာ ကယားပြည်နယ် ၀န်ကြီးချုပ် အဖြစ် ရွေးခံသူ ဦးအယ်လ်ဖောင်းရှိုး ကတော့ အသက် ၃၇ နှစ်သာ ရှိတဲ့ လူငယ် ၀န်ကြီးချုပ် ဖြစ်လာမှာ ဖြစ်ပါတယ်။

ဦးအယ်လ်ဖောင်းရှိုဟာ ကယန်း / ရှမ်း လူမျိုး ဖြစ်ပြီး ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ လောပိတ ရှမ်းရွာ၊ လွိုင်ကော် မြို့နယ်မှာ အဖ ဦးသန်းသရီးရှိုနဲ့ အမိ ဒေါ်သိန်းတင် တို့က မွေးဖွား ခဲ့တာ ဖြစ်ပါတယ်။

ဦးအယ်လ်ဖေါင်းရှိုဟာ မွေးချင်း ရ ယောက် ရှိတဲ့ထဲက အငယ်ဆုံး ဖြစ်ပါတယ်။

မူလတန်းပညာကို လောပိတ ရှမ်းရွာ မူလတန်း ကျောင်းမှာ သင်ယူခဲ့ပြီး အလယ်တန်းကို မဲစဲ့မြို့နယ် အခြေခံပညာ အထက်တန်း ကျောင်းမှာ သင်ယူခဲ့ပါတယ်။ အထက်တန်း ပညာ ကိုတော့ ပဲခူးတိုင်း အမှတ် (၂) အခြေခံ ပညာ အထက်တန်းကျောင်း (တောင်ငူ)မှာ သင်ယူခဲ့ ပါတယ်။

၂၀၀၂ – ၂၀၀၃ ခုနှစ်မှာ BT.Ed ဘွဲ့ဖြင့် တက်ရောက် ခဲ့ပြီး B.Ed (ပညာရေးဘွဲ့) ကို (၂၀၀၆) ခုနှစ်တွင် ရရှိခဲ့သူ ဖြစ်ပါတယ်။

၂၀၀၁ ခုမှာတော့ မယ်စဲ့မြို့နယ်၊ မယ်စဲ့နန်ကျေးရွာမှာ မူလတန်းပြ ဆရာ အဖြစ် တာဝန် ထမ်းဆောင် ခဲ့သလို အလယ်တန်းပြနှင့် အထက်တန်းပြ (ကျောင်းဆရာ) အဖြစ် ကယား ပြည်နယ်၊ မယ်စဲ့မြို့နယ် အခြေခံ ပညာ အထက်တန်း ကျောင်းမှာ တာဝန် ထမ်းဆောင်ခဲ့ ပါတယ်။

ဒါ့အပြင် မယ်စဲ့မြို့နယ်ရှိ ပညာရေးမှူး ရုံးမှာ လက်ထောက် ပညာရေးမှူးနဲ့ ပညာရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး ၂၀၁၅ ခုနှစ် ဇွန်လ မြို့နယ် ပညာရေးမှူး အဖြစ် ကနေ နုတ်ထွက် ခဲ့ပြီး မယ်စဲ့မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ)မှာ နိုင်ငံရေး ကိစ္စရပ်များ စတင် လုပ်ဆောင် ခဲ့ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက် ပွဲမှာတော့ မယ်စဲ့မြို့နယ် ပြည်နယ် လွှတ်တော် အမှတ် (၂) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကိုယ်စားလှယ် အဖြစ် ယှဉ်ပြိုင် ခဲ့ပြီး အနိုင်ရရှိ ခဲ့တာ ဖြစ်ပါတယ်။

ကယား ၀န်ကြီးချုပ် ဖြစ်လာရင် လုပ်ဆောင်မယ့် အရာတွေနဲ့ ပတ်လို့ မေးမြန်း ထားပါတယ်။

ကယားပြည်နယ် ၀န်ကြီးချုပ် အဖြစ် ရွေးချယ်ခံရတဲ့ စာရင်းမှာ တွေ့ပါတယ်။ ဆိုတော့ အခု ၀န်ကြီးချုပ် အဖြစ် အတည်ပြု လိုက်ပြီလား။

“ကျနော်တို့ ပြည်နယ် လွှတ်တော်မှာ တင်ထား ပါတယ်။ မနက်ဖြန် အတည်ပြုမှာပါ။ ”

ဦးအယ်ဖောင်းရှိုအနေနဲ့ ကယားပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာပြီဆိုရင် ကယားပြည်နယ် အတွင်းမှာ အဓိက ဘာတွေ ဦးစားပေးတော့ လုပ်ဆောင်မှာလဲ။

“ကျနော်တို့ ပြည်နယ်က ဆင်းရဲတယ်။ ဆင်းရဲတဲ့ အကြောင်းအရင်းကတော့ ပညာတတ်တွေ အားနည်းလို့ပေါ့ဗျာ။ အဲဒါ ကျနော်တို့ ပညာရေး အခန်းကဏ္ဍကို မြင့်တင်ဖို့ ကြိုးစားသွားမှာပေါ့။ တချိန်ထဲမှာပဲ ကျနော်တို့ ရွေးကောက်ပွဲကြေညာစာတန်းမှာပါတဲ့ပါပဲ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားတွေရဲ့ အရေးကိုလည်း ကျနော်တို့ အကောင်အထည်ဖော်မှာပေါ့နော်။ ဇောင်းပေးပြီးမှ အကောင်အထည်ဖော်မယ်လို့ ကျနော်တို့ ဒါ ပြင်ဆင်ထားတယ်။ ”

လောလောဆယ် ကယားပြည်နယ်အတွင်း ရင်ဆိုင်နေရတဲ့ အဓိက ပြဿ နာတွေက ဘာတွေ ရှိလဲ။

“ရှင်းရှင်းပြောရမယ် ဆိုရင်တော့ဗျာ။ ပြဿ နာတွေတော့ အများကြီးရှိနိုင်သလို အဖြေတွေလည်း ရှိပါတယ်။ အဓိကကတော့ တိုင်းရင်းသားရင်ကြားစေ့ရေးပေ့ါ။ ကျနော်တို့ ကယားပြည်နယ်က လူမျိုး ၉ မျိုးကို အခြေံတာလေဗျာ။ balance တခုကို ကျနော်တို့က ဖန်တီးပေးရမှာပေါ့။”

အခုက ပြည်သူတွေက ရွေးကောက်တဲ့ ပထမဆုံး ကယားပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာမှာဆိုတော့ အရင်အစိုးရထက်စာရင် ဘာတွေ လုပ်နိုင်မယ်လို့ထင်လဲ။

“ရှင်းရှင်းပြောမယ်ဆိုရင် ကျနော်တို့က ပြည်သူတွေ တကယ်ယုံကြည်အားကိုးစွာနဲ့ ရွေးချယ် တင်မြောက်လိုက်တဲ့ အစိုးရဖြစ်မှာလေ။ ပြည်သူတွေရဲ့ ယုံကြည်မှုကိုတော့ ကျနော်တို့က အကောင်အထည် ဖော်ရမှာပေါ့။ အကောင်အထည်ဖော်ရမှာကတော့ များပါတယ်။ ဖော်လည်း ဖော်ဖို့ကို စိုင်းပြင်ထားပြီးသားပါ။ စာရွက်တွေပေါ်မှာ ချရေးဖို့ ရယ်ဒီပါပဲ။ ”

ဦးအယ်လ်ဖောင်ရှိုအနေနဲ့ ရ၉ ခုမှာမွေးဖွားတဲ့အတွက် လူငယ်ထဲမှာလို့ ပြောလိုရတာပေါ့နော်။ ဒါကြောင့် လူငယ်တွေကို ဘာတွေ တိုက်တွန်းပြောဆိုချင်တာမျိုးတွေရှိမလဲ။

“ကျနော်တို့ ကယားပြည်နယ်မှာရှိနေတဲ့ လူငယ်လေးတွေက တီထွင်ဆန်းသစ်မှုကို လိုလားနေ ကြတယ်။ ဒါပေမယ့် သူတို့ လုပ်ပိုင်ခွင့်တွေမရှိသေးဘူးပေါ့နော်။ သူတို့ ဘဝလေးတွေ။ အတော့ ကျနော်တို့ တက်လာရင် ကျနော်တို့ လုပ်ပေးသွားနိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။ လုပ်လည်းလုပ်ပေးဖို့ ပြင်ထားပါတယ်။ ”

တခြားဖြည့်စွက်ပြောချင်တာ ဘာရှိဦးမလဲ။

“ကျနော် ဖြည့်စွက်ပြောချင်တာကတော့ ကယားပြည်နယ်ရဲ့ တိုးတက်ဖို့အရေးကို ကျနော် ပြည်သူတွေနဲ့ တသားထဲ တိုးတက်အောင် ဖော်ဆောင်သွားမယ်လို့ စိတ်ထဲမှာ သံဓိဌာန် ချထား ပါတယ်။ ပြည်သူတွေလည်း ကျေနပ်မယ်လို့ကျနော် ယုံကြည် ပါတယ်။ ကျနော် ကြိုးစား သွားမှာပါ။ ”

ဒီဗွီဘီ by နော်နိုရင်း

Originally published at - http://burmese.dvb.no/archives/141518


.......................................


သမၼတ အျဖစ္ ေရြးေကာက္ခံ ထားရသူ ဦးထင္ေက်ာ္ လက္မွတ္ထိုး အတည္ျပဳ ထားတဲ့ ျပည္နယ္တိုင္း လႊတ္ေတာ္ အသီးသီးမွာ အန္အယ္လ္ဒီက တင္သြင္းတဲ့ ၀န္ႀကီးခ်ဳပ္ အမည္ စာရင္း ေတြမွာ ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ အျဖစ္ ေရြးခံသူ ဦးအယ္လ္ေဖာင္း႐ႈိး ကေတာ့ အသက္ ၃၇ ႏွစ္သာ ရွိတဲ့ လူငယ္ ၀န္ႀကီးခ်ဳပ္ ျဖစ္လာမွာ ျဖစ္ပါတယ္။

ဦးအယ္လ္ေဖာင္း႐ႈိဟာ ကယန္း / ရွမ္း လူမ်ိဳး ျဖစ္ၿပီး ၁၉၇၉ ခုႏွစ္ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔မွာ ေလာပိတ ရွမ္းရြာ၊ လိြဳင္ေကာ္ ၿမိဳ႕နယ္မွာ အဖ ဦးသန္းသရီး႐ႈိနဲ႔ အမိ ေဒၚသိန္းတင္ တို႔က ေမြးဖြား ခဲ့တာ ျဖစ္ပါတယ္။

ဦးအယ္လ္ေဖါင္း႐ႈိဟာ ေမြးခ်င္း ၇ ေယာက္ ရွိတဲ့ထဲက အငယ္ဆံုး ျဖစ္ပါတယ္။

မူလတန္းပညာကုိ ေလာပိတ ရွမ္းရြာ မူလတန္း ေက်ာင္းမွာ သင္ယူခဲ့ၿပီး အလယ္တန္းကုိ မဲစဲ့ၿမိဳ႕နယ္ အေျခခံပညာ အထက္တန္း ေက်ာင္းမွာ သင္ယူခဲ့ပါတယ္။ အထက္တန္း ပညာ ကုိေတာ့ ပဲခူးတိုင္း အမွတ္ (၂) အေျခခံ ပညာ အထက္တန္းေက်ာင္း (ေတာင္ငူ)မွာ သင္ယူခဲ့ ပါတယ္။

၂၀၀၂ – ၂၀၀၃ ခုႏွစ္မွာ BT.Ed ဘြဲ႔ျဖင့္ တက္ေရာက္ ခဲ့ၿပီး B.Ed (ပညာေရးဘြဲ႔) ကို (၂၀၀၆) ခုႏွစ္တြင္ ရရွိခဲ့သူ ျဖစ္ပါတယ္။

၂၀၀၁ ခုမွာေတာ့ မယ္စဲ့ၿမိဳ႕နယ္၊ မယ္စဲ့နန္ေက်းရြာမွာ မူလတန္းျပ ဆရာ အျဖစ္ တာဝန္ ထမ္းေဆာင္ ခဲ့သလုိ အလယ္တန္းျပႏွင့္ အထက္တန္းျပ (ေက်ာင္းဆရာ) အျဖစ္ ကယား ျပည္နယ္၊ မယ္စဲ့ၿမိဳ႕နယ္ အေျခခံ ပညာ အထက္တန္း ေက်ာင္းမွာ တာ၀န္ ထမ္းေဆာင္ခဲ့ ပါတယ္။

ဒါ့အျပင္ မယ္စဲ့ၿမိဳ႕နယ္ရိွ ပညာေရးမႉး ရံုးမွာ လက္ေထာက္ ပညာေရးမႉးနဲ႔ ပညာေရးမႉး အျဖစ္ တာ၀န္ ထမ္းေဆာင္ခဲ့ၿပီး ၂၀၁၅ ခုႏွစ္ ဇြန္လ ၿမိဳ႕နယ္ ပညာေရးမႉး အျဖစ္ ကေန ႏုတ္ထြက္ ခဲ့ၿပီး မယ္စဲ့ၿမိဳ႕နယ္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ (အန္အယ္လ္ဒီ)မွာ ႏိုင္ငံေရး ကိစၥရပ္မ်ား စတင္ လုပ္ေဆာင္ ခဲ့ပါတယ္။

၂၀၁၅ အေထြေထြ ေရြးေကာက္ ပြဲမွာေတာ့ မယ္စဲ့ၿမိဳ႕နယ္ ျပည္နယ္ လႊတ္ေတာ္ အမွတ္ (၂) တြင္ အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႔ခ်ဳပ္ ကိုယ္စားလွယ္ အျဖစ္ ယွဥ္ၿပိဳင္ ခဲ့ၿပီး အႏိုင္ရရွိ ခဲ့တာ ျဖစ္ပါတယ္။

ကယား ၀န္ႀကီးခ်ဳပ္ ျဖစ္လာရင္ လုပ္ေဆာင္မယ့္ အရာေတြနဲ႔ ပတ္လုိ႔ ေမးျမန္း ထားပါတယ္။

ကယားျပည္နယ္ ၀န္ႀကီးခ်ဳပ္ အျဖစ္ ေရြးခ်ယ္ခံရတဲ့ စာရင္းမွာ ေတြ႔ပါတယ္။ ဆုိေတာ့ အခု ၀န္ႀကီးခ်ဳပ္ အျဖစ္ အတည္ျပဳ လုိက္ၿပီလား။

“က်ေနာ္တုိ႔ ျပည္နယ္ လႊတ္ေတာ္မွာ တင္ထား ပါတယ္။ မနက္ျဖန္ အတည္ျပဳမွာပါ။ ”

ဦးအယ္ေဖာင္း႐ႈိအေနနဲ႔ ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ ျဖစ္လာၿပီဆုိရင္ ကယားျပည္နယ္ အတြင္းမွာ အဓိက ဘာေတြ ဦးစားေပးေတာ့ လုပ္ေဆာင္မွာလဲ။

“က်ေနာ္တုိ႔ ျပည္နယ္က ဆင္းရဲတယ္။ ဆင္းရဲတဲ့ အေၾကာင္းအရင္းကေတာ့ ပညာတတ္ေတြ အားနည္းလုိ႔ေပါ့ဗ်ာ။ အဲဒါ က်ေနာ္တုိ႔ ပညာေရး အခန္းက႑ကုိ ျမင့္တင္ဖုိ႔ ႀကိဳးစားသြားမွာေပါ့။ တခ်ိန္ထဲမွာပဲ က်ေနာ္တုိ႔ ေရြးေကာက္ပြဲေၾကညာစာတန္းမွာပါတဲ့ပါပဲ ျပည္တြင္းၿငိမ္းခ်မ္းေရးနဲ႔ တုိင္းရင္းသားေတြရဲ့ အေရးကုိလည္း က်ေနာ္တုိ႔ အေကာင္အထည္ေဖာ္မွာေပါ့ေနာ္။ ေဇာင္းေပးၿပီးမွ အေကာင္အထည္ေဖာ္မယ္လုိ႔ က်ေနာ္တုိ႔ ဒါ ျပင္ဆင္ထားတယ္။ ”

ေလာေလာဆယ္ ကယားျပည္နယ္အတြင္း ရင္ဆုိင္ေနရတဲ့ အဓိက ျပႆ နာေတြက ဘာေတြ ရွိလဲ။

“ရွင္းရွင္းေျပာရမယ္ ဆိုရင္ေတာ့ဗ်ာ။ ျပႆ နာေတြေတာ့ အမ်ားႀကီးရွိႏုိင္သလုိ အေျဖေတြလည္း ရွိပါတယ္။ အဓိကကေတာ့ တုိင္းရင္းသားရင္ၾကားေစ့ေရးေပ့ါ။ က်ေနာ္တုိ႔ ကယားျပည္နယ္က လူမ်ဳိး ၉ မ်ဳိးကုိ အေျခံတာေလဗ်ာ။ balance တခုကုိ က်ေနာ္တုိ႔က ဖန္တီးေပးရမွာေပါ့။”

အခုက ျပည္သူေတြက ေရြးေကာက္တဲ့ ပထမဆုံး ကယားျပည္နယ္၀န္ႀကီးခ်ဳပ္ျဖစ္လာမွာဆုိေတာ့ အရင္အစုိးရထက္စာရင္ ဘာေတြ လုပ္ႏုိင္မယ္လုိ႔ထင္လဲ။

“ရွင္းရွင္းေျပာမယ္ဆုိရင္ က်ေနာ္တုိ႔က ျပည္သူေတြ တကယ္ယုံၾကည္အားကုိးစြာနဲ႔ ေရြးခ်ယ္ တင္ေျမာက္လိုက္တဲ့ အစုိးရျဖစ္မွာေလ။ ျပည္သူေတြရဲ႕ ယုံၾကည္မႈကုိေတာ့ က်ေနာ္တုိ႔က အေကာင္အထည္ ေဖာ္ရမွာေပါ့။ အေကာင္အထည္ေဖာ္ရမွာကေတာ့ မ်ားပါတယ္။ ေဖာ္လည္း ေဖာ္ဖုိ႔ကုိ စုိင္းျပင္ထားၿပီးသားပါ။ စာရြက္ေတြေပၚမွာ ခ်ေရးဖုိ႔ ရယ္ဒီပါပဲ။ ”

ဦးအယ္လ္ေဖာင္႐ႈိအေနနဲ႔ ၇၉ ခုမွာေမြးဖြားတဲ့အတြက္ လူငယ္ထဲမွာလုိ႔ ေျပာလုိရတာေပါ့ေနာ္။ ဒါေၾကာင့္ လူငယ္ေတြကုိ ဘာေတြ တုိက္တြန္းေျပာဆုိခ်င္တာမ်ဳိးေတြရွိမလဲ။

“က်ေနာ္တုိ႔ ကယားျပည္နယ္မွာရွိေနတဲ့ လူငယ္ေလးေတြက တီထြင္ဆန္းသစ္မႈကုိ လုိလားေန ၾကတယ္။ ဒါေပမယ့္ သူတုိ႔ လုပ္ပုိင္ခြင့္ေတြမရွိေသးဘူးေပါ့ေနာ္။ သူတုိ႔ ဘ၀ေလးေတြ။ အေတာ့ က်ေနာ္တုိ႔ တက္လာရင္ က်ေနာ္တုိ႔ လုပ္ေပးသြားႏုိင္လိမ့္မယ္လုိ႔ က်ေနာ္ယုံၾကည္ပါတယ္။ လုပ္လည္းလုပ္ေပးဖုိ႔ ျပင္ထားပါတယ္။ ”

တျခားျဖည့္စြက္ေျပာခ်င္တာ ဘာရွိဦးမလဲ။

“က်ေနာ္ ျဖည့္စြက္ေျပာခ်င္တာကေတာ့ ကယားျပည္နယ္ရဲ့ တုိးတက္ဖုိ႔အေရးကုိ က်ေနာ္ ျပည္သူေတြနဲ႔ တသားထဲ တုိးတက္ေအာင္ ေဖာ္ေဆာင္သြားမယ္လုိ႔ စိတ္ထဲမွာ သံဓိဌာန္ ခ်ထား ပါတယ္။ ျပည္သူေတြလည္း ေက်နပ္မယ္လုိ႔က်ေနာ္ ယုံၾကည္ ပါတယ္။ က်ေနာ္ ႀကိဳးစား သြားမွာပါ။ ”

ဒီဗြီဘီ by ေနာ္ႏိုရင္း

Originally published at - http://burmese.dvb.no/archives/141518


Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)